စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Wednesday, April 16, 2014

တူလေးကိုပြချင်တဲ့ သင်္ကြန် (သမိုင်းထဲက သင်္ကြန်ကိုလိုက်ခဲ့ပါ တူလေး)




_ဦးဦးပြောတော့ သင်္ကြန်ရောက်ရင်မြန်မာတွေအရမ်းယဉ်ကျေးပြီး ဘာသာတရားကိုင်းရှိုင်းတယ်ဆို။
_ဟိုအရင်တုန်းက ပြောတာပါတူလေးရယ်။

_ဦးဦးပြောတော့ သင်္ကြန်ရောက်ရင်လူငယ်တွေ ထဘီပုဆိုးလေးတွေနဲ့ အရမ်းလှနေတယ်ဆို။
_ခုကရာသီဥတုပူလာလို့ တိုလာကြတာ ပါတူလေးရယ်။

_ဦးဦးပြောတော့ သင်္ကြန်ရောက်ရင်

လူတိုင်းနီးပါးဥပုသ်သီလစောင့်တည်ကြ ယ်ဆို။

_ခုကဘီယာနဲ့သန္ဓေတားဆေးတွေ ဈေးပေါလာလို့ပါတူလေးရယ်။
ဦးဦးပြောတော့ သင်္ကြန်မှာပွင့်တဲ့ ပိတောက်ပန်းကိုအရမ်းတမြတ်တနိုးထားကြတယ်ဆို။

_ခုကအ၀တ်အစားတွေချို့တဲ့လာလို့ပါ တူလေးရယ်။
ဦးဦးပြောတော့ သင်္ကြန်ရောင်ရင်
မြူမှောင်ဝေးကင်းတို့ ရှာပုံတော်မင်းသားကြီးတို့ တူးပို့တို့ဟာမြိုင်ဆိုင်သလောက်နားထောင်လို့လဲကောင်းတယ်ဆို။

_ခုကအနုပညာသမားတွေမရှိပဲ
တတ်ယောင်ကန်းတွေစင်ပေါ်ရောက်ကုန်လို့ ဒုန်းဂွမ်းဖြစ်နေတာပါတူလေးရယ်။
ဦးဦးပြောတော့ သင်္ကြန်ရောက်ရင်
ဘုရားရေသပ္ပါယ်သူတွေ သက်ကြီးရွယ်အိုခေါင်းလျှော် ခြေသည်းလက်သည်းလှီးပေးသူတွေကြည့်ပြီးအရမ်းကြည်နူးရတယ်ဆို။

_ခုက ဆိုးဆေးတွေသုံးပြီး ကိုယ့်ကိုယ်ကိုတောင်မသန့်ရှင်းနိုင်လို့ အင်းလျားကန်ထွက်နေရလို့ပါကွယ်။
ဒါဆိုဦးဦးပြောပြဖူးတဲ့ သင်္ကြန်ကိုသားသားဘယ်အချိန်တွေ့ရမှာလဲ။
_ကဲကဲခုပဲယဉ်ကျေးမှုသမိုင်းပြတိုက်ကို
သွားကြစို့ ပြီးရင်မြန်မာ့ရိုးရာယဉ်ကျေးမှု
ထွန်းတောက်ခဲ့ပုံ စာအုပ်လေးကိုတူလေး
ဖတ်ဖို့လက်ဆောင်ပေးမယ်။
(ယခုတောင်ဆိုးနေလျှင် နောင်တစ်ချိန်ဤစာကဲ့သို့ဖြစ်လာမည်မှာမလွဲခြေ )
မှတ်ချက်။ ။မရှိဟုမဆိုလိုပါ မီးများသည်ကိုကြည့်ရေးခဲ့ခြင်းဖြစ်သည်။
ယဉ်ကျေးမှု အမွေကိုမပျက်စီးစေလိုတဲ့
ပီတိ(ပေကြီး)
၁၅.၄.၂၀၁၄

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks