စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Monday, August 17, 2015

ရေဘေးအတွက် ပလန်လိုနေသော မြန်မာများ





          ကျွန်တော်တို့မြန်မာများသည် အလုပ်တော်တော်များများတွင် ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်စီမံမှု အလွန်နည်းကြသည်။ သဘာဝဘေးအန္တရာယ်များအပါအ၀င် ပညာရေး၊ နိုင်ငံရေး လို ပြည်သူတစ် ရပ်လုံးအင်တိုက်အားတိုက်လုပ်ဆောင်ရမည့်နေရာမျိုးမှာ လုပ်ဆောင်ကြသူတွေများပါလျက် ပလန်တွေလိုနေ သောကြောင့် ထင်သလောက်ခရီမပေါက်ပဲဖြစ်နေကြပါတယ်။
          ယနေ့တွေ့ကြုံနေကြရတဲ့ သဘာဝဘေးအန္တရာယ်သင့်သူများကို ကူညီကြတဲ့နေရာမှာ မြန်မာနိုင်ငံ သားမှန်သမျှ ကိုယ်တတ်နိုင်ရာကို မလှူဖူးတဲ့သူမရှိသလောက်ဖြစ်နေပါပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့တွက် ကြည့်ရင် သန်းပေါင်းများစွာပါပဲ၊ သို့သော် လူသားသန်းပေါင်းများစွာရဲ့ လှူဒါန်းမှုဟာ လူသားသိန်းဂဏန်း လောက်ထံ လူတန်းစေ့အောင် မကူညီနိုင်ကြတဲ့အခြေအနေဖြစ်နေပါတယ်။ ရတဲ့နေရာက ပိုလျှံနေအောင်ရပြီး မရတဲ့နေရာက လုံးဝအရှင်းကိုမရဖြစ်နေကြပါတယ်။
          ဒါဟာဘာကြောင့်လဲလို့ တွေးကြည့်လိုက်တဲ့အခါ ကျွန်တော်အပါအ၀င်ယနေ့ကူညီရေးလုပ်နေတဲ့ အဖွဲ့ အစည်းများဟာ လုံလောက်တဲ့ပလန်တွေမရှိကြလို့ပါပဲ။ ပလန်ဆိုတဲ့နေရာမှာ အသင်းအဖွဲ့ တစ်ခုတည်းရဲ့ ပလန်ကို ဆိုလိုခြင်းမျိုးမဟုတ်ပါဘူး။ အဖွဲ့သားအားလုံးလုပ်ဆောင်သင့်တဲ့ ပလန်တွေ ကိုပြောတာပါ။
          ဥပမာ ရေဘေးသင့်တဲ့ကျေးရွာပေါင်းဘယ်လောက်ရှိသလဲ၊ ရေဘေးသင့်ပြည်သူ ဘယ်လောက်ရှိသလဲ ရေဘေးကူညီရေးအဖွဲ့အစည်းတွေဘယ်လောက်ရှိသလဲ၊ အသင်းအဖွဲ့တွေရဲ့ အကြမ်းဖျင်းလူဦးရေဘယ် လောက်ရှိနိုင်လဲ ။ ဘယ်အဖွဲ့တွေက ဘယ်နေရာသွားသင့်ပြီး ဘာတွေလို အပ်သလဲဆိုတဲ့ နည်းစနစ်ကျတဲ့ ပလန် မျိုးကိုပြောတာပါ။ ဒီပလန်တွေက ဖြစ်မှ ရေးဆွဲရမဲ့ပလန်တွေ မဟုတ်ဘဲမဖြစ်ခင်က ရေးဆွဲသင့်တဲ့ ပလန်တွေ ဖြစ်ပါတယ်။
          နေရာတိုင်းအတွက် ပလန်တွေလိုပ်အပ်ပေမဲ့၊ ဒီနေရာမှာတော့ ရေဘေးနဲ့ပတ်သက် တဲ့ဖြစ်သင့်တာ လေးတင်ပြပါရစေ။ ဆရာလုပ်တာမဟုတ်ပါဘူး။ ယနေ့အချိန်ထိ ကူညီသူမဲ့နေတဲ့ကျေး ရွာပေါင်းများစွာအတွက် ၀မ်းနည်းမိလို့တင်ပြတာပါ။

လိုအပ်သည့်အချက်အလက်များ

Tuesday, August 11, 2015

မငိုပါနဲ့ ညီမလေး




မငိုပါနဲ့ညီမလေး
တစ်နေ့ကျရင်ရေတွေကျသွားမှာပါ
မငိုပါနဲ့ညီမလေး
တစ်နေ့ကျရင် ကျောင်းပြန်တက်ရမှာပါ
မငိုပါနဲ့ညီမလေး
ကူညီသူတွေရောက်လာမှာပါ
မငိုပါနဲ့ညီမလေး
ဘ၀ဆိုတာ အခါးပြီးရင်ချိုမြစမြဲပါ
ဆုံးရှုံးရတာတွေများနေပေမယ့်
ကြိုးစားခွင့်ရှိတယ်ညီမလေး
မငိုပါနဲ့ညီမလေး
အသက်မသေမခြင်းဘ၀ဆိုတာ
သေရိုးထုံးစံမရှိဘူး
မငိုပါနဲ့ညီမလေး
အားတင်းထား
ကမ်းလင့်တဲ့လက်တွေအများကြီးပါ။
ညီမလေးက
ဘ၀ကိုအစကပြန်
ကြိုးစားပြလိုက်ရုံပဲ။
ပီတိ(ပေကြီး)
၈.၈.၂၀၁၅
သမ္ဗာန်တင်ရွာအားကူည်ီရေးပစ္စည်းများ သွားပို့ရင်း သမ္ဗာန်ပေါ်တွင်ရေးသည်။

စာပေချစ်သူများအဖွဲ့ရေဘေးအလှူ










ကျွန်တော်တို့ရေးဘေးအလှူမှပြန်လည်ထွက်ခွာလာပါပြီ

မကွေးတိုင်း၊ ကျောင်းတော်ရာ စခန်းမှ သမ္ဗာန်တင်ကျေးရွာဟာ ရွာပေါင်း၁၃ ရွာကျော်ဖြတ်စက်လှေဖြင့်ခုတ်မောင်းပြီးသွားရင် ၂နာရီနီးပါးစီးမှ ရောက်တာကြောင့် အတော်အသင့်ကူညီရေးသမားတွေမရောက်ကြပါဘူး။

ဒီလိုခက်ခဲတဲ့နေရာမျိုးကို စာပေချစ်သူများအဖွဲ့ စာပေနှင့်ပရဟိတ ကွန်ယက်မှ သွားရောက်ခဲ့ကြပါတယ်။ ခက်ခဲပေမယ့် ခက်ခဲရကျိုးနပ်ကြပါတယ်။
၈.၈.၂၀၁၅ ကျောင်းတော်ရာ ငါးကျွေးဆိပ်မှထွက်တယ်ဆိုရင်ပဲ လော်စပီကားများဖြင့် မေတ္တာသုတ်ပရိတ်တွေရွတ်ကြရင်း ရေလမ်းခရီးကိုစတင်ထွက်ခွာခဲ့ကြပါတယ်။
စက်လှေစီးနေစဉ်မပျင်းရလေအောင် ရေဘေးသင့်ပြည်သူများအတွက်ရည်ရွယ်ပြီး ကဗျာတွေကို ရေးခဲ့ကြရွတ်ခဲ့ကြပါတယ်။

သမ္ဗာန်တင်ရွာကို ရောက်တယ်ဆိုရင်ပဲ ရွာသားများက လှေကိုယ်စီနဲ့လှိုက်လှဲပျူငှါစွာကြိုဆိုနေကြပါတယ်။
ရေတွေက ကျနေပြီဆိုပေမယ့် မေးစေ့ အထိနက်ပါသေးတယ်။
ရပ်ရွာအတွင်းမှာ အိမ်ခြေ ၁၂၀ ခန့်ရှိတယ်လို့သိရပြီး လူဦးရေ ၆၀၀ခန့်ရှိကြောင်းလည်းသိခဲ့ရပါတယ်၊ ဒါပေမယ့်လက်ရှိရွာမှာ ရှိသူက ၃၀၀ မျှပဲဖြစ်ပါတယ်။ ကျန်၃၀၀ က ကျွဲနွားတိရစ္ဆာန်များနဲ့အတူ နီးစပ်ရာ ဒုက္ခသည် စခန်းတွေကိုရောရှိနေကြပြီိး ရေကျမှပြန်လာကြမယ်လို့ပြောပါတယ်။
သမ္ဗာန်တင်ကျေးရွာမှာ ရေးကြီးမှုကြောင့် လူအသေအပြောက်မရှိခဲ့သော်လည်း နွားခြောက်ကောင်ခန့် မျှောပါသေဆုံးသွားကြောင်းရွာခံများက ပြောပြပါတယ်။
ကျနော်တို့ရွာကို တိုက်ရိုက်လာတာဆိုလို့ နှစ်ဖွဲ့ပဲရှိသေးတယ်၊ ဆရာတို့ စာပေချစ်သူများအဖွဲ့နဲ့ ဒီရွာဇာတိ ရန်ကုန်ရောက်မိသားစု တစ်စုနဲ့အဖွဲ့ပါ။

ကျန်တာတွေက လမ်းကြုံမှဝင်လှူတာမျိုးလောက်ပဲလို့လည်းပြောပြကြပါတယ်။
ကျွန်တော်တို့စာပေချစ်သူများအဖွဲ့ဟာ ရောက်ရောက်ခြင်းဆိုသလိုပဲ ပါလာသမျှသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းအချို့ကို သမ္ဗာန်တင်ရွာဦးကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်းအဖြစ်ဆက်ကပ် ငါးပါးသီလများဆောက်တည် ကြပါတယ်။
ရွာသူရွာသားများက ခက်ရာခဲစစ်ရေပေါ်မှာဖြစ်သလို ချက်ထားတဲ့ ထမင်းများနဲ့ကျွန်တော်တို့်အဖွဲ့ကို ဧည့်ခံပါတယ်၊ စိတ်မကောင်းလို့ ကျွန်တော်ကတော့မစားခဲ့ပါဘူး၊ ဒီနေ့အတွက် မုန့်များကိုသာ စားနေခဲ့ပါတယ်။

အဲဒီနောက်မှာ ရွာသူရွာသားများရဲ့လက်ထဲကို ရေသန့်ဗူး ကတ်များ တစ်အိမ် ၂ကတ်နှူံး ကိုယ်တိုင်ပေးဝေခဲ့ကြပြီး အခြားသော ဆန် ဆီ ဆေး ဆား ဓား ပေါက်ပြား
ဂေါ်ရှိတဲ့ အရေအတွက်များစွာသော ပစ္စည်းများကို ရွာရှိအုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်ခေါင်းများထံအပ်ခဲ့ရပါတယ်၊ ရွာကလူတွေအချိုးကျ ဝေပေးနေတာကို ကျွန်တော်တို့အပြန် ရွာဝင်ပေါက်မှ တွေ့လိုက်ရပါတယ်။

ပစ္စည်းအားလုံးအချိုးကျ တစ်အိမ်ဝင်ထွက်လှူချက်ပေမယ့်၊ စက်လှေကြီးက ရွာထဲဝင်မရတာကတစ်ကြောင်း အချိန်ကိုငဲ့ညှာရတာက တစ်ကြောင်းမို့ လွဲပေးခဲ့ရတာပါ။ လွှဲပေးခဲ့တယ်ဆိုပေမယ့် အခြားသော ကယ်ဆယ်ရေးစခန်းမှာမျိုလို ပေါပေါလောလော နေရာမျိုးမဟုတ်ဘဲ၊ ရပ်မိရပ်ဖနဲ့ ရွာသူရွာသားများ ရှေ့မှာပေးခဲ့ကြတာပါ။ ရွာရှိသူနာပြုမဆရာမကိုလည်း အိင်္ဂလိပ်ဆေးဝါး တွေအကြောင်း ရှင်းပြပြီးလွဲအပ်ပေးခဲ့ပါတယ်။

အားလုံးလွဲအပ်ပြီးတဲ့နောက် ဆရာပေါ်ထွန်း (ကျောက်မီး) ဆရာပီတိ(ပေကြီး) ၊ ဆရာဇွဲမာန်(အင်းဝ) ဆရာလင်းခန့်တို့က ရေဘေးသင့်ပြည်သူ များအတွက်ရေးဖွဲ့ထားသော ကဗျာများကို ရွာသူရွာသားအပေါင်းအား ရွတ်ဆိုပြခဲ့ကြရာမှာ
အားလုံးက သဘောကျနှစ်ခြုက်နေကြပါတယ်။

ကဗျာများရွတ်ပြီးတာနဲ့ ရွာသူရွာသားများကိုနှုတ်ဆက်ခဲ့ကြပြီး မေတ္တာသုတ်ကိုရွတ်ခါ စက်လှေ သမ္ဗာန်လေးကိုစီးလို့ပြန်လာခဲ့ကြပါတယ်။ခု စက်လှေပေါ်ကနေ ဒီပို့စ်လေးရေးတင်လိုက်တာပါ။
ခု ကျွန်တော်တို့အားလုံးပျော်နေကြတယ်လေ။
ပီတိ(ပေကြီး)
၈.၈.၂၀၁၅ ညနေ ၅း၃၅

Sunday, July 19, 2015

ညီမလေးအိမ်ထောင်ပြုသင့်တဲ့အရွယ်




ညီမလေးရေ…
          လူတွေရဲ့ဘ၀မှာ အရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့ အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီးတော့ အိမ်ထောင်ဘယ်အချိန်မှာပြုသင့်သလဲဆိုတာကို ညီမလေးအတွက်ပြောပြပေးချင်တယ်။
          အများအားဖြင့် ခုခေတ် မိန်းကလေးတော်တော်များများက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြု လာကြတယ်များတယ်ညီမလေး။ ဒီလိုအသက်ငယ်ငယ်နဲ့အိမ်ထောင်ပြုတာဟာ ဘ၀ရဲ့
၁၉ဇူလိုင် ကမ္ဘာမကျေနိုင်

မသူတော်တွေကြီးစိုးတဲ့နေ့
သူတော်တွေသွေးအိုင်ထဲမှာ
ဒိုင်း ဒိုင် ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း
သေနတ်သံအဆုံး

၁၉ ဇူလိုင် ကုသိုလ်လှိုင်

မည်သို့ပင်ဆိုစေကာမူ
အာဇာနည်ရည်မှန်း
ကုသိုလ်လမ်းတော့ခင်းသင့်တယ်။

Thursday, December 18, 2014

စစ်တပ်ထံမြှုပ်နှံလိုက်ရသည့်အနာဂတ်များ

စစ်တပ်ထံမြှုပ်နှံလိုက်ရသည့်အနာဂတ်များ







ကန့်ဘလူမြေပြသနာ
ဟုတ်တယ် အဲဒီမှာကျွန်တော့်ရွာကပေကြီး
ပါသွားတဲ့မြေကြီးကဧက၁၃၀၀၀ကျော်
ဘ၀တွေနံစော်ခဲ့တယ်။


ပထမအချီသိမ်းခံရတော့ ကျွန်တော်မသိ
၁၉၉၉ခုနှစ်ဒုတိယအချီသိမ်းခံရတော့
လူ့ဘ၀မှာကျွန်တော်သိတတ်စအရွယ်
အမေနဲ့အဖေမျက်ရည်တွေဖလှယ်ခဲ့ကြ
ရွာကလူတွေထောင်ကျသူကျ
အမှောင်ကျသူကျ ဖရိုဖရဲ

Thursday, November 20, 2014

တက္ကသိုလ်ကျောင်းသူ ချစ်ညီမလေးသို့ (အနိုင်ရမဲ့ အရှုံး)




ညီမလေး
          ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့ဟာ နည်းပညာတက္ကသိုလ်ကျောင်းသားစုတစ်ရပ်လုံးရဲ့ သမိုင်းဝင်နေ့  တစ်နည်းအားဖြင့်ပြောရရင် ၀မ်းနည်းကြေကွဲဖွယ်ရာနေ့လို့ ဆိုရမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ နေ့ကထွက်တဲ့ နည်းပညာတက္ကသိုလ်များရဲ့ အောင်ဂေဇက်ဟာ ကျရှုံးခန်းတွေနဲ့ ရေးဖွဲ့ထားလို့ပါပဲ။ တစ်နည်း အားဖြင့်ဆိုရင် မျက်ရည်စမ်းများကို တည်ဆောက်ထားလို့ပေါ့။

          ၂၀၁၄ရဲ့ အောင်ဂေဇက်ဟာ သိသိသာသာ ကျဆင်းသွားတယ်။ အဲဒီကျဆင်းသွားတဲ့ဂေဇက်စာရင်းမှာ ကိုယ့်ညီမလေးပါ ပါလာတော့ ကိုယ်လည်း များစွာ ၀မ်းနည်းမိတယ်ညီမလေး။ စာမေးပွဲကျလို့

Friday, July 18, 2014

ကန့်ဘလူမြို့နယ်က ကြေကွဲပုံရိပ်များ

တင် မျိုး's photo.
မူလ တောင် သူ ၁၈ ဦး တပြိုင် တည်း အမိန့်ချ
••••••••••••••••••••••••••••••••••••••••••••••••••
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ
မြို့နယ် ဌက်ပျောတိုင်းအုပ်စု/ရွာ ဒေသတ၀ိုက်
တပ်သိမ်းယာမြေ ရရှိရေး ထွန်တုံးတိုက်ပွဲဝင်ကြိုး
ပမ်းခဲ့ကြချိန် သီးစားစိုက် တောင် သူများက သီး
နှံဖျက်စီးမှုဖြင့် တရားစွဲဆိုကြရာ တရားစွဲခံ တောင်
သူများ ဆင့်ခေါ်ထားသည့်

17.7.2014 နေ့ ။ နံနက် ၉ နာရီ ၃၀ မိနှစ်

18.7.2014 အာဇာနည်နေ့အကြို ကန့်ဘလူမြို့နယ်အမှောင်ကျခြင်း


18.7.2014 ဒီနေ့ဟာ အာဇာနည်အကြိုနေ့ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းက ပေကြီး၊ ခအုံးတာ၊ ဘုတ်ကုန်း၊ ငှက်ပျောတိုင်း ထောက်ရှာအိုင်က တောင်သူ သူရဲကောင်းများလည်း ဒီနေ့ အာဇာနည် နေ့ အကြိုအဖြစ် ဂုဏ်ပြုခံလိုက်ရပါတယ်။
ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ 1999ခုနှစ်က သိမ်းဆည်းခံထားရတဲ့ ၄င်းကျေးရွာတောင် သူများ ဖိုးဖွားမိဘများလက်ထက်ကတည်းကလုပ်ဆောင်လာသောလယ်ယာမြေ များကို စစ်တပ်မှ

Thursday, July 17, 2014

မိန်းကလေးများဘ၀ကို လောင်းကြေးထပ်ခံရခြင်း




          ညီမလေးရေ…
          ဒီတစ်ခါကိုပြောချင်တာကတော့ ညီမလေးတို့ကံကောင်းတယ်ဆိုတာပါပဲ။ တကယ်တကယ် ညီမလေး တို့ကံကောင်းတယ်။
ဘာကြောင့်ကံကောင်းတယ်လို့ အထပ်ထပ်ပြောနေရတာလဲဆိုရင် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအတွင်းမှာ လူဖြစ်နေရလို့ပါပဲ။ ဒီနိုင်ငံအတွင်းမှာ လူဖြစ်ရုံနဲ့ကံကောင်းရတော့မလား ဘာဆိုင်လို့လဲ မမေးချင်ဘူးလား။
ဟုတ်တယ် ဒီနိုင်ငံရဲ့အတွင်းမှာညီမလေးတို့လူဖြစ်လာတာနဲ့တင်

ကန့်ဘလူမြို့နယ်၊ ပေကြီးရွာ၊ ထောက်ရှာအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထောင်နှစ်နှစ်ကျ

ကန့်ဘလူမြို့နယ်၊ ပေကြီးရွာ၊ ထောက်ရှာအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးများ    ထောင်နှစ်နှစ်ကျ


  စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာ၊ ထောက်ရှာအိုင်ကျေးရွာများတွင်  သိမ်းဆည်းမြေပြန်ရရေး  ထွန်တုံးတိုက်ပွဲများ ၅ ပိုင်းနှင့် ၆ လပိုင်းအတွင်း ကျင်းပခဲ့ရာ။
စစ်တပ်မှ  ရာခိုင်းနှုန်း အနည်းငယ်သာပြန်ပေးမည်ဖြစ်ကြောင်း ပြန်ပေးမြေများအားလည်း မူလပိုင်ရှင်လက်ထဲ သို့ မအပ်ပဲ မဲစနစ်ဖြစ် မဲပေါက်သူသာပေးမည်ဖြစ်ကြောင်း ပြောရာ
တောင်သူများက လက်မခံပဲ မူလပိုင်ရှင်မြေကို မူလပိုင်ရှင်ကသာပြန်လိုချင်ကြောင်း

Tuesday, July 8, 2014

ပညာရေးစို့ပိတ်ခံရခြင်း


ပလက်ဖောင်းပေါ်မှာပွင့်တဲ့
ပန်းကလေးများကိုကြည့်ပြီး
ကြည်နူးလို့မဆုံးခင်
ကျီးတစ်သိုက်ဝင်အုပ်သွားတယ်
ပန်းကလေးတွေကြေကုန်ပြီ။
ပလက်ဖောင်းပျိုးခင်းတွေက

အိမ်သာ


          ညီမလေးရေ…
          တလောက မိုးတွင်းကာလတစ်ခုမှာမြို့ထဲအလုပ်ုနဲ့သွားရင်းရပ်ကွက်လေးတစ်ခုကို ရောက်ခဲ့တယ်။ မိုးတွေကစိုနေတော့ ရွှံ့ညွှန်ထဲမှာယင်ကောင် တွေက တစ်ရုန်းရုန်းဖြစ်နေတယ်။
          လမ်းကျဉ်းလေးပေါ်မှာ ရွံ့ညွှန်တွေကွင်းရှောင်နေရတဲ့အထဲ ရပ်ကွက်ရှိ ကလေးသူငယ်တွေက လမ်း ပေါ်တက်ပြီး ကျင်ကြီးတွေ သွားနေကြပြန်ရာ ကျီးကန်းအိုးမဲသုတ်ထားသလို ရပ်ကွက်အလယ်ကလမ်းကလေး ဟာပိုပြီး ညစ်ပတ်စုတ်ပြတ်အရုပ်ဆိုးလို့နေတော့တယ်။
          လမ်းပေါ်မှာလျှောက်သွားသူမှန်သမျှ နှာခေါင်းရှုံ့ရှုံ့သွားကြတယ်။ အဲဒီအဖြစ်အပျက်လေးကိုမြင်လိုက် ရတဲ့အခါ

Saturday, June 21, 2014

မိစ္ဆာ

အရိပ်ခိုအခက်ချိုး
အသက်ဆိုးရှည်
သူခိုးလူဟစ်
ပြည်တွင်းစစ်တိုက်
အစစ်ဖုံးကွယ်
လူကွယ်ခွေးကျင့်

ဘ၀နှောင်

ဘ၀နှောင်

လက်တွဲကြစို့
အတူလျှောက်ခါ
မင်းငါမဟူ
များသူမခြား
ခရီးသွားတို့

အတ္တမှောင်မှာလမ်းထစ်နေသည်




အတ္တကိုရှေ့တင်တဲ့အခါ
အမှန်တွေ တွယ်ရာမဲ့ကုန်တယ်
စောရတိမ်တွေ လိမ့်တက်လာတိုင်း
လူယဉ်ကျေးတွေ သွေးအားနည်းကုန်တယ်။
ဆာလောင်နေတဲ့မြစ်ဟာ

လယ်ယာမြေပြဿနာများ ပြေလည်အောင်ဖြေရှင်းပေးနိုင် ခြင်းမရှိသေး


 Sat, Jun 21st, 2014

လယ်ယာမြေပြဿနာများ ပြေလည်အောင်ဖြေရှင်းပေးနိုင် ခြင်းမရှိသေးသး


20140511_091131 copy 20140511_103009 copy 20140505_220207 copy 20140505_220447 copy
ရန်ကုန် ၊ ဇွန် ၂၁ ။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အတွင်းရှိ ငှက်ပျောတိုင်၊ပေကြီးနှင့် ထောက်ရှာအိုင် ကျေးရွာ များမှ
လယ်မြေဧက ၁၃၀၀၀ ခန့်ကို ၁၉၉၉ခုနှစ်တွင် မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်မှ ကြံစိုက်ပျိုးရန် သိမ်းယူခဲ့ကြောင်း သိရှိရသည်။
လယ်မြေများကို သိမ်းယူပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဟန် မှ ရွာသားများနှင့်တွေ့ဆုံရာတွင် ကျေနပ်မှုမရှိလျှင်

Sunday, June 15, 2014

မထသ



မထသ

အသက်ရဲ့သုံးဖို့တစ်ဖို့အပိုင်းအခြားကို
ယာဉ်စီးဖို့ပေးထားတယ်။
ကားပေါ်မှာငချဉ်သိပ်
လမ်းပေါ်မှာငပိသိပ်
မသိစိတ်ကမေတ္တာပို့မိ

Monday, May 19, 2014

ကန့်ဘလူမြို့နယ် မြေသိမ်းခံတောင်သူများ သီးစားနှင့်မူလပိုင်ရှင်အိမ်ကြက်ခြင်းအိုးမဲသုတ်အတိုက်ခံနေရ




စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ကန့်ဘလူမြို့နယ်၊ ပေကြီး၊ခအုံးတာ၊ငှက်ပျောတိုင်း ၊ထောက်ရှာအိုင်ကျေးရွာ များတွင် ၁၉၈၅ခုနှစ်တွင် ကြံစိုက်ပျိုးရေးတပ်ထူထောင်ရန်ဆိုပြီးတစ်ကြိမ် ၊၁၉၉၉ခုနှစ်တွင် ကန့်ဘလူအမှတ်(၁)သကြားစက်စီမံချက်အကြောင်းပြကာ မြန်မာ့စီးပွားရေး ကော်ရေးရှင်း MEC တထပ(၂)တပ်ရင်းမှ ဗိုလ်မှူးအေးချို၊ ဗိုလ်မှူးကြည်ဝင်းတို့ဦးစီးကာ မြေဧ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks