စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Wednesday, April 16, 2014

မြန်မာ့ရိုးရာ သင်္ကြန်ခါ




























ရိုးတံကြဲကြဲ နေရောင်သဲချိန်
မဆဲမြောက်လေ ရိုက်ဆော်စေ၍
နွေပန်းချီဦး ဥသြကြူး၏။

သြော် ....
ပိတောက်တို့ပွင့် ငုတို့တင့်ပြီ
တစ်ဆင့်ပြီးပျောက် နှစ်သစ်ရောက်ပြီ
ခွင့်ခေါက်ကြုံလာ သင်္ကြန်ခါဝယ်
မေတ္တာရှေ့ထား
ငွေဖလားနှင့်
အောင်ငြားသပြေ ပိတောက်ရွှေလျှင်
ရေစင်သွန်းလောင်း ပျော်ဖို့်ကောင်း၏။

နှစ်ဟောင်းကွယ်ပျောက် နှစ်သစ်ရောက်မို့
ပပျောက်ညစ်ကြေး အကုဘေးမှ
ကင်းဝေးစေရန် မှန်ရည်သန်၍
ဖိုးတန်တရား သူငါပွား၏
မြင့်မားသီလ လှူဒါနနှင့်
ပွားထဘာဝနာ ပြည်မြန်မာတို့
ဘာသာတရား လွန်လေးစား၏။

သက်ကြီးရွယ်အို တဟိုဘိုးဘွား
မိဘများနှင့် များစွဆရာ
အလွှာလွှာကို ရှေ့မှာရိုကျိုး
ကန်တော့ချိုးလျှက် မြတ်နိုးတူပျော်
တရော်ကင်ပွန်း နံ့သာပြွန်းခါ
တင့်ထွန်းပူဇော် ခေါင်းကိုလျှော်ပြီး
ခွင့်လျှော်ညစ်ကဲ ခြေလက်သည်းလှီး
မငြီးကုသလ ယူပါကြ၏။

နှစ်ဆန်းတစ်ရက် ကုသိုလ်ဆက်၍
ရက်ကွက်မြို့ရွာ ပင့်သံဃာနှင့်
ကျရာအန္တရာယ် ရန်ဆွယ်ရှင်းရာ
မြတ်စွာပရိတ် ရွတ်နာပိတ်သည်
ထွဋ်ထိပ်သင်္ကြန် ဆင်နွဲတည်း...။
                   ပီတိ(ပေကြီး)
၁၄.၄.၂၀၁၄ည၁၀း၀၁အချိန်ရေးဖွဲ့သည်။

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks