ကျွန်တော်တို့မြန်မာများသည် အလုပ်တော်တော်များများတွင်
ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်စီမံမှု အလွန်နည်းကြသည်။ သဘာဝဘေးအန္တရာယ်များအပါအ၀င်
ပညာရေး၊ နိုင်ငံရေး လို ပြည်သူတစ် ရပ်လုံးအင်တိုက်အားတိုက်လုပ်ဆောင်ရမည့်နေရာမျိုးမှာ
လုပ်ဆောင်ကြသူတွေများပါလျက် ပလန်တွေလိုနေ သောကြောင့် ထင်သလောက်ခရီမပေါက်ပဲဖြစ်နေကြပါတယ်။
ယနေ့တွေ့ကြုံနေကြရတဲ့ သဘာဝဘေးအန္တရာယ်သင့်သူများကို
ကူညီကြတဲ့နေရာမှာ မြန်မာနိုင်ငံ သားမှန်သမျှ ကိုယ်တတ်နိုင်ရာကို မလှူဖူးတဲ့သူမရှိသလောက်ဖြစ်နေပါပြီ။
တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့တွက် ကြည့်ရင် သန်းပေါင်းများစွာပါပဲ၊ သို့သော် လူသားသန်းပေါင်းများစွာရဲ့
လှူဒါန်းမှုဟာ လူသားသိန်းဂဏန်း လောက်ထံ လူတန်းစေ့အောင် မကူညီနိုင်ကြတဲ့အခြေအနေဖြစ်နေပါတယ်။
ရတဲ့နေရာက ပိုလျှံနေအောင်ရပြီး မရတဲ့နေရာက လုံးဝအရှင်းကိုမရဖြစ်နေကြပါတယ်။
ဒါဟာဘာကြောင့်လဲလို့ တွေးကြည့်လိုက်တဲ့အခါ
ကျွန်တော်အပါအ၀င်ယနေ့ကူညီရေးလုပ်နေတဲ့ အဖွဲ့ အစည်းများဟာ လုံလောက်တဲ့ပလန်တွေမရှိကြလို့ပါပဲ။
ပလန်ဆိုတဲ့နေရာမှာ အသင်းအဖွဲ့ တစ်ခုတည်းရဲ့ ပလန်ကို ဆိုလိုခြင်းမျိုးမဟုတ်ပါဘူး။ အဖွဲ့သားအားလုံးလုပ်ဆောင်သင့်တဲ့ ပလန်တွေ ကိုပြောတာပါ။
ဥပမာ ရေဘေးသင့်တဲ့ကျေးရွာပေါင်းဘယ်လောက်ရှိသလဲ၊
ရေဘေးသင့်ပြည်သူ ဘယ်လောက်ရှိသလဲ ရေဘေးကူညီရေးအဖွဲ့အစည်းတွေဘယ်လောက်ရှိသလဲ၊ အသင်းအဖွဲ့တွေရဲ့
အကြမ်းဖျင်းလူဦးရေဘယ် လောက်ရှိနိုင်လဲ ။ ဘယ်အဖွဲ့တွေက ဘယ်နေရာသွားသင့်ပြီး ဘာတွေလို အပ်သလဲဆိုတဲ့
နည်းစနစ်ကျတဲ့ ပလန် မျိုးကိုပြောတာပါ။ ဒီပလန်တွေက ဖြစ်မှ ရေးဆွဲရမဲ့ပလန်တွေ မဟုတ်ဘဲမဖြစ်ခင်က
ရေးဆွဲသင့်တဲ့ ပလန်တွေ ဖြစ်ပါတယ်။
နေရာတိုင်းအတွက် ပလန်တွေလိုပ်အပ်ပေမဲ့၊ ဒီနေရာမှာတော့
ရေဘေးနဲ့ပတ်သက် တဲ့ဖြစ်သင့်တာ လေးတင်ပြပါရစေ။ ဆရာလုပ်တာမဟုတ်ပါဘူး။ ယနေ့အချိန်ထိ ကူညီသူမဲ့နေတဲ့ကျေး ရွာပေါင်းများစွာအတွက်
ဝမ်းနည်းမိလို့တင်ပြတာပါ။
လိုအပ်သည့်အချက်အလက်များ