စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Monday, January 14, 2013

အလင်းကမ္ဘာမှ ပီတိ(ပေကြီး)နှင့်ဆွေးနွေးခြင်း

မင်္ဂလာပါရှင်....
ယခုတစ်ပါတ် အင်တာဗျူး အစီအစဉ်လေး အတွက် မမဆွေးနွေးမေးမြန်းသူကတော့
အလင်းကမ္ဘာ နှစ်နှစ်ပြည့် အထိမ်းအမှတ် ( ဟာသ-ကဗျာ-ဆောင်းပါး-ဝထ္ထုတို) ပြိုင်ပွဲမှာ
ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါဆောင်းပါးလေးနှင့် ပထမဆုကိုဆွတ်ခူးခဲ့သည့်
ကိုပီတိ (ပေကြီး) ပဲဖြစ်ပါတယ်ရှင့်..
ကိုပီတိ(ပေကြီး)ရဲ့ပုံလေးပါရှင့်
မမ...မင်္ဂလာပါအကိုရေ..အကိုကိုအလင်းကမောင်နှမတွေနှင့်လည်း မိတ်ဆက်ပေးပီး
ဆုရရှိတဲ့ရင်ခုန်သံလေးတွေလည်းသိချင်တော့ မမက အကိုကိုမေးမြန်းစူးစမ်းချင်လို့ပါရှင်
အဆင်ပြေရဲ့လားမသိပါဘူးရှင့်
ပီတိ(ပေကြီး)...မင်္ဂလာပါညီမရေ..စိတ်ကြိုက်မေးပါဗျာ..ဆုရတဲ့ရင်ခုန်သံလေးတွေလည်းရင်ဖွင့်ရပီး
အလင်းကမောင်နှမတွေနဲ့လည်း ပိုမိုရင်းနှီးခင်မင်သွားရအောင်
ဖြေပေးပါ့မယ်ဗျာ..အဆင်ပြေပါတယ်ဗျာ..
မမ...ဟုတ်အကိုရေ အရင်ဆုံးအကိုရဲ့ နာမည်ရင်းလေးနဲ့ မွေးနေ့သက္ကရာဇ်လေးကိုသိပါရစေရှင်
ပီတိ(ပေကြီး)...ကို့ရဲ့ နာမည်အရင်းကတော့ နိုင်မိုးပါညီမရေ..မွေးနေ့က မြန်မာနှစ်ဆို
၁၃၄၈ ခုကဆုန်လပြည့်ကျော် ၁၂ရက်။(4.6.1986) အကို့အသက်(၂၆)နှစ်ပါညီမလေး.....
မမ...ဟုတ်အကိုရေ..မြန်မာလိုရော အင်္ဂလိပ်လိုရောစုံနေတာပဲ..တော်တယ်..ေိေိ
မမတစ်ခွန်းမေးရင်နှစ်ခွန်းဖြေတာတော်တယ်နော်...မမကမေးတော့မလို့လေ
ပီတိ(ပေကြီး)...အာာာာ ဒီမမညီမလေးကတော့လုပ်ပီနော်..လူကြီးရှက်ရင်ဘာလုပ်လည်း
သိတယ်မှလားးးးးးးးးဟားးးးးးဟားးးးးးးးးးး
မမ...ဟိဟိ..ဟုတ်ကဲ့..အကိုရဲ့ ကျေးဇူးရှင်မိဘနှစ်ပါး၊ညီကိုမောင်နှမတွေနဲ့လည်း
မိတ်ဆက်ပေးအုံးလေအကိုရဲ့
ပီတိ(ပေကြီး)...အကိုရဲ့ ကျေးဇူးရှင်မိဘနှစ်ပါး ဖေဖေဦးထွန်းဆောင်+မေမေဒေါ်လှအေးပါ
အကိုတို့မှာမောင်နှမရှစ်ယောက်ရှိပါတယ်ညီမရေ
မမ...ဟုတ်အကိုရေမောင်နှမတွေအများကြီးပဲနော်...ပျော်စရာကြီးပဲ
အကိုရဲ့ မွေးရပ်မြေဇာတိကရောမြန်မာပြည်ရဲ့ ဘယ်ဒေသမှာလည်းရှင့်
ပီတိ(ပေကြီး)...စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ပေကြီးကျေးရွာကပါ။
မမ...ဟုတ်အကိုရေအညာသားလေးပေါ့နော်...အညာသားတွေသဘောကောင်းတယ်ဆိုပဲနော်..
အခုလက်ရှိရော အဲဒီမှာနေတာလားရှင့်
ပီတိ(ပေကြီး)...ညီမရေသဘောကတော့တကယ်ကောင်းတယ်နော်..ရိုးသားတယ်..
ကိုယ့်ဘာသာမြှောက်တာမတာဟုတ်ဘူးနော်...အခုလက်ရှိနေထိုင်တာကတော့
ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့မှာ ပါဗျာ..
မမ...နောက်အကိုရဲ့ ပီတိ(ပေကြီး)ဆိုတဲ့ နစ်နိမ်းလေးပေးဖြစ်သွားပုံလေးကိုလည်းပြောပြပေးအုံးနော်
ပီတိ(ပေကြီး)...ပီတိဆိုတာ နှစ်သက်မှု ဝမ်းမြောက်မှု ရင်ထဲမှာတသိမ့်သိမ့်ကြည်နူးမှုကို ဆိုလိုတာပေါ့နော်..ကို့ကလောင်လေးကလူတွေကိုအဲလို ဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်ပေါ့ .ပေကြီး
ဆိုတာကတော့ကို့ရဲ့ ရွာနာမည်လေးပါ။ကိုရေးတဲ့စာအုပ်တွေမှာ ပေကြီးဆိုတဲ့ နာမည်လေး
ပါရင် ရွာဂုဏ်ရှိမည်ထင်လို့ပါ။နောက်ပီး စာကြီးပေကြီးတွေကို မှန်တဲ့ဘက်ကပေပေတေတေ
နဲ့ရေးမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ စာပေလောကသားတွေကတော့ကိုပေကြီးလို့ပဲ
အသိများကြတယ်..
မမ...ဟုတ်အကိုရေအကိုရဲ့ကလောင်နာမည်ပေးထားတဲ့ အဓိပ္ပါယ်လေးကအရမ်း
လေးနက်ပါတယ်ရှင်...ဟုတ်အခုအကိုရဲ့အလုပ်အကိုင်လေးကိုလည်းပြောပြပါအုံး
ပီတိ(ပေကြီး)...အရင်ကမန္တလေးမှာနေတာလေ..အခုမှရန်ကုန်ပြောင်းလာတာမကြာသေးဘူး
ရောက်စဆိုတော့အလုပ်မဝင်ရသေးဘူး..နောက်လ ၂၀ရက်နေ့မှ ဂျာနယ်တိုက်
တစ်ခုမှာ အလုပ်ဝင်မှာပါညီမရေ
မမ...ဟုတ်အကိုရေ အခုအကိုကစာရေးတွေရေးနေတယ်ဆိုတော့
စာရေးတာရောကြာပီလား ရှင့်
ပီတိ(ပေကြီး)...ကို့ အသက်(၁၇)နှစ်လောက်မှာ စာစရေးနေပီညီမ..မဂ္ဂဇင်းတွေစပို့ဖြစ်တဲ့အချိန်ပေါ့..
မမ...နောက်အကို အကိုလည်းစာရေးနေတာဆိုဘယ်စာရေးဆရာတွေကိုကြိုက်လည်းအကို..
ဘယ်စာရေးဆရာရဲ့ စာအုပ်တွေကိုဖတ်ဖြစ်လည်း
ပီတိ(ပေကြီး)...ကိုက စာရေးဆရာ အစွဲမထားဘူးညီမ...နာမည်ရစာရေးဆရာဖြစ်ဖြစ်
တက်သစ်စစာရေးဆရာဖြစ်ဖြစ် လက်လှမ်းမှီသမျှအကုန်ဖတ်တယ်။
နာမည်ရဆရာရေးဆရာတွေရေးတဲ့အထဲက မကြိုက်တဲ့စာတွေရှိသလို တက်သစ်စတွေရေးတဲ့အထဲ အလွန်ကြိုက်နှစ်သက်တဲ့စာမျိုးတွေလည်း ရှိတယ်။
မမ...ဟုတ်ကဲ့ရှင်..အကိုရေ..အကိုစာရေးမယ်ဆိုရင်ဘယ်စာရေးဆရာရဲ့
စာတွေကိုနမူနာယူပီးရေးသင့်လည်းအကိုရေ..မှတ်သားရအောင်လေ...ပြောပြပေးအုံးနော်...
ပီတိ(ပေကြီး)...အင်း နမူနာယူဖို့ဆိုရင်တော့ ရေးသားနည်းထိမိတာ ၀တ္ထုမှာဆို
တက္ကသိုလ်ဘုန်းနိုင်၊လူထုဦးလှ၊ဂျာနယ်ကျော် မမလေး ခင်ခင်ထူးတို့လို
စာရေးဆရာတွေရဲ့အရေးအသားမျိုးကိုယူသင့်တယ်။
ဆောင်းပါးမှာ လူထုဒေါ်အမာ ၊ဆရာဦးရွှေအောင်၊
တို့လိုဆရာတွေရဲ့အရေးအသားမျိုးယူသင့်တယ်။
ကဗျာမှာတော့ မြင်းမူမောင်နိုင်မိုး၊ မောင်စိန်ဝင်း(ပုတီးကုန်း)
ဆရာမြေလတ်မင်းလွင်တို့အပြင်အချိန်ရရင် ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလ၀န္တ၊
မန်လည်ဆရာတော် တို့ရေးတဲ့အရေးအသားမျိုးကိုလည်း ဖတ်မှတ်နည်းယူစေချင်တယ်။
မမ...ဟုတ်ကဲ့ပါရှင်..နောက်အကိုရေပြိုင်ပွဲလေးဝင်ပြိုင်ဖြစ်သွားတာလေးကိုလည်းပြောပြပါအုံးရှင့်
ပီတိ(ပေကြီး)...အလင်းမှာ ကင်းပြိုင်ပွဲတွေ ဓါတ်ပုံပြိုင်ပွဲတွေပြုလုပ်တာတွေ့ရပါတယ်။
တစ်ခါမှဝင်မပြိုင်ခဲ့ပါဘူး။ ကိုက အလင်းမှာ အမေနေ့ကဗျာပြိုင်ပွဲလုပ်ပေးချင်တယ်လို့
သူကြီးကိုပြောခဲ့ဖူးတယ်။ဒါပေမယ့်ကိုယ့်ဘက်ကအား
နည်းချက်တွေရှိတာကြောင့် လုပ်မပေးဖြစ်ခဲ့ဘူး။
ခုအလင်းနှစ် နှစ်ပြည့်မှာ ဟာသ၊ဆောင်းပါး၊၀တ္ထု၊ကဗျာပြိုင်ပွဲ လေးကျင်းပပေးတာ
အရမ်းသဘောကျပါတယ်။ ဒီလိုပြိုင်ပွဲလေးတွေကိုပဲကိုက ဖြစ်စေချင်တာ။
ဒါကြောင့်အား ပေးတဲ့အနေနဲ့ဝင်ပြိုင်ဖြစ်တာပါ။
ဒါကြောင့်ပြိုင်ပွဲဖြစ်မြောက်အောင်လုံ့လပြုပေးကြတဲ့အလင်း ကတာဝန်ရှိသူ အားလုံးကို
အထူးကျေးဇူးတင်ရပါတယ်။
မမ...နောက်ဒီ ဆီမီးရောင်ဖြာသီတင်းကျွတ်ချိန်ခါဆောင်းပါးလေးကိုရောဘယ်လိုစိတ်ကူမျိုးနဲ့ ရေး
ဖွဲ့ခဲ့တာလည်းအကို
ပီတိ(ပေကြီး)...အမှန်တိုင်းပြောရရင် ဒီဆောင်းပါးကို ရေးဖို့ရည်ရွယ်ထားတာကြာပါပြီ။
မြန်မာ ၁၂ လအကြောင်း ပြည့်ပြည့် စုံစုံ တစ်လကို ဆောင်းပါးတစ်ပုဒ်၊ပေါင်း၁၂ ပုဒ်ရေးပြီး
စာအုပ်ထုတ်ဖို့အစီအစဉ်ရှိလို့ပါ။ ဒါပေမယ့် အလုပ်များတာ ကြေင့် မရေးဖြစ်ခဲ့ဘူး။
စရေးဖို့အကြောင်းဖန်လာတာကတော့ အလင်းကမ္ဘာဆိုဒ် ပြိုင်ပွဲလုပ်တဲ့အချိန်မှာပဲ
ကို အက်ဒမင်လုပ်နေတဲ့ ဆုံဆည်းရာမိသားစု ဆိုဒ်လေးမှာလည်း
သီတင်းကျွတ်လဆောင်းပါးပြိုင်ပွဲကျင်းပနေတဲ့ အချိန်ဖြစ်နေပါတယ်။
ဆုံဆည်းရာမှာကအက်ဒမင်ဆိုတော့ ၀င်ပြိင်ခွင့်မရှိဘူး။
ဒါပေမယ့် ပြိုင်ပွဲဝင်တွေအတွက် အထောက်အကူရအောင် အက်ဒမင်တွေကို
နမူနာဆောင်းပါးတွေရေးတင်ခိုင်းလို့ ရေးဖြစ်ခဲ့တာပါ။
ဒါနဲ့အလင်း မှာပြိုင်ပွဲရှိတယ်ဆိုလို့ ကိုကောင်လေးနဲ့ မမ တို့ကို ဒီဆောင်းပါးအကြောင်းပြောပြပြီး
ဝင်ပြိုင်လို့ရရင်ပြိုင်ချင်တယ် လို့ခွင့်တောင်းပြီးဝင်ပြိုင်ဖြစ်ခဲ့တာပါ။
 မမ...ဟုတ်အကိုရေ ဆောင်းပါးတစ်ပုဒ်ရေးမယ်ဆို ဘယ်လိုစရေးရလည်းအကိုရေ
ပီတိ(ပေကြီး)...ဒါကတော့ ပုံသေတွက်ထားလို့မရဘူးညီမ ။အကြောင်းအရာပေါ်မှာ
မူတည်ပြီးရေးပုံခြင်းကွာဟသွားမှာပဲ။ အဓိကကတော့
သုတပေးမှာလားရသကိုပေးမှာလား ကိုယ်ပေးချင်တာကို ပြည့်စုံခိုင်လုံအောင်ပေးနိုင်ပြီး
စာဖတ် သူအသိပညာရစေအောင် စ ၊လယ်၊ဆုံးသုံးပါးညီအောင်အတတ်နိုင်ဆုံးရေးရတာပေါ့။
မမ...နောက်အကိုရေဆောင်းပါးရေးမယ်ဆို ဘယ်လိုအဆင်အတန်တွေလိုအပ်လည်းအကိုရှင့်
ပီတိ(ပေကြီး)...အဆင်တန်ဆာကတော့ သိပ်လိုအပ်တာပေါ့နော်။ အဓိကစာရေးမယ်ဆို
စာအုပ်စုံအောင်ဖတ်နိုင်ဖို့လိုတာပေါ့။ ဒါမှ အဆင်တန်ဆာ များများထည့်နိုင်မှာ
ရာသီဖွဲ့ဆိုရာသီနဲ့လိုက်ဖက်မဲ့ အကြောင်းအရာ ပညာပေး ဆိုပညာ နဲ့ပတ်သက်တဲ့အကြောင်းအရာ
စတဲ့ဘယ်ဘက်ကလာလာ စုံလင်အောင်ဖော်ပြနိုင်ရင် ဆောင်းပါးကောင်းတစ် ပုဒ်ဖြစ်လာဖို့ 
ရာခိုင်းနှုန်းများပါတယ်။တင်ပြပုံကတော့ရေးလက်ကောင်းမကောင်းနဲ့ဆိုင်သွားမှာပေါ့။
အချက် အလက် တွေပြည့်စုံပြီး အရေးအသားကအလွန်ညံ့နေတာမျိုး
ဖြစ်နေတတ်တာတွေလည်းရှိတတ်လို့ အရေးပိုင်း အထူးအလေ့ အကျင့်ရှိဖို့လိုအပ်တယ်ညီမ။
ကိုတို့လည်း ဆရာကြီးတွေမဟုတ်တော့ ကျန်တဲ့အချက်အလက် ကတော့ မပြောတတ်ဘူး။
မမ...ဟုတ်အကိုရေ အခုလိုပြောပြပေးတာပဲကျေးဇူးပါ..ဆရာကြီးမဟုတ်ပေမယ့်
ကိုယ့်သိသလောက်မျှဝေဆွေးနွေးတိုင်ပင်ကျတာပေါ့ရှင့်...
အကိုရေဘယ်လိုစိတ်ဓါတ်မျိုးထားပီးပြိုင်ပွဲလေးကိုဝင်ပြိုင်တာလည်းရှင့်
ပီတိ(ပေကြီး)...ဘယ်လိုစိတ်ဓါတ်မျိုးရယ်လို့တော့မဟုတ်ပါဘူး။
အလင်းပြိုင်ပွဲလေးကိုအားပေးချင်တဲ့ဆန္ဒနဲ့ပါ ဆုရဖို့မရဖို့က ကိုယ့်အတွက်အဓိကမကျလှပါဘူး။
မမ...နောက်အကိုပြိုင်ပွဲဝင်ပြိုင်တော့ဆုရမယ်လို့မှန်းထားတာလား
ပီတိ(ပေကြီင်္း)...အင်းပြိုင်ပွဲဝင်ရင် ဆုရချင်ရမယ်မရချင်မရဘူး ဒါကတော့ပုံသေတွက်ထားလို့မရဘူး။
ဒါပေမယ့် ဒီဆောင်းပါး လေးကတော့ ကိုယ်ဆုရမယ်လို့ တစ်ထစ်ချတွက်ထားတာဝန်ခံပါတယ်။
ဘာလို့လည်းဆိုတော့ ရာသီနဲ့လိုက်ဖက် ညီအောင်ရေးထားခြင်း။
သမန်ကာ လျှံကာရေးထားခြင်းမျိုးမဟုတ်ပဲ ဆယ်ရက်လောက် အချိန်ပေးပြီး
အထောက်အထားခိုင်လုံအောင် စာအုပ်တွေဖတ်မှတ်ရေးသားထားခြင်း တွေကြောင့်ပါ။
တစ်ခု ကသိကအောင့် ဖြစ်မိတာ ကယ်လို့ ဆုမရခဲ့ရင်တောင်ဆုမပေးရခြင်း
ပစ်ချက်ဟာ ဆောင်းပါးအလွန်ရှည်လွန်းနေ သောကြောင့်ဖြစ်ရမယ် ဆိုတာပါပဲ။
မမ...ဟုတ်အကိုရေ..အကိုရဲ့ဆောင်းပါးလေးက အထောက်အထားလည်းပြည့်စုံတယ်
သီတင်းကျွတ်နဲ့ ပက်သက်ပီးလည်း ဗဟုသုတတွေအစုံပါတယ်လေ
ပထမဆုကြီးထိုက်တန်ပါတယ်ရှင်..ဆုရသွားတဲ့ခံစားချက်လေးကိုလည်းပြောပြပေးပါအုံးအကိုရဲ့
ပီတိ(ပေကြီး)...ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခုခုကိုအထူးပြုခံရလို့ ပျော်တယ်ဆိုတာ
သာမန်လူသားတိုင်းဖြစ်တတ်တဲ့အရာပေါ့။ကိုလည်းသာမန်လူတစ်ယောက်ဆိုတော့
ပျော်ရွှင်မိတာပေါ့နော်။ အတိုင်းမသိရင်ထဲမှာ ပီတိဖြစ်မိတယ်။
မမ...ဟုတ်ပါတယ်နော်ကအကို..နောက်အကိုကအကိုရဲ့ထုဆစ်မှုနဲ့ ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့
ဆုကြေးငွေကို ကိုယ်ကျိုးအတွက်အကုန်အသုံးမပြုပဲ ပရဟိတအတွက်လျူဒါန်းလိုက်တဲ့
ခံစားချက်ပီတိလေးကိုလည်းပြောပြပေးပါရှင့်
ပီတိ(ပေကြီး)...ဟုတ်လှူချင်နေတာကြာပြီညီမ၊ ဒါပေမယ့်ကို့ဘ၀ကမပြည့်စုံသေးတော့မလှူဖြစ်ခဲ့ဘူး။
ဒီပြိုင်ပွဲဝင်ပြိုင်တာ လည်းအဓိက လှူချင်လို့လည်းပါတယ်။ အရင်တစ်ခါ ရွှေမြန်မာဥယျာဉ်မှာ
ဝတ္ထုဝင်ပြိုင်တုန်းကလည်း ပထမဆုရတဲ့ သုံးသောင်းလုံးကို အကုန်လှူလိုက်တယ်။ ခုအလင်းက
ဆုငွေရှစ်သောင်းရတယ်။ နှစ်သောင်းကို အလင်းမှာလှူတယ်။
ဆုံဆည်းရာမိသားစုမှာတစ်သောင်းလှူတယ်။ ကိုရန်ကုန်မှာခဏတည်းနေတဲ့
ဘုန်းကြီးကျောင်းမှာတစ်သောင်း လှူတယ်။ ကျန်တဲ့လေးသောင်းကတော့စားစားသောက်သောက်ပေါ့။
ဒီလိုလှူလိုက်ရလို့ အရမ်းကျေနပ်တယ်။ ကိုယ်ရတဲ့မွန်မြတ်လှတဲ့ဆုကို
မွန်မြတ်တဲ့အများအကျိုးတွေကို ဆောင်ရွက်တဲ့နေရာတွေမှာလှူရတာ သိပ်ကြည် နူးမိတယ်။
 မမ..ဟုတ်..အကို့ရဲ့ဘဝမှာ အမှတ်ရစရာကိစ္စလေးတွေရှိရင်လည်းပြောပြပါအုံးရှင်
ပီတိ(ပေကြီး)...ရှင်လိန်ပြန်ထောင်ထွက် မိန်းမယူတဲ့ရက်ကဘဝမှာအမှတ်တရပျော်ရမဲ့နေ့လို့တော့ကြားဖူးပါ
တယ်.ဒီစကားတိုင်းဆိုလူဝတ်လဲတဲ့ရက်ကအမှတ်တရပဲပြောရမလားပဲ..အမှတ်တရရက်ကိုပြောပါဆိုရင်ပျော်
ရမယ့်ရက်ကနည်းပါတယ် ရုန်းကန်နေရတဲ့ဘဝမှာစိတ်မချမ်းမြေ့စရာကြီးပဲတွေ့လာရတာပါ။ဒီထဲကကောင်းကွက်
ကိုယူပြောရမယ်ဆိုရင်တော့မနှစ်ကကိုယ့်လုပ်အားခနှင့် လျူရတန်းရတဲ့ရက်မျိုးနှင့်အမေနေ့မှာ မေမေ့ကိုဝတ်ဆုံ
တစ်ဆုံကန်တော့ခဲ့တဲ့ရက်ရယ်၊ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပီးနှစ်နှစ်တစ်ကြိမ်သွေးလျူဖြစ်တဲ့ရက်၊နောက်ခန္ဓာ
ကိုယ်ကို ဆေးတက္ကသိုလ်မှာလျူဖြစ်ခဲ့တဲ့ရက်၊မျက်ကြည်လွှာ မျက်စိနားနှခေါင်းဆေးရုံကြီးမှာလျူခဲ့တဲ့ရက်လေး
တွေနောက်ကိုစာစရေးခါစ 17 နှစ်အရွယ်တုန်းက ပထမဆုံးကဗျာ နှင့် ဆောင်းပါးလေး နက္ခတရောင်ခြည်မဂ္ဂ
ဇင်းမှာစပါခဲ့တဲ့ရက်လေးတွေပဲရှိပါတယ်...အဲရက်တွေကိုဘယ်တော့မှမမေ့ပါဘူး
မမ..အကိုရေဘဝမှာကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေသာဖြစ်ခွင့်ရမယ်ဆိုဘာတွေလုပ်ချင်လည်းအကို
ပီတိ(ပေကြီး)...တကယ်မှမဖြစ်နိုင်တာညီမရယ် လူတိုင်း ကျန်းမာချမ်းသာပီး ပျော်ရွင်ငြိမ်းချမ်းတဲ့မိသားစုလေးမှာ
လျူဒါန်းပေးကမ်းရင်းနေချင်ကြတာပေါ့။ဒါပေမယ့် အကောင်းလောကဓံအဆိုးလောကဓံ နှစ်ခုလုံး လူတိုင်းကြုံတွေ့
နိုင်လို့ နေသလိုမဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေဘဲ အတတ်နိုင်ဆုံးဖြစ်အောင်ကြိုးစားးနေရမှမှာပေါ့ညီမရယ်...
မမ...နောက်အကိုအားလပ်ချိန်လေးတွေကိုဘယ်လိုအသုံးချဖြစ်လည်းရှင့်
ပီတိ(ပေကြီး)...အားတဲ့အချိန်တွေမှာအပြင်ထွက်တာထက် သီချင်းအေးအေးလေးတွေရေးပီးစာရေးဖြစ်တယ်
စာလည်းဖတ်တယ်..ခဏတဖြုတ်အိပ်ဖြစ်တယ်ညီမ..
မမ...နောက်အကိုရေ လူတိုင်းမှာအားနည်းချက်နှင့်အားသာချက်လေးတွေရှိတယ်..perfect & defect လေ
အကိုရဲ့ အားနည်းချက် နှင့် အားသာချက်လေးတွေကိုလည်းပြောပြပါအုံးနော်...
ပေကြီး(ပီတိ)...အားနည်းချက်ကတော့ ကိုက အတန်းစာမသင်ခဲ့ရဘူး ဘုန်းကြီးစာသင်ပေးလို့ စာကောင်း
ကောင်းတတ်ခဲ့တာ။ ဒီတော့လုပ်ငန်းခွင်နဲ့နေရာတိုင်းမှာ မျက်နှာငယ်ရတာ။အခွင့်အရေးမပေးခံရတာတွေရှိ
တာပေါ့။ကျန်တဲ့အားနည်းချက်တွေလည်းများစွာပါပဲရှိတယ်..အားသာချက်ရယ်လို့တော့တူတူတန်တန်ရှိမယ်
မထင်ဘူးညီမ။ကိုကသုညသမားလားပဲ...
မမ...အကိုရေဘဝကအဲလိုပဲလေအားမငယ်ပါနဲ့...သုညဆိုပေမယ့် ရှေ့က ဂဏန်းတွေထည့်ရင်များစွာတန်ဖိုး
ရှိပါတယ်ရှင့်...နောက်ပြီးတော့အကိုရေထေရဝါဒဗုဒ္ဓဘာသာရဲ့ အနှစ်သာရလေးနှင့် ဘယ်လိုပြုမူနေထိုင်သင့်
တယ်ဆိုတာလည်းပြောပြပါအုံးနော်...
ပေကြီး(ပီတိ)...ထေရဝါဒဆိုတာ ဝါဒလို့သာပြောရပေမယ့် တစ်ယူသန်မျိုးမဟုတ်ဘူးညီမ ပိဋကသုံးပုံဟာ လူတွေအတွက် စည်းကမ်းတကျပြုမူပြောဆိုလုပ်ကိုင်တတ်ဖို့တစ်ပုံ။နည်းလမ်းတကျ လောကီလောကုတ်ပြုလုပ်ပြောဆို
လေ့လာတတ်ဖို့တစ်ပုံ၊ လောကရဲ့သဘောတရားတွေ နားလည်အောင်လူ့ဘဝအဆိုးအကောင်းတွေအကြောင်း
စိတ်၊ရုပ်အကြောင်းတွေခွဲခြမ်းစိတ်ဖြာပြီးသိနိုင်ဖို့ လောကမှာဖြစ်တတ်တဲ့သဘာဝတရားတွေအကြောင်းနဲ့ အဆုံး
စွန်ဆုံး ဒီကမ္ဘာမြေကြီးဖြစ်တည်ပျက်စီးရတဲ့ပုံအဆင့်ဆင့်ထိ သိနိုင်အောင်ပြောပြထားတာအနှစ်သာရပေါ့ညီမရ။
၂၁.၁၂.၂၀၁၂မှာ မာယာတို့က ကမ္ဘာမြေကြီးပျက်လိမ့်မယ်လို့ ယူဆထားတာကို ကမ္ဘာနဲ့ အဝှမ်းယုံကြည်ကြသူ
တွေဒုနဲ့ဒေးပဲ။ လူပေါင်းထောင်ချီအောင် ထောင်ကျခဲ့အထိဘာသာရေးအစွန်းရောက်တွေကလုံ့ဆော်ခဲ့ကြတာ၊
ပြသနာအမျိုးမျိုးဖြစ်ခဲ့ကြတယ်။ဒါပေမယ့်အဲထဲမှာကိုတို့ ဗုဒ္ဓဘာသာတွေမပါဘူး၊။မဖြစ်နိုင်ဘူးဆိုသိနေတယ်
ဘုရားက ကမ္ဘာပျက်မယ်ဆိုရင်ဖြစ်ပေါ်တတ်တဲ့အကြောင်းတရားတွေကြိုဟောခဲ့ပြီးသားလေ.ဒါကြောင့်ကိုက
တော့ဒါဟာအစောထဲကအရူးထတာလို့ သိခဲ့ပြီးသားပါ ကမ္ဘာပျက်မယ်ဆိုရင် နှစ်ပေါင်းတစ်ထောင်လောက်ကကြို
သိနိုင်မယ်ညီမ အကြောင်းစုံသိချင်ရင်တော့ အရှင်ဇနကာဘိဝံသရေးသားတဲ့ သဂြိုလ်ဘာသာဋီကာကျမ်းကိုသာ
ဖတ်ကြည့်ပေတော့ ကမ္ဘာဖြစ်ပုံပျက်ပုံ အကုန်ပါတယ်။
မမ...ဟုတ်အကိုရေဆက်ပြောပါအုံးနော်..ဗဟုသုတလည်းရအောင်။။။
ပီတိ(ပေကြီး)...ဒါဟာထေရဝါဗုဒ္ဓဘာသာရဲ့ အနှစ်သာရပဲညီမ နောက်ပီးထေရဝါဒဟာ ကိုယ်လုပ်တာကိုကိုယ်
တာဝန်ယူတဲ့ ဘာသာပဲ ဥပမာ သူ့အသက်သတ် သူ့သားမယားစော်ကားပီး တစ်စုံတစ်ဦးရဲ့ အလိုတော်ကျပါ
အပြစ်တွေကိုသူကခံယူသွားပါတယ်ဆိုတဲ့ မျက်နှာလွှဲဘာသာမဟုတ်ဘူး ကောင်းတာဖြစ်ဖြစ်မကောင်းဖြစ်ဖြစ်
ကိုယ်လုပ်တာကိုယ်ခံပဲညီမ။ဗုဒ္ဓဘာသာဟာ ဘာသာဝင်ဖြစ်နေပေမယ့်မလိုက်နာရင် အပြစ်ဖြစ်တယ် ဘာသာဝင်
မဟုတ်ပေမယ့် လိုက်နာရင်အကျိုးကျေးဇူးတွေရမယ်။ဘယ်ဘာသာဘယ်လူမျိုးမခွဲခြားပဲ လာပါကြည့်ပါရှူ့လှည့်ပါ
လို့ စိန်ခေါ်ရဲတဲ့ ဘာသာတရားမို့ အနှစ်ထုတ်တတ်မြတ်သထက်မြတ်တာပေါ့ညီမရယ်။လိုက်နာတာရှောက်ကြဉ်
တာကတော့ ဗုဒ္ဓဘာသာအနှစ်ချုပ်အတိုင်း မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားရမှာပေါ့
ညီမ...အသေးစိတ်ပြောနေရင်သိပ်ရှည်သွားလိမ့်မယ်...
မမ...နောက်အလင်းကိုရောက်တာကြာပီးလားအကို
ပီတိ(ပေကြီး)...အလင်းကိုရောက်တာ ၂၀၁၂ လေးလပိုင်းလောက်ကဖြစ်မယ်ထင်တယ်။
ကိုအွန်လိုင်းစတင်အသုံးပြုလို့မကြာ သေးခင်မှာအလင်းကိုရောက်ခဲ့တာပါ။ အဲတုန်းက
ဖလက်ဆောင်းဆိုဒ်နဲ့အလင်းနှစ်ခုထဲမှာကိုအမြဲနေခဲ့တာ
အလင်းရဲ့နွေးထွေးမှုကြောင့်သိပ်ပျော်ရွှင်ခဲ့ပါတယ်။
အရင်က အလင်းအက်ဒမင်မှန်သမျှကိုနဲ့ရင်းနှီးကြတာများ တယ်။
နောက်ပိုင်း လူတွေတော့ သိပ်မသိတော့ဘူး။
မမ...နောက်အကိုက top bloger တစ်ယောက်နော်...သတင်း၊ဆောင်းပါး၊ကဗျာလေးတွေတင်တာများ
တယ်နော်..သတင်းဆိုရင်ရောဘယ်လိုသတင်းလေးတွေတင်ဖြစ်လည်းအကို
ပီတိ(ပေကြီး)...ဟုတ်ပါတယ်ညီမ တစ်ခါတရံလည်းဝတ္ထုလေးတွေရေးဖြစ်ပါတယ်။
သတင်းပေါင်းစုံဆေးလိပ်ခုံပေါ့ညီမရယ်။ သတင်းမရွေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းကိုသတင်းသိပ်မတင်တော့ ဘူးသတင်းတင်ရတာ မှန်ချင်မှန်မယ်မမှန်ချင်မမှန်ဘူး ဒီလိုလူတိုင်းသဘောထားနိုင်ရင်ကောင်းတယ်။ သတင်း ဟူသမျှအမှန်ထင်သူတွေက  သတင်းတိုင်းဖြစ်မလာရင် ညာတာပါတေးထင်ချင်ကြတာ။နောက်ပြီးသတင်း ကဏ္ဍက နောက်ပိုင်းပြဿနာတွေလည်း ဖြစ်လာနိုင်လို့ ဒီဘက်ပိုင်းမှာကို သတင်းတွေကို ဦးစားမပေးတော့ဘူး။
မမ..ဟုတ်အကို..ကဗျာလေးတွေရေးရင်လည်းအသိပညာပေးတဲ့ကဗျာလေးတွေများတယ်နော်...
ပီတိ(ပေကြီး)...ဟုတ်၊ရေးပါတယ်ညီမ ပညာပေး၊အချစ်၊အလွမ်း၊အကြမ်း ဘယ်ဟာပဲဖြစ်ဖြစ်ရေးချင်တဲ့အခါ ထရေးဖြစ်ပါတယ်။ ဒါပေမယ့်ကို ကဗျာတွေကို သိပ်အွန်လိုင်းမှာမတင်ဖြစ်ဘူး။ ၀တ္တုနဲ့ဆောင်းပါးကိုဦးစားပေးတင်ဖြစ်တယ်။
မမ...အကို ကဗျာဝင်ပြိုင်ထားတဲ့ ဂုဏ်တော်ရိုကျိုးသားရှစ်ခိုး ဆိုတဲ့ကဗျာလေးကိုဖတ်ပီး သားလိမ္မာလေးတစ်
ယောက်လို့ထင်ပါတယ်...
ပီတိ(ပေကြီး)...ဟုတ်အခုချိန်အထိတော့ သားလိမ္မာပါပဲ..နောင်ဆိုတာကြိုမသိတော့ကြိုမပြောတော့ပါဘူးဗျာ
မမ...နောက်အကိုမှာဘဝလက်တွဲဖော်အဖြစ်ရည်ရွယ်ထားတဲ့ ချစ်သူလေးရောရှိလားမသိဘူးရှင့်
ပီတိ(ပေကြီး)...အင်းဒီမေးခွန်းကဖြေရင်တော့ ယုံမယ်မထင်ဘူး။ ဒီအသက်အရွယ်ရောက်လာပြီလေ
။မရှိဘူးဆိုရင်ယုံပါ့မလား။ ဒါပေမယ့် တကယ်ကိုပဲ ကိုယ့်မှာချစ်သူမရှိသေးပါဘူး။
မရှိတဲ့အကြောင်းရင်းကိုပြောရရင်ဘ၀အကြောင်းလေး နည်းနည်းပြောပြရလိမ့်မယ်။
ကိုချစ်တဲ့အလင်းမောင်နှမတွေပဲလေ  ပြောလည်းကိစ္စမရှိပါဘူး။
တကယ်တော့ ကိုက ဦးဇင်းတစ်ပါးကနေလူဝတ်လဲထားသူတစ်ယောက်ပါ။
အလင်းကိုစရောက်တော့ လူဝတ်လဲထားတာမ ကြာသေးဘူးလေ။
ငယ်ငယ်ကတည်းက သာသနာ့ဘောင်မှာနေလာပြီး
လူ့ဘောင်ရောက်တာနဲ့အလုပ် အဆင် ပြေဖို့ပဲဦးတည်နေရတော့ အချစ်ရေးကိုမေ့ထားလိုက်တာပါ။
မမဆီမှာ ရည်းစားစကားပြောနည်းသင်ပြီး အလင်း မှာ အချစ်ရှာပုံတော်ဖွင့်ကြည့်ရင်ကောင်းမလားပဲ။
မမ...ဟုတ်အခုလိုမောင်နှမတွေလိုသဘောထားပီး ဖြေကြားပေးတာကျေးဇူးပါရှင်
အဲမမဆီမှာသင်ရင်တော့...ေိေိ...ဟိဟိ..လမ်းညွန်ပေးလိုက်မယ်..ဆိုဒ်ထဲက..ဖိုးစွံလေးတွေဖြစ်
တဲ့ တူဂျီး၊ ကြူကြူဖူးတို့..အကိုလေးဖိုးထက်တို့စီမှာသွားသင်နော်..စွံမှာကျိန်းသေတယ်(ညက်စိ).ေိေိ
သူတို့လိုပဲဂေါ်မစွံလူပျိုသိုးကြီးတွေဖြစ်မှာတော့မြင်ယောင်နေတယ်...း)))
နောက်အကိုရဲ့ အကြိုက်ဆုံး အစားအစာလေးကရောအကိုရှင့်
ပီတိ(ပေကြီး)....အကြိုက်ဆုံးရယ်လို့  အစွဲမရှိပါဘူး။ မြန်မာအစားအစာနဲ့ ရှမ်းအစားအစာမျိုးကို စားဖြစ်တာတော့များတယ်။
မမ...နောက်အကိုရေ အလင်းကမ္ဘာဆိုဒ်လေးမှာလိုအပ်ချက်တွေရှိရင်လည်းပြောပြပေးပါအုံးနော်...
ပီတိ(ပေကြီး)...ဘယ်နေရာတိုင်းမဆို ပြည့်စုံတယ်မရှိသလို။ ပိုနေတာကြီးလည်းမရှိဘူး။
ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ နှစ်၊ရာသီ အလိုက် လိုလိုက်ပိုလိုက်ပြောင်းလည်းနေမှာပါ။ ဒါကြောင့်ဖြစ်ပေါ်နေတဲ့အခြေနေမှာပဲ ကြည့်လုပ်တာ ကောင်းပါတယ်။
မမ...ဟုတ်အက်မင်တွေဘက်ကလိုအပ်ချက်တွေရှိရင်လည်းအားမနာစတမ်းဝေဖန်သွားပါအုံးရှင့်
ပီတိ(ပေကြီး)...ဘယ်လိုပြောရမလဲညီမရယ်။ လူတိုင်းအားနည်းချက်ရှိသလို အားသာချက်တွေလည်းရှိပါတယ်။
မမ...နောက်အကိုရေ အလင်းကသူငယ်ချင်းတွေအတွက်အမှတ်တရစကားလေးလည်းပြောပေးသွားပါအုံးရှင့်
ပီတိ(ပေကြီး)...အလင်းကသူကြီး၊အလင်းအက်ဒမင်များနဲ့တကွမန်ဘာများ
အားလုံးနှစ်သစ်မှာ ပျော်ရွှင်စရာများနဲ့များများတွေ့ပြီးဘ၀အောင်မြင်
ရေးများကိုလုပ်ဆောင်နိုင်ပါစေ။ မနှစ်သက်စရာ စိတ်မချမ်းမြေ့စရာများနှင့်
ဝေးနိုင်သမျှဝေးကွာနိုင်ပြီး။ဘာသာ သနာအကျိုးတိုးပွားအောင်ဆောင်ရွက်နိုင်ပါစေ။
ကိုယ့်ညီမလေး မမလည်းထာဝရပျော်ရွှင်မှုကိုရနိုင်ပါစေနော်။
မမ...ဟုတ်အကိုရေ အကိုလည်းပျော်ရွင်ချမ်းမြေ့တဲ့ဘဝလေးပိုင်ဆိုင်ပါစေရှင်
မမမေးသမျှကိုအချိန်ပေးပီး သေသေချာချာပြန်ဖြေကြားပေးတဲ့အတွက် အကိုကိုကျေးဇူးအထူးတင်ပါတယ်ရှင်
ပီတိ(ပေကြီး)...ဟုတ်ညီမလေးရေ မမကိုလည်းကျေးဇူးပါဗျာ။။
 အလင်းရွာသူရွာသားများရှင့် မမနှင့် ကိုပီတိ(ပေကြီး)တို့ရဲ့ အမေးအဖြေ လေးတွေကိုလည်း ကျေနပ်နှစ်သက်
လိမ့်မယ်လို့ထင်ပါတယ်ရှင်..အခုအစီအစဉ်လေးကို ဒီမှာတင်ရပ်နားပီး နောက်တစ်ပါတ်မှာဘယ်သူတွေကို
မေးမြန်းမယ်ဆိုတာကိုလည်း စောင့်မျှော်အားပေးကျပါအုံးနော်

4 comments:

  1. အင်တာဗျူးလေးကိုဖတ်ရှု့ခဲ့ပါတယ်။

    ReplyDelete
  2. ခစ်ခစ်...အင်တာဗျူးလေးကို စိတ်ဝင်တစားနဲ့ ဖတ်ရှူ့ ခဲ့လယ်နော်...

    ReplyDelete
  3. အဲနာမည်က ဘယ်သူမှန်းလဲသိဘူး ဟုတ်ကဲ့ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။အားလုံးပျော်ရွှင်ပါစေ။

    ReplyDelete
  4. ဖတ်သွားပါတယ်ရှင် ကြိုးစားပါရှင်

    ReplyDelete

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks