စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Thursday, July 17, 2014

မိန်းကလေးများဘ၀ကို လောင်းကြေးထပ်ခံရခြင်း




          ညီမလေးရေ…
          ဒီတစ်ခါကိုပြောချင်တာကတော့ ညီမလေးတို့ကံကောင်းတယ်ဆိုတာပါပဲ။ တကယ်တကယ် ညီမလေး တို့ကံကောင်းတယ်။
ဘာကြောင့်ကံကောင်းတယ်လို့ အထပ်ထပ်ပြောနေရတာလဲဆိုရင် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအတွင်းမှာ လူဖြစ်နေရလို့ပါပဲ။ ဒီနိုင်ငံအတွင်းမှာ လူဖြစ်ရုံနဲ့ကံကောင်းရတော့မလား ဘာဆိုင်လို့လဲ မမေးချင်ဘူးလား။
ဟုတ်တယ် ဒီနိုင်ငံရဲ့အတွင်းမှာညီမလေးတို့လူဖြစ်လာတာနဲ့တင်
အလွန်ကံကောင်းတယ်။ ဒီစကားကို ပြောရတာဟာ ပြင်ပနိုင်ငံတွေ ကိုသွားခဲ့ရာကမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေ နိုင်ငံတကာမှာရောက်နေတဲ့ မိတ်ဆွေတွေရဲ့ပြောပြချက်တွေကြောင့် ပြောရတာပါ။ တကယ်တော့ပြည်ပဆိုတာ ကိုတို့နိုင်ငံနဲ့အကွာကြီးကွာ တယ်ညီမလေး။ နည်းပညာတွေတိုက်တာအဆောက်အဦး လမ်းတံတားတွေရဲ့ တိုးတက်နေမှုလောက်ပဲကြည့် ပြီးပြည်ပကိုအထင်မကြီးမိစေနဲ့ညီမလေး။
သူတို့ဆီမှာ ကိုယ်ကျင့်တရားတွေမွဲကြတယ်။ ငါးပါးသီလဆိုတာဟာသတစ်ပုဒ်ပဲ၊ မိန်းကလေးတစ် ယောက်ဟာ လမ်းဘေးပန်းပင်ပေါ်က ပန်းတစ်ပွင့်လို သူနမ်းကိုယ်နမ်းဘ၀မျိုးလေးပဲ။
လွန်ခဲ့တဲ့လေးနှစ်လောက်က ကိုတရုတ်ပြည်ကိုရောက်ခဲ့ဖူးသလို ၈.၃.၂၀၁၄ ရက်နေ့တုန်းကလည်း ရွှေတြိဂံဒေသ ထိုင်းနိုင်ငံ လာအိုနိုင်ငံတို့မှာ ရက်၂၀ကြာကြာ လေ့လာရေးခရီးအဖြစ်ရောက်ခဲ့တယ်။ အဲဒီမှာ ရှိတဲ့ မိန်းကလေးတွေရဲ့နေထိုင်မှုစရိုက်တွေကို မြင်ရ ကြားသိလိုက်ရတဲ့အချိန်မှာ ``ဟာ´´ကနဲဖြစ်အောင်မျှင် သက်မိပြီး မြန်မာနိုင်ငံကိုပိုမြတ်နိုးမိသွားသလို ကို့ညီမလေးအပါအ၀င်မြန်မာနိုင်ငံမှာရှိတဲ့ မိန်းကလေးများ ကံ ကောင်းတယ်လို့ရေရွတ်လိုက်မယ်တယ်။ ဒါတောင်မြန်မာနိုင်ငံနယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ် ၊မူဆယ်၊မြ၀တီ လိုနေရာမျိုးတွေက မိန်းမပျိုလေးတွေကံကောင်းတဲ့စာရင်းထဲမ၀င်ရှာနိုင်ဘူး။
သူတို့နိုင်ငံတွေမှာ မိန်းကလေးတစ်ယောက်ရဲ့အပျိုစင်ဘ၀ဆိုတာ ဖိနပ်တစ်ရံလောက်တောင်တန်ဖိုးမ ထားတတ်ကြဘူး။ အပျိုစင်ဘ၀ကိုညစ်နွမ်းဖို့ ကြက်ဥတစ်လုံးဖောက်သောက်သလောက်မခက်ခဲကြဘူး။ မိဘ များရဲ့ထိန်းကွပ်မှုကင်းမဲ့သလို လူငယ်များရဲ့ တန်ဖိုးသိမှုက အင်မတန်နည်းပါးလွန်းလှတယ်ညီမလေး။
မိန်းကလေးတစ်ယောက်ရဲ့အပျိုစင်ဘ၀တွေဘယ်လို အဆုံးသတ်ကြသလဲ ဆိုတာကိုပြောပြမယ်။ကို တို့ဆီမှာက မိဘဖိုးဖွား ညီအစ်ကိုမောင်နှမတွေကအစ ကာယကံရှင်အဆုံး မိန်းကလေးတစ်ယောက်ရဲ့ အပျိုစင် ဘ၀ကို အဘက်ဘက်က ၀ိုင်းဝန်းကာကွယ်ပေးကြတယ်။ ဖူးစာဆုံသူနဲ့ မင်္ဂလာဦးညမှာသာ ဘ၀ကိုပေးကြတာ များတယ်။
သူတို့ဆီမှာအဲလိုမဟုတ်ကြဘူး၊ များသောအားဖြင့်(အချို့မပါ)အသက် ၁၆နှစ်ပြည့်တာနဲ့ အိမ်ထောင် ကျတာမဟုတ်ဘဲ၊ အပျိုစင်ဘ၀ကိုပေးတတ်ကြသတဲ့ မိဘညီအစ်ကိုမောင်နှမများကိုယ်တိုင် တရားဝင်ခွင့်ပြုကြ တယ်လို့ဆိုတယ်ညီမလေး။       
အိမ်တစ်အိမ်မှာမိန်းကလေးတစ်ယောက်ရှိတယ်။ အဲဒီမိန်းကလေးအသက် ၁၃/၁၄အရွယ်ရောက်လာပြီ ဆိုတာနဲ့ သဘောကျတဲ့ချမ်းသာသူတစ်ယောက်က မိဘတွေထံသွားပြီး ဒီကောင်မလေးအရွယ်ရောက်တာနဲ့ သူ့ဆီတစ်လ တစ်နှစ်စသည် လွှတ်ပေးဖို့  ငွေကြေိုက်ဈေးပေးပြီး ကြိုတင်ဝယ်ထားကြသတဲ့ ဘတ်ငွေနဲ့ဆို သုံးသောင်းမှစ သိန်းချီအောင်ဈေးရှိပါသတဲ့။
ဒါဆို ဆင်းရဲတဲ့သူတွေမို့ အဲလိုလုပ်တာနေမှာပါလို့ တွေးမိလိမ့်မယ်။ မဟုတ်ဘူးညီမလေး ဆင်းရဲ့သူ ဖြစ်စေချမ်းသာသူဖြစ်စေ အပျိုစင်ဘ၀ကို ယောက်ျားတစ်ယောက်ထံမှာ လအပိုင်းအခြား နှစ်အပိုင်းအခြားနဲ့ ရောင်းစားကြတာ သဘာဝဖြစ်နေပြီတဲ့။ ဒါကို သူတို့တွေက မိဘကိုကျေးဇူးဆပ်တယ်လို့ ခံယူထားကြသတဲ့။ အဲဒီကောင်မလေးကိုချစ်နေတဲ့ ချစ်သူကလည်း အတူပေါင်းဖက်ဖို့အရေးအပျိုစင်ဘ၀ ရောင်းထားတဲ့ကာလ ပြည့်တဲ့အထိ ကိုယ့်ချစ်သူကိုကျေကျေနပ်နပ်ကြီးစောင့်မျှော် လက်ထက်ယူသတဲ့ ။ဒါကလည်း သူတို့ ကိုယ်၌က အခြားမိန်းကလေးများရဲ့အပျိုစင်ဘ၀ကို အငှားမယားပြုလုပ်လေ့ရှိကြလို့ နားလည်ပေးနိုင်တာလို့သိရတယ်။ ဒီအချက်တွေက နိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုချက်တော့ဟုတ်ဟန်မတူဘူး။ တကယ်ရင်လေးစရာပါပဲ ညီမလေးရယ်။
သူတို့ဆီမှာကိုယ်ကကျင့်တရားကိုမစောင့်ထိန်းကြဘူး။သူသူကိုယ်ကိုယ်တွေ့ကရာလူနဲ့ လွန်တတ်ကြ ပြီး ပြဿနာဖြစ်စရာတွေးကြောက်နေစရာမလိုဘူးလို့ဆိုတယ်။ သူတို့ဆီမှာ မုဒိန်းအမှု မူးရစ်အမှုဆိုတာ ပြဿ နာမကြီးဘူးတဲ့ ခိုးမှုတစ်ခုသာပြဿနာအလွန်ကြီးမားပါသတဲ့။
ကိုယ့်မှာချစ်သူရှိနေတာတောင် အခြားတစ်ယောက်က ကြေးကြီးပေးရင် တစ်ညတာလိုက်သွားတတ် တဲ့သူတွေတောင်ရှိသတဲ့။ ဒါကိုချစ်သူဖြစ်သူကလည်းကြည်ဖြူပါသတဲ့။သူတို့ဆီမှာ အချစ်ဆိုတာလူတစ်ယောက် ကိုချစ်နေဖို့သက်သက်အပြင် အခြားအဓိပ္ပါယ်သက်ရောက်မှုအလွန်နည်းပါးတယ်ညီမလေး။
U.Sကိုရောက်နေတဲ့ကိုယ့်မိတ်ဆွေတစ်ယောက်က ပြောဖူးတယ်။ ``နိုင်ငံခြားဆိုတာ လိင်ကိုဦးစားပေး တယ်။ ကိုယ်လွန်ချင်သူနဲ့ လွန်ပိုင်ခွင့်ရှိတယ်။ ဒီအတွက်  ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် သူတို့ဆီမှာ မရှိဘူး။ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ ယူဆထားကြတယ်။ နှစ်ဦးသဘောတူရင် ဘယ်သူမှတားပိုင်ခွင့်မရှိဘူး´´လို့ဆိုပဲ။
ပြီးတော့သူတို့ဆီမှာယောက်ျားလေးနဲ့မိန်းကလေး တစ်ခါမှမတွေ့ဘူးချင်နေ လမ်းမှာဆုံခိုက် ခင်မင်သွား ရုံနဲ့ ဒီကိစ္စကိုလွန်ကြသတဲ့ ။ဒါပေမယ့် သူတို့ဟာ ချစ်သူတွေဖြစ်သွားကြတာမဟုတ်ဘူး။ လမ်းပေါ်ကသောက်ရေ အိုးကို သောက်သွားသလို ဘာပြဿနာမှမရှိဘူးတဲ့။  ပိုဆိုးတာက ကိုယ့်မှာ လင်ရယ်မယားရယ် ရှိတယ်။ ဒါပေ မယ့်ကာမကိုတော့ မြန်မာပြည်လို လင်မှတစ်ပါး မယားမှတစ်ပါး အခြားမလွန်စေရ မဟုတ်ဘူး ။ ချစ်လို့မင်္ဂလာ ဆောင်ပြီးတစ်အိမ်ထဲအတူနေသော်ငြား အဲအမှုကိုတော့ ကိုယ်သွားချင်သူနဲ့သွားသတဲ့ ဒီအတွက်တော့ အိမ် ထောင်ရေးမပြိုကွဲဘူးဆိုပဲ။
တစ်ခါက နိုင်ငံခြားသားတစ်ယောက် မြန်မာပြည်မှာ ရိပ်သာလာဝင်သတဲ့ ။ အဲဒီမှာငါးပါးသီလကို ရှင်းပြတဲ့အခါ ကာမေသုမိစ္ဆာစာရ သူတစ်ပါး သားမယားကို မလွန်ကျူးရဘူးဆိုတဲ့ အချက်ကို အတင်းငြင်းဆန် သတဲ့။ ဒါဟာလူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်တယ်လို့ ဆရာတော်ကို ကန့်ကွက်တယ်။သူတို့ နိုင်ငံယဉ်ကျေးမှုမှာ သူအပါအ၀င် မိန်းမရှိပါလျှက်နဲ့ အခြားဖောက်ပြားသလို သူ့အမျိုးသမီးကလည် အခြားသူ တွေနဲ့ဖောက်ပြားနေတာ တွေ့မြင်နေရပေမယ့်ကိစ္စမရှိဘူး။အခြားမိန်းမတွေလည်းဒီအတိုင်းပါပဲတဲ့။
ဆရာတော်ဘုရားက ဘယ်လိုပင် သာဓကတွေ ဘုရားဟောတွေနဲ့ သီလအကြောင်းရှင်းပြပေးပေမယ့် သူကလက်မခံဘူး၊ဆရာတော်လည်း အကြပ်ရိုက်ရိုက်နဲ့လမ်းပေါ်လှန်းအကြည့်မှာ ခွေးမတစ်ကောင်ကို ခွေးထီး တွေက ၀ိုင်းမိတ်လိုက်နေတာကိုတွေ့တာနဲ့ ဟန်ကျတာပဲဆိုပြီးလက်ညိုးထိုးခါ ``အဲဟိုမှာကြည့်လိုက် ဒါယကာ ခွေးတွေဟာ ဆွေရယ် မျိုးရယ် သားရယ်အမိရယ် မသိဘူး ။ တွေ့ကရာနဲ့မိတ်လိုက် ကြတယ်။ လူတွေလည်း အဲလိုကိုယ့်ကျင့်သီလမစောင့်ထိန်းပဲ တွေ့ကရာနဲ့လွန်နေကြရင် ခွေးတိရစ္ဆာန်နဲ့ ဘာထူးသေးလဲ ၊ လူလားခွေး လားပြန်စဉ်းစားပါ´´ဆိုမှ ``သဘောပေါက်ပြီ သဘောပေါက်ပြီ´´ ဆိုကာ လက်ခံသွားသတဲ့ ညီမလေးရေ။
ဒီတော့ အခုအနှစ်ချုပ်ကိုပြောချင်တာက ယဉ်ကျေးမှုဆိုးရွားတဲ့နေရာတွေမှာ လူဖြစ်ရတာမဟုတ်ဘဲ ညီမလေးတို့ မြန်မာပြည်မှာ လူဖြစ်ရတာ အင်မတန်ကံကောင်းတယ်။ ကံကောင်းသည်အားလျှော်စွာ ဘာသာတ ရားကိုယ်ကျင့်တရားတွေကို လိုက်စားစောင့်ထိန်းပါလို့ ပြောချင်တယ်ညီမလေးရယ်။
ပြည်ပမှာက မူးရစ်ကစ ကိုယ်ကျင့်တရားတွေဖောက်ပြန်တဲ့ ယဉ်ကျေးမှုတွေရှိတဲ့အလျှောက် ပြင်ပကို ရောက်သွားတဲ့ မြန်မာအမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေလည်း အများညီ ဤကိုကျွဲဖတ် ဖြစ်နေ ကြတာများနေပြီ။(လူတိုင်းမဆိုလို)၊ ကိုမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေက မကြည့်ရက်စရာ ကြားခဲ့ရတာတွေက နားမခံသာစရာတွေကြီးပါ။(ဒီလိုအကြောင်းတွေကို စာရေးဆရာမောင်သာချိုက 7 Day New ဂျာနယ်မှာ ရှက် တတ်ရင်မဖတ်နဲ့ ဆိုပြီး ပြင်ပရောက်သူ့ရဲ့အတွေ့အကြုံတွေကို ဘွင်းဘွင်းကြီးရေးပြထားတာကိုဖတ်ခဲ့ရဖူး တယ်) တရားဝင် အိမ်ထောင်ပြုခြင်းမျိုးမဟုတ်ကြဘဲ အိပ်စင်ပေါ်ရောက်နေကြတဲ့ မြန်မာတွေများသားလား ညီမလေးရယ်။ အချို့ဆိုကလေးမွေးပြီး ကလေးကိုတွေ့ကရာစွန့်ပစ်ထားခဲ့ကြတယ်။
တရုတ်သူဌေး ကုလားသူဌေးတွေရဲ့လက်အောက်မှာ ဘ၀တွေမှောက်ကုန်ကြတယ်။ သူတို့နဲ့အတူ ပေါင်းနေတဲ့ကောင်က သူ့နိုင်ငံသူပြန်သွားတဲ့အခါ လုပ်ငန်းပြောင်းသွားတဲ့အခါ တရားစွဲမရ လိုက်သွားလို့မရနဲ့ ဘ၀ အမှောင်တွေကျနေကြတာ ရင်ထုမနာဖြစ်ရတယ်ညီမလေး။
``အရင်က ကျွန်တော့် ညီမလေးလည်း ဒီမှာအလုပ်လာလုပ်တယ်။ ဒီကစရိုက်တွေနဲ့ မိန်းကလေးတွေ ဘ၀ဘယ်လိုမှမလုံခြုံလို့ ပြန်လွှတ်လိုက်တယ်။ မြန်မာပြည်က မိန်းကလေးတွေ နိုင်ငံခြားကို အလုပ်သွားမယ်ဆို စာရေးဆရာတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ပညာပေးပြီး တားမြစ်ပေးပါ။ ပြောရရင် ဒီနေရာမျိုးတွေက ယောက်ျားလေးတွေတောင် လာဖို့မသင့်ဘူး ။ ကျွန်တော်တို့တောင် အစကအထင်ကြီးပြီး နိုင်ငံခြားဆိုတော့ ငွေ အများကြီးရမှာပဲ ထင်လို့လိုက်လာခဲ့တာ ဒီရောက်မှ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ရတယ်။ အချို့ သူတွေကျ တော့လည်း ကိုယ်ကျင့်တရားပျက်ပြားချင်တဲ့ဝါသနာသက်သက်ကြောင့်ဒီကိုရောက်လာသူတွေ ရှိတယ်´´လို့ လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားလူငယ်တစ်ယောက်ဖြစ်တဲ့ ကိုကျော်ကြီးကပြောပြလိုက်တဲ့စကား ကို့နားထဲ ကမထွက်ဘူးညီမလေးရယ်။
ဒါကြောင့်မချမ်းသာရင်နေပါ ဇီးထုပ်ကို ထမင်းလုပ်စားရစားရ ကိုယ့်နိုင်ငံ ကိုယ့်မိဘအရိပ် ကိုယ့်ဘာ သာတရားရဲ့ယဉ်ကျေးမှု လောက် ဘယ်နိုင်ငံမှာမှ မကောင်းဘူးဆိုတာညီမလေးရဲ့ သူငယ်ချင်းတွေကိုလည်း ပြောပြပေးပါလို့ ပြောရင်း ခဏနားကြရအောင်ညီမလေးရေ..။
ကိုယ်ကျင့်တရားမရှိဘဲ ချမ်းသာနေရခြင်းသည် လေမှာလွှင့်သောစွန်ကြိုးပြတ်သကဲ့သို့ ဆောက်တည် ရာမရဖြစ်တတ်သသည်။
လူတစ်ယောက်၏တန်ဖိုးသည် သူ၏ကိုယ်ကျင့်တရားသာဖြစ်သည်။
ဖောက်ပြန်တတ်သူသည် ဒုက္ခပင်လယ်မှာ ကမ်းမမြင်နိုင်တော့ချေ။
ညီမလေးကိုသိပ်ချစ်မြတ်နိုးတဲ့
                              အစ်ကို ပီတိ(ပေကြီး)
                          26.3.2014


 ဂျာနယ်တွင် ဖော်ပြပြီး။




No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks