စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Friday, January 3, 2014

ခွေးလှေးယားဇီးဖြူသီးနဲ့တားမယ်

ခွေးလှေးယားဇီးဖြူသီးနဲ့တားမယ်
                                                               ပီတိ(ပေကြီး)

ခွေးလှေးယားသီးဆိုတာနဲ့ လူတိုင်းသိကြမှာပါ။ ဆေးဘက်အသုံးပေမယ့် အသီးကိုထိမိလိုက်တာနဲ့ သီးမွှေးတွေ ကလူကိုမနေနိုင်မထိုင်နိုင်ဖြစ်အောင် ယားယံတော့တာပါပဲ။ တောသူတောင်သားတွေအဖို့ ပေါင်းခုတ် ကြံခုတ် တောင်သူလုပ်ရင်း ခွေးလှေးယားပင် နဲ့ရင်ဆိုင်နေရပါတယ်။

          ထိမိတာနဲ့ အသားကုန် ကုတ်နေရလို့ ကုတ်ရာကနေ အဖူးတွေ ထွက်အနာပေါက်တဲ့ ထိ ဆိုးဝါးပါ တယ်။ ဒါကြောင့်ခွေးလှေးယားသီး ပင်နဲ့ထိတွေ့နေရသူတွေအတွက် ယားယံခြင်း မဖြစ်ရအောင်ကြိုတင် ကာကွယ်နည်းနဲ့ ထိမိရင် မယားအောင်လုပ်တဲ့ နည်းလမ်းကောင်းလေးကို ကုသိုလ်ဖြစ် ဘေသဇ္ဇဒါန ပြုပါရစေ။
          ပထမဆုံး အနေနဲ့ ခွေးလှေးယားသီးကိုင်မိရင် မယားယံအောင်ကြိုတင်ကာကွယ်တဲ့နည်းလေးပြောပါ ချင်ပါတယ်။ နည်းလမ်းကတော့ လွယ်လွန်းလို့ မယုံနိုင်အောင်ဖြစ်နရပါလိမ့်မယ်။ ဇီးဖြူသီးများကို  စားခြင်းငုံ ထားလုပ်ထားရင် ခွေးလှေးယားသီးကို ကိုင်ထားလျှင်တောင်ကြိုက်သလောက်ကိုင် လုံးဝယားယံခြင်းမရှိပါဘူး။ တောင်ယာဝင်မည့်သူများနှင့် ဆေးဖော်သူများကြိုတင်ကာကွယ်ကြဖို့ပါ။
          တကယ်လို့ကြိုတင်ကာကွယ်တားခြင်းမရှိ ခွေးလှေးယားသီးကိုင်မိတယ်ဆိုရင်လည်း ယားယံခြင်းတွေ ပျောက်သွားဖို့ အတွက်ဇီးဖြူပင် အကိုင်းအခက်များချိုး၍ ထိမိတဲ့နေရာမှာ ရိုက်ခါပေးပါက ယာယံခြင်းလုံးဝ ပျောက်ကင်းသွားပါလိမ့်မယ်။
`        တစ်ခုသတိထားရမှာက အချိုခွေးလှေးယားသီးနဲ့ထိမိပြီဆိုရင် အယားပျောက်ဖို့ ဆားနဲ့ပွတ်တာတို့ ရေဆေးတာတို့လုပ်တတ်ကြပါတယ်။ အဲလိုအရင်လုပ်ပြီးမှ ဇီးဖြူခက်နှင့်ရိုက်ခါရင်တော့ မရပါဘူး ယားမြဲယားနေမှာဖြစ်ပါတယ်။
          ကဲဒီနည်းလမ်းလေးနဲ့ ခွေးလှေးယားသီး အန္တရာယ် ကာကွယ်နိုင်ပါစေ။
            (နည်းလမ်းကိုပြောပြပေးသော တောင်ဒဂုံမှ မယဉ်ယဉ်အားကျေးဇူးတင်ပါသည်။)
                                                                                                                ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks