စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Thursday, June 27, 2013

ဘ၀လက်ကျန်

ဘ၀လက်ကျန်



ညီမလေးရေ…
မွေးနေ့မှာတည်ကြည်ရင့်ကျက် အေးချမ်းပျော်ရွှင်သော ဘာသာသနာ အလေးထား သောမြန်မာအမျိုးသမီးကောင်းတစ်ယောက်ဖြစ်ပါစေ။ ဘ၀အတွက် လူမှု စီးပွား ပညာ အရာရာအောင်မြင်အောာင်လုပ်ဆောင်နိုင်သူဖြစ်ပါစေလို့ ကိုရေးဦးဆုတောင်းပေးလိုက် ပါတယ်နော်။

တစ်နှစ်တစ်နှစ်နဲ့ကိုယ့်ညီမလေးလည်းအသက်ကြီးလာပြီ။ အသက်ကြီးလာရင်ဘ၀မှာ ပေးဆပ်ခဲ့ရတာတွေများနေပြီး။ ၇၅သက်တမ်းမှာအသက်နှစ်ဆယ်ပြည့်ရင် နှစ်၂၀ပေး ဆပ်ခဲ့ကုန်ဆုံးခဲ့ရပြီ။သုံးဆယ်ပြည့်ရင် နှစ်၃၀ ပေးဆပ်ခဲ့ကုန်ဆုံးခဲ့ရပြီ၊ဘယ်လိုမှပြန်မရ နိုင်တော့ဘူး။
ဒါကြောင့်အချိန်ဆိုတာအလွန်အရေးကြီးတယ်။ဘ၀တန်ဖိုးဟာအချိန်ပါပဲ။ အချိန် ဖြုန်းသူဟာဘ၀ကိုရိုက်ချိုးတဲ့သူပါ။ ဘ၀မှာဘယ်လိုမှပြန်မရနိုင်တဲ့ အစားထိုးမရတဲ့စာ ရင်းထဲမှာ အချိန်ဟာလည်း ထပ်သီးစာရင်းဝင်တစ်ခုပါပဲ။
ကိုယ်ခဏတိုင်းပြောနေကျ စကားလေးမှတ်မိသေးရဲ့လား နေခဲ့တဲ့ရက်လနှစ်တွေ များလာလေလေ နေရဦးမယ့် ရက်လနှစ်တွေ နည်းသွားလေလေပါပဲ။ အချို့စားကုန် ပစ္စည်းလေးတွေလိုလိုပေါ့ သုံးနှစ်ဆယ်နှစ် အနှစ်နှစ်ဆယ်စတဲ့သက်တမ်းလေးတွေပေး ထားတယ်။သက်တမ်းကုန် date အောက်သွားရင်သုံးမ၀င်တော့ဘူး။ ကုန်လွန်ခဲ့တဲ့
သက်တမ်းအတွက်လည်းပြန်အစားထိုးမရတော့ဘူး။ ဒီတော့သက်တမ်းကာလအတွင်း မှာပဲ အသုံးချရမယ်။ သက်တမ်းကုန်သွားရင် အမှိုက်ဖြစ်သွားလို့လေ။
ဘ၀ဆိုတာလည်းဒီလိုပဲ သက်တမ်းနဲ့လာတာသက်တမ်းအတွင်းမှာ အသုံးချနိုင်မှအကျိုးရှိမယ်။ အသုံးမချပဲ နေ့စဉ်အချိန်သက်သက်ဖြုန်းနေရင်တော့အ မှိုက်ထုပ်ပြီးသွားလိမ့်မယ်။
ဘ၀မှာကုန်ဆုံးခြင်း ၊ဆုံးရှုံးခြင်းလို့ နှစ်မျိုးရှိတယ်ညီမလေး။ ကုန်ဆုံးခြင်းမရှိ အောင်တော့တားလို့ရပေမယ့်၊ဆုံးရှုံးခြင်းမဖြစ်အောင်တော့ လုပ်ယူလို့ရတယ်။ ခုညီမ လေးပြည့်ခဲ့ပြီးတဲ့ ရက် လ နှစ်တွေက ကုန်ဆုံးသွားပြီးပြန်ယူလို့မရတော့သလို မကုန် ဆုံးအောင်လည်းတားလို့မရတော့ဘူး။ အဓိကကျတာက ကုန်ဆုံးနောက်မှာ ရှုံး မထည့် မိဖို့ပါပဲ။
နေခဲ့ရတဲ့ ရက် လ နှစ်တွေထဲမှာ ကိုယ်ဘာတွေအကောင်းဆုံးလုပ်နိုင်ခဲ့သလဲ၊တိုး တက်မှုတွေရခဲ့သလဲ ပြန်တွက်ကြည့် တစ်ခုမှရေရေရာရာမရှိဘူးဆိုရင် ကုန်ဆုံး ရှုံးခဲ့ရပြီ၊ ဘ၀အတွက်နှမျှောစရာပါ။ ကဲထားတော့ ညီမလေး ကုန်လွန်ခဲ့တဲ့ရက်လနှစ်တွေဟာ ကုန်ဆုံးခဲ့သည်ဖြစ်စေ ဆုံးရှုံးခဲ့သည်ဖြစ်စေပြန်ယူလို့မရတော့ဘူး။နောင်တတစ်ခုနဲ့ သင်္ခန်းစာယူဖို့ပဲရှိတော့တယ်။ အဲဒီသင်္ခန်းစာကိုပညာနဲ့သုံးသပ် ဆုံးဖြစ်တ်ပြီး လက်ရှိ အချိန်မှာအကောင်းဆုံးဖြစ်အောင်လုပ်ဖို့ အလွန်အရေးကြီးတယ်။
အရင်ကတခဲ့ရတဲ့နောင်တကို ထားလိုက်တော့၊ အခုကျန်ရှိနေတဲ့ရက် လ နှစ်တွေ မကုန်ဆုံးခင်မှာ မဆုံးရှုံးဖို့ ၊ အခုအလုပ်ဟာနောင်မှာ နောင်တမဖြစ်ဖို့အဓိကကြီးစားရ လိမ့်မယ်။
ဘ၀ကခက်ခဲရှုပ်ထွေးဆန်းကြယ်တယ်။ကိုယ်အတွေးစုတစ်ခုရေးခဲ့ဖူးတယ်။ ``လုပ်သလိုမဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုမလုပ်ပါနဲ့ ဖြစ်နေတာကိုအကောင်းဆုံးလုပ်ပါ´´ လို့။ ဖြစ်သလိုလုပ်တယ်ဆိုတာပြီးလွယ်ပျက်လွယ်ဝတ္တရားကျေရုံလုပ်တာကိုပြောတာ။
ဖြစ်နေတာနဲ့ဖြစ်ချင်တာကတော့ တစ်ထပ်ထဲကျဖို့မလွယ်ဘူးညီမလေး။ဖြစ်နေ တာကိုပဲ အကောင်းဆုံးဖြစ်အောင်နည်းမှန်လမ်းမှန်နဲ့ကြိုးစားလုပ်မှဖြစ်ချင်တဲ့ဆီဦးတည် နိုင်မှာ။ ကိုယ့်ညီမလေးလည်း အသက်မငယ်တော့ဘူး ဘ၀အတွက်လေးလေးနက်နက် စဉ်းစားတတ်တဲ့အချိန်ရောက်နေပြီ။ ဒါကြောင့်ဘ၀ရဲ့လက်ကျန်အချိန်တွေမှာ လူဖြစ် ကျိုးနပ်အောင် ကိုယ်လုပ်သင့်တဲ့ တာဝန်တွေကျေပွန်အောင်လုပ်ဖို့အရေးကြီးနေပြီညီမ လေး။
အချိန်ကလူကိုမစောင့် လူကသာအချိန်ကိုစောင့်နေရတယ်တဲ့ တစ်နေ့တာတွက် လူကဘာမှမလုပ်ဖြစ်ချင်နေ အချိန်ကတော့ကုန်သွားမှာပဲ။ လူတိုင်းအချိန်ကို စောင့်နေရတယ်ဆိုပေမယ့်ဘာမှမလုပ်ပဲ အလကားထိုင်စောင့်နေလို့မဖြစ်ဘူး။ အချိန် ကိုစောင့်ရင်းလုပ်လို့ရတဲ့အလုပ်တစ်ခုကိုလုပ်နေမှ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတယ် လို့ခေါ်တယ်။
ဥပမာ ခရီးသွားမလို့ ကားဂိတ်မှာကားအလာကိုစောင့်နေတယ်ဆို ၊ကားမလာ မချင်းငုတ်တုတ် ထိုင်စောင့်နေမယ့်အစား ကားဂိတ်ပတ်ဝန်းကျင် ကိုသေချာကြည့်လေ့လာတာတို့ ၊စာတစ်အုပ်ကိုဖတ်နေတာတို့မျိုးက ပိုအကျိုးမရှိပေဘူး လား။
ကိုယ့်ညီမလေး အလုပ်ကြိုးစားမှန်း ကိုယ်သိပါတယ်။ ခုပြောပြနေတာက မလိမ္မာ လို့ပြောပြနေရတာတော့မဟုတ်ဘူး။ အချိန်ရဲ့တန်ဖိုးကိုနားလည်စေချင်လို့ပါ။. ပြီးခဲ့တဲ့ လကပဲ ညီမလေးအရင်အလုပ်ကထွက်ပြီး နောက်အလုပ်တစ်ခုဝင်လုပ်နေပြီဆို။ ဘယ် အလုပ်မဆိုကိုယ်ကစေတနာထားရင် ကိုယ့်အပေါ်တန်ပြန်အကျိုးတော့ပေးမှာပါ။ တကယ်လို့ အကျိုးမပေးခဲ့သေးရင်တောင်သူများကိုအပြစ်မတင်ပါနဲ့ အတိတ်ကကိုယ့်ရဲ့ အကုသိုလ်ကြောင့်လို့ သဘောထားပေးပါ။
အလုပ်လုပ်တဲ့နေရာမှာ ဉာဏအား ကာယအား စေတနာမေတ္တာအင်အားတွေနဲ့ သာအမြဲလုပ်ပါ.။ အမြင့်ဆိုတာ တက်လေရောက်လေပဲ ဒါပေမယ့်ခြေချော် လက်ချော်မ ဖြစ်ဖို့တော့ အရေးကြီးတယ်။
ဒီနေရာမှာ ညီမလေကို ကိုယ်မှတ်သားထားတဲ့အရာလေးတစ်ခုပြောပြပေးရဦး မယ်။ ပြီးခဲ့တဲ့နှစ်လလောက်က ကိုယ်အယ်ဒီတာလုပ်နေတဲ့ မန္တလေးက ဖက်ရှင်တိုမ်းလ် မဂ္ဂဇင်းနဲ့ MOOD Journal အယ်ဒီတာချုပ် ရန်ကုန်ဆင်းလာလို့ ကိုယ်သွားတွေ့တယ်။
သူက ၃၅ လမ်းက ချမ်းမြေ့ဧည့်ရိပ်မွန်မှာ တည်းတယ်။ သူနေတဲ့အခန်းက ဟိုး သုံးထပ်ထပ်ဆုံး လေးထပ်မြောက်လောက်မှာ။ ဓါတ်လှေကါးမရှိတော့ လှေကါးကနေ တက်ရတယ်။ လှေကါးကလည်းနည်းနည်းစောက်တော့ ဒူးရင်းတွေသိသိသာသာ ညောင်းလာတယ်။ကိုယ်ကမြို့ထဲဖြန့်ချိရေး လုပ်ခဲ့ပြီးမှာ သွားတွေ့တာဆိုတော့ လမ်း လျှောက်ခဲ့ရတဲ့ဒဏ်ကြောင့် လှေကါးတက်ရတာပိုညောင်းတယ်။ တစ်ထပ်တက်ပြီး ခဏ နားရင်း အပေါ်ကိမော့ကြည့်လိုက်တော့ နံရံမှာကပ်ထားတဲ့စာတန်းလေးတစ်ခုကို ဖတ် လိုက်ရလို့ သဘောကျစွာ ပြုံးလိုက်မိတယ်။။
စာသားလေးက
`လှေ ကါးတက်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေသည်တဲ့´´
လူတစ်ယောက်ကို လှေကါးဆက်တက်ချင်လာအောင်အားပေးရာလည်းရောက် သလို ရရှိမယ့်ကောင်းကျိုးကို ကိုလည်းဖော်ပြပေးထားရာရောက်တယ်။
ဒီလိုပဲညီမလေး အလုပ်တစ်ခုကိုလုပ်ပြီဆိုရင်လည်း ကိုယ်ကသူများကိုပြောတာပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ကို ဆုံးမတာပဲဖြစ်ဖြစ် လုပ်ချင်လာအောင် အားပေးပြီး ရရှိမဲ့ အကျိုးရ လဒ်တွေကို ထင်ရှားကြည့်ပေးရမယ်။
ကိုယ်သဘောကျတာနဲ့ကူးယူပြီး နောက်တစ်ထပ်ဆက်တိုက်လိုက်တယ် ။ အဲမှာ ဘာရေးထားပြန်လည်းဆိုတော့
IF YOU CAN EFFORT, YOU ARE SURE TO GET TOP OF SUCCESS. ``တက်နိုင်ဖျားရောက်တဲ့´´
သစ်ပင်တွေ တောင်တွေ တိုက်တာတွေ ဘယ်လောက်မြင့်မြင့် တက်နိုင်ရင် ဖျား ရောက်မှာပဲ။တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုသလိုပေါ့။
ညီမလေးအလုပ်လုပ်တဲ့အခါမှာလည်း ဘာမှမတိုးတက်သေးလို့အားမငယ်ပါနဲ့ ကြိုးစားလုပ်ရင် ဖျားတော့ရောက်မှာပါ။ တစ်ခုခုတော့ကိုယ့်အတွက်ကျန်နေခဲ့မယ်။အဓိ က ကစိတ်ဓါတ်မကျဖို့ပဲ။
တတိယ အထပ်ကို ဆက်တက်တော့

YOUR SUCCESS DEPENDS UP YOU.`သင်၏အောင်မြင်မှုသည် သင့်အပေါ်တွင် မူ တည်သည်´´တဲ့
လူတစ်ယောက်ရဲ့ အောင်မြင်မှုဟာအဲဒီလူရဲ့ လုပ်ရက်တွေပေါ်မှာပဲမူတည်ပါ တယ်။ အချိန်ရှိခိုက် လုံ့လစိုက်ပြီး အလုပ်လုပ်တတ်ဖို့ စုဆောင်းထားတတ်ခြင်း ၀င်ထွက် မျှတအောင်သုံးတတ်ခြင်းနဲ့ အပျော်အပျက်လိုက်စားတာရှောင်ကြဉ်ခြင်း ဒီလို အင်္ဂါတွေနဲ့ ညီအောင်လုပ်နိုင်မှ အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုငမယ်ညီမလေး။
ကိုယ်လှေကားပေါ်တက်တဲ့နေရာမှာ
လှေကားတက်ခြင်းသည် ကျန်းမာရေးကိုကောင်းမွန်စေသည်ဆိုတဲ့ အလုပ်လုပ် ချင်လာအားပေးပြီးအကျိုးကို ပြတတ်တဲ့အချက်။
တက်နိုင်ဖျားရောက် ဆိုတဲ့ အလုပ်လုပ်နေသူမအောင်မြင်ခင် ဆင့်ကဲတွန်းအား ပေးပြီး မအောင်မြင်သေးလိုပ အားပျက်လက်လျှော့ချင်လာတဲ့စိတ်ကိုဖယ်ပေးတတ်တဲ့ အချက်။
သင်၏အောင်မြင်မှုသည် သင့်အပေါ်တွင် မူတည်သည် ဆိုတဲ့အောင်မြင်မှုကို ဂုဏ်ယူအားပေးဝမ်းမြောက်ထိုက်တန်စွာရရှိတတ်တဲ့အချက် လို့ အချက်သုံးချက်ကို တွေ့ရှိသင်္ခန်းစာယူခဲ့ရတယ်။
ကိုယ့်ညီမလေးလည်း ဘ၀တိုက်ပွဲရိုင်မလှဲအောင် ဒီအချက်လေးတွေကို စိတ်ထဲနှ လုံးသွင်းပြီးအလုပ်လုပ်စေချင်တယ်။
ခုညီမလေးလုပ်နေတာ သူများဆီမှာဝန်ထမ်း လုပ်ရတယ်။ ဒီတော့အလုပ်ရှင်ဆို တာ ကိုယ့်ရှေ့က ရှိတယ်။ ကိုယ်ကအလုပ်ရှင်မဟုတ်ပေမယ့် ကိုယ်လုပ်ရမဲ့ တာဝန်ကို တော့ ၀န်ထမ်းတစ်ယောက်ထက်ပိုတဲ့အလုပ်ရှင်စိတ်ဓါတ်နဲ့ အလုပ်လုပ်ပါ။ ဒါဟာနေရာ ကောင်းတစ်ခုရဖို့အတွက် လမ်းစ တစ်နည်းပြောရရင် အလုပ်ရှင်ဖြစ်လာနိုင်မယ့်ခြေ လှမ်းအစပါပဲ။
ဝန်ထမ်းလုပ်ရပြီဆိုရင် ကောင်းတဲ့အလုပ်ရှင်နဲ့တွေ့နိုင်သလို မကောင်းတဲ့အ လုပ်ရှင်နဲ့လည်းတွေ့နိုင်တယ်။ ဒီနေရာမှာညီမလေးစိတ်ထားတတ်ဖို့ ကဗျာလေးတစ်ပုဒ် ကိုယ်ရွတ်ပြပေးမယ်။
ကိုယ်ကသူ့ကို၊ မှီခိုနေရ၊ ထိုခဏ၀ယ်
မဟုတ်မခံ ၊ ခွန်းတုံ့ပြန်မူ၊
မှန်သော်လည်းရှုံး၊လူကြီးမုန်း၏။
မှန်မှန်မှားမှား၊ ခေါင်းငုံ့ထားမှ
မှားသော်လည်းမရှုံး ၊လူကြီးသုံး၏ ။တဲ့
အလုပ်ရှင်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ကိုယ့်ဘ၀အတွက် ထိခိုက်နစ်နာ စရာမဟုတ်ရင် ခေါင်းငုံ့ပြီးသာအလုပ်လုပ်ပါညီမလေး။ဒါဆိုရင် ညီမလေးတိုး တက်လမ်း ပေါ်ရောက်လိမ့်မယ်။
ကဲညီမလေးရေ…
ပြောချင်တာတွေရှိနေသေးပေမယ့် နောင်များမှ ကိုယ်ပြောပြပေးတော့မယ်။ညီမလေးရဲ့ လက်ကျန်ဘ၀ကို ကောင်းမွန်ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။
``လှဲရင်ပြန်ထ ဒါဘ၀ပဲ´´
``လှဲရာက မကျိုးစေနဲ့``
``ဘ၀၏အောင်မြင်မှုသည်၊ ဘ၀ကိုအလေးအနက်ထားသူဆီမှာသာရှိသည်´´
ညီမလေးရဲ့
ချစ်သောအစ်ကို….
ပီတိ(ပေကြီး)

2 comments:

  1. ချော်လဲတာလည်းရှက်စ၇ာမဟုတ်ဘူးဆိုတာလေးပါပြောပြပေးပါ။ ပြန်မထနိုင်မှ သာ၇ှက်စ၇ာပါ။

    ReplyDelete
  2. ဟုတ်ကဲ့နောင်များမှာရေးပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်

    ReplyDelete

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks