စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Saturday, January 26, 2013

လူငယ်မောင်မယ်များနှင့် သူမပေးတဲ့ဥစ္စာကိုယူခြင်း

လူငယ်မောင်မယ်များနှင့် သူမပေးတဲ့ဥစ္စာကိုယူခြင်း

လူငယ်မောင်မယ်တို့ရေ…..
ဒီတစ်ခါတော့ငါးဟင်းကြီးများအမြဲစားထဲက ဒုတိယသီလအကြောင်းလေး ရေးသားဖို့အချိန်ကျလာပြီ။ငါးပါးသီလထဲကအ  ဒိန္နာဒါနာ-ပိုင်ရှင်မပေးတဲ့ဥစ္စာကိုယူခြင်းအကြောင်းလေးပြောကြရအောင်။
တကယ်တော့လူဆိုတာယုံကြည်မှုနဲ့လုပ်ကိုင်စားသောက်နေကြတာ။ဘာပဲလုပ်လုပ်ယုံကြည်မှုရှိမှ စိတ်ချရမှ လက်တွဲချင် ကြတယ်။ခိုးတတ် ဖွက်တတ် အတင်းအဓမ္မလုယူတတ်တဲ့လူတစ်ယောက်ကို ဘယ်သူကမှလက်မတွဲချင်ကြဘူး။ ဒီတော့မောင် မယ်တို့ရေ..လူ့လောကထဲမှာ အရာရာအဆင်ပြေပြေလုပ်စားချင်ရင်၊ရာထူးဌာနရချင်ရင် ပိုင်ရှင်မပေးတဲ့အရာမှန်သမျှ ဘယ်အရာ မှမယူမိအောင်ထိန်းသိမ်းကြဖို့တော့လိုတယ်။ပိုင်ရှင်မပေးတာကို ယူတဲ့သူတွေများရင်အရာရာ ဒုက္ခရောက်ရတတ်တယ်ကွ။ ကိုယ့် ပစ္စည်းသူကယူ သူ့ပစ္စည်းကိုယ်ကယူနဲ့ အရာရာ ဘာပဲလုပ်လုပ်စိတ်မချရတာတွေများပြီးပူပန်နေရတတ်တယ်။ သွားချင်တာ မသွား ရ လုပ်ချင်ရာမလုပ်ရဖြစ်တတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်ဆိုင်တဲ့အရာကိုသူများယူသွားမှာစိုးလို့ပေါ့။

အရင်တစ်ခါကိုပြောဖူးပါတယ်။ဘယ်သူမှ သူမပေးတဲ့ပစ္စည်းဥစ္စာကို မယူဘူးဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေအတွက် ကြောင့်ကြဆိုက်နေစရာမလိုဘူး။ ကား ဆိုင်ကယ် ရွှေငွေဘယ်အရာတိုင်းမဆို ဒီအတိုင်းထားပြီး စိတ်ချလက်ချ လွတ်လပ်စွာသွား လာလုပ်ကိုင်နိုင်တော့။အပူအပင်ကင်းပြီး လုပ်နေတဲ့လုပ်ငန်းပြီးမြောက်လွယ်တာပေါ့။ ဒီလိုမဟုတ်တော့ ရုံးထဲမှာအလုပ်လုပ်နေ တာတောင် ရုံးပေါက်မှာရပ်ထားခဲ့တဲ့ငါ့ဆိုင်ကယ်လေး  ရှိများရှိသေးလားဟဲ့ ဆိုတဲ့အတွေးနဲ့နောက်ဆံတတင်းတင်းဖြစ်ရတာပေါ့။ ဒီတော့လုပ်ငန်းထဲဘယ်စိတ်ဝင်စားတော့မလဲ။ လူတွေထဲမှာခိုးသူဝှက်သူတွေက ပေါနေတော့ သောက်ရေအိုးတွေက ရေခွက် လေးတွေတောင်
လွတ်လပ်စွာမနေရပဲ သံကြိုးလေးတွေနဲ့ ချုပ်နှောင်ထားရတာ ဘယ်လောက်ရှက်စရာကောင်းလဲ။ ဘုရားဖူးနေ တုန်း နောက်က ဖိနပ်ပျောက်တတ်လို့  ဘုရားတောင်ဖြောင့်ဖြောင့်မဖူးနိုင်တဲ့ဘ၀ ၊ ဖိနပ်ကိုလက်ကကိုင်ပြီး ကိုယ်ဖိရင်ဖိ စောင့် ရှောက်နေရတဲ့ဘ၀ ဘယ်မှာလွတ်လပ်တော့မလဲ။ ဒါကအသေးအဖွဲရှိသေးတာနော်။ကြောင့်ကြဆိုက်ရများတယ်။
ဒီတော့မင်းတို့လေးတွေ သူများပစ္စည်းကိုမပေးပဲယူတာမျိုးဘယ်တော့မှမလုပ်မိစေနဲ့နော်။ကိုယ်စယူမိရင်သူကလည်း ပြန် ယူချင်မှာပဲ၊ကိုယ်ကအရင်မယူမိအောင်ထိန်းမှကိုယ့်ပစ္စည်းလည်းအယူမခံရမှာ တကယ်လို့ကိုယ်ကမယူပဲ သူကကိုယ့်ပစ္စည်းယူ တယ်ဆိုရင်လည်း သူ့အပြစ်နဲ့သူရှိပါစေ ။သူ့ပစ္စည်းလည်းပြန်ယူလိုက်မယ်ဟဲ့ဆိုတဲ့ အတွေးမျိုးကိုအ၀င်မခံပါနဲ့။သေးငယ်တဲ့မီး ပွားလေးဟာ မြို့ရွာတွေကို ပြာကျအောင်လောင်ကျွမ်းစေနိုင်သလို အနည်းငယ်လေးစခိုးယူတတ်တဲ့အကျင့်ဟာ တကယ့်အ ကြီးစားသူခိုးကြီးဖြစ်လာဖို့လမ်းစဖြစ်သွားနိုင်တယ်။
ကိုယ်ကြားဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ခရမ်းချဉ်သီးရောင်းတဲ့သူဆီမှာ တစ်ယောက်က၀ယ်တယ်။ခရမ်းချဉ်သီးသည် အလေးချိန်နေတုန်း ၀ယ်သူက ဇပ်ဆို နှစ်လုံး သုံးလုံးလောက်ခြင်းထဲကောက်ထည့်ပြီးခိုးယူလာခဲ့တယ်။အိမ်ရောက်တော့ သူ့သ မီးလေးကို သမီးရေ အမေ ဈေးဝယ်လာတာ ခရမ်းချဉ်သီးကတစ်ပိဿာပြည့်လားမသိဘူးချိန်ကြည့်စမ်း ဆိုတော့သမီးလုပ်သူက ချိန်ကြည့်တယ်။မပြည့်ဘူးအမေတဲ့ ခရမ်းချဉ်သီးသည် အလေးခိုးပုံရတယ်။ ပြောလိုက်တော့ ။အမေဖြစ်သူက ဒီကောင်မတော့ နောက်နေ့ရောက်ရင်သေချာပြောရမယ်လို့ကြိမ်းဝါးနေတုန်းရှိသေးသမီးကလှန်းအော်ပြော
လိုက်တယ်။``အော်အမေ..ပြည့်တယ် ပြည့်တယ် ခရမ်းချဉ်သီး သုံးလုံးက ခြင်းအောက်ထဲမှာရောက်နေလို့´´တဲ့။
ဒီမှာပဲကြည့် ကိုယ်ကမှမမှန်ကန်တာ သူများကဘယ်မှန်ကန်တော့မလဲ နောက်ဆုံးတော့တစ်ပိဿာ တစ်ပိဿာပဲရတာ မဟုတ်လား။ ကိုယ့်ပစ္စည်းအခိုးမခံချင်ရင် ကိုယ်ကသူများပစ္စည်းကို ယူတတ်တဲ့အကျင့်အရင်ဖျောက်မှတော်ရာကျလိမ့်မယ်။ ကိုယ်တော့ခိုးပြီး သူများခိုးတာကျအပြစ်မြင်တတ်တယ်။ ကိုယ့်ပစ္စည်း သူများနောက်ပါမသွားရလေအောင် ကိုယ်ကသူများ ပစ္စည်းမယူမိဖို့လိုတယ်။ ဘယ်နေရာဘယ်ဌာနပဲရောက်ရောက် ငါ့ခွင်ထဲရောက်လာရင်တော့ ချလိုက်မဟဲ့ဆိုတဲ့စိတ်မျိုးဖျောက် ပစ်ပါ။ ၀န်ထမ်းဆိုလည်း ၀န်ထမ်းအလိုက် ယူလို့ရတဲ့စားကွက်တွေအများကြီးရှိတယ်။ ရတုန်းယူထားမယ်ဆိုတဲ့စိတ်မျိုးဖယ် ရှားပါ။နိုင်ငံဝန်ထမ်းတွေကစ အဲလိုယူနေကြမယ်ဆိုရင် ပြည်သူတွေဘယ်လိုဒီကိုယ်ကျင့်တရားမြဲတော့မလည်း။ အချို့အရမ်း ဆိုးဝါးတာက ရှေ့နေများ တရားရုံးများက လူတွေတောင် ဒီလို ပိုင်ရှင်မပေးတဲ့ ဥစ္စာကိုရသလိုတစ်ဖက်လှည့်နဲ့ယူတတ်ကြတယ်။ တရားဆုံးဖြတ်သူတွေက ဒီလိုလုပ်ရင် သူတို့ဆုံးဖြတ်တဲ့တရားကလည်းဘက်လိုက်တတ်မယ်ဆိုတာ အသိသာကြီးဖြစ်သွားတယ်။
တကယ်တော့ခိုးတယ်ဆိုတာ  ပိုင်ရှင်မသိခင်ဝင်ခိုးတာမျိုးမှ ခိုးတာမဟုတ်ဘူး ချေးငှားထားတဲ့ ပစ္စည်းပြန်မပေးတာ ပိုင် ရှင်မသိအောင် တစ်ဘက်လှည့်နဲ့ပြောပြီးညာယူတာ ပိုင်ရှင်ရှေ့မှာတင် မပေးတဲ့ပစ္စည်းကိုအတင်း ယူလာခဲ့တာ ဒါတွေ အကုန် လုံးက ခိုးတာထဲမှာ ပါသွားတယ်။ ဒီနေရာမှာ  သတိထားစရာ တစ်ချက်ပြောဖို့ရှိသေးတယ်။ နိုင်ငံတစ်နိုင်ငံက လူတွေက နိုင်ငံ တစ်နိုင်ငံကို တရားဝင်မဟုတ်ဘဲ မှောင်ခိုသွားပြီး အလုပ်လုပ်တာမျိုးဟာလည်းတကယ်တော့ခိုးတာပါပဲ။ တရားဝင်မဟုတ် တဲ့အ တွက် ကိုယ့်မှာအပြစ်ဖြစ်သွားတယ်။ ဖမ်းမယ်ဆိုဖမ်းလို့ရတယ်။ဒီလိုတရားဝင် မဟုတ်ဘဲအခြားနိုင်ငံတွေမှာခိုးဝင်တာမျိုး မလုပ် ကြနဲ့ကွ ။ဘာလို့လည်းဆိုတော့ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုပါတော့ ဖြေရှင်းရမယ်ဆိုကိုယ့်ဘက်က ဘာမှခိုင်ခိုင်မာမာ မရှိတဲ့ အတွက် အနစ်နာဘက်ကပဲအမြဲနေရတဲ့အပြင် ကိုယ့်နိုင်ငံအတွက်လည်းမြန်မာတွေက ခိုးဝင်သတဲ့ဆိုတဲ့ကဲ့ခြင်းကိုခံရနိုင်လို့ ဂုဏ် သိက္ခာငြိုးငယ်ရတယ်။
နောက်ကိုယ့်စိတ်ကလည်း ဒီနိုင်ငံမှာ ငါတရားဝင်လာနေတာမဟုတ်ဘူး။မကောင်းတာလုပ်ဖို့အခွင့်အရေးသာတယ် စာ ရင်း ထဲမှာငါ့နာမည်မပါဘူးအသိနဲ့ ညာချင်ညာမယ် ခိုးချင်ခိုးမယ် မိန်းမယောက်ျားလိုက်စားရှုပ်ပွေမယ် ဆိုတာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒီတော့မဖြစ်သင့်တာတွေဖြစ်လာဖို့များသလို တစ်ဘက်ကနိုင်ငံကလူတွေအတွက်လည်း ကိုယ့်နိုင်ငံအတွင်းမှာ ဒီလိုမဟုတ်တဲ့ ပုဂ္ဂိုလ်တွေကြောင့်အရမ်းနစ်နာရတယ်။ တစ်ခုမြင်သာအောင်ပြောပြမယ်။ တို့နိုင်ငံမှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်အရေးအခင်းမှာ မြန်မာနိုင်ငံ တိုင်းရင်းသားစာရင်း လူမျိုးစုထဲမှာမပါဝင်တဲ့ ရိုဟင်ဂျာတွေ လာရောက်ခိုးဝင်ပြီး နေထိုင်လာခဲ့ ကြတယ်။ တစ်ဖြည်းဖြည်းနဲ့သူတို့လူမျိုးစုတွေအယောက်သုံးလေးသိန်းထိအင်အားများလာတယ်။ သူတို့မှာ ဥပဒေရယ်လို့သိပ် မရှိဘူး။ လူတို့လူမျိုးစု အတွက်ပဲကြည့်တယ်။ ရခိုင်ဒေသမှာ သူတို့လုပ်ချင်ရာလုပ်တယ်။ မိန်းကလေးတွေကို ဖျက်စီးတယ်။ သူတို့မတည့်သူကိုသတ်ပစ်တယ်။ ဒီလိုနဲ့ အခွင့်အခါရလာတာတွေများလာတဲ့အခါ ရခိုင်ဒေသကိုတောင်ပိုင်ဆိုင်လာနိုင်ဖို့အထိ အတွန့်တက်ပြီးထင်ရာကြဲလာကြတယ်။
ရခိုင်အိမ်တွေကို မီးရှို့တယ်။တွေ့တဲ့သူကိုသတ်ပစ်တယ်။ဘုန်းကြီး ကလေးလူကြီး လူလတ်မရွေးသူတို့ ဥပဒေမဲ့စွာသတ် ပစ်ခဲ့ကြတယ်။မန္တလေးက ဆရာတော်ဦးဝီရသူ ရခိုင်ဒေသကိုလေ့လာပြီးပြန်အလာပြောပြတဲ့စကားလေးရှိတယ်။ ``သူတို့ဗလီ တွေကနေ့တိုင်းနိုးဆော်တယ်။ တစ်အိမ်တစ်ယောက်ထွက်ကြပါ။ရခိုင်တွေကိုအရှင်မထားနဲ့၊ရခိုင်ပြည်ကိုငါတို့ပိုင်ရမယ်´´လို့ 
 လော်စပီကာတွေနဲ့အော်ပြီးတောင်အတင့်ရဲစွာ ကျေးရွာပေါင်းများစွာ။ဖျက်စီးခဲ့တယ်။ လူပေါင်းများစွာသတ်ပစ်ခဲ့တယ်။ ကဲကြည့် အဲမှာ တရားဝင်မဟုတ်ပဲ ခိုးဝင်နေကြတဲ့အတွက် အရမ်းနစ်နာခဲ့တယ်။မြန်မာနိုင်ငံအ၀ှမ်း တုန်လှုပ်ခြောက်ချားခဲ့ရတယ်။ အခြား နိုင်ငံတွေက ခြိမ်းချောက်ခြင်းကိုခံခဲ့တယ်။ဒီလောက်ထိ ဆိုးဝါးတယ်ကွ။ ဒါကြောင့်အခြားနိုင်ငံတွေလည်း ကိုယ့်နိုင်ငံလို အဖြစ် ဆိုးနဲ့မကြုံရလေအောင် မှောင်ခိုသွားလာလုပ်ကိုင်တာမျိုးမလုပ်ကြဖို့ကိုယ်တော့ပြောချင်တယ်ကွာ။
ဒါကလက်တွေ့ဆိုးကြိုးတွေနော် နောင်ဆိုတဲ့နောက်ကွယ်မှာ ဘယ်လောက်ထိကိုယ့်အတွက်ရောသူများအတွက်ပါ ဆိုး ကြိုးတွေဖြစ်ပေါ်လာမယ်ဆိုတာမတွေးရဲစရာပဲ။ ဘယ်အလုပ်မဆို ခိုးလုပ်တာထက်တရားဝင်လုပ်တာဟာ ကိုယ့်အတွက်လည်း လွတ်လပ်သလို အများအတွက်လည်းလုံခြုံမှုကိုရစေတယ်။လွတ်လပ်ပျော်ရွှင်တဲ့ အရာများကိုရရှိခံစားစေရနိုင်တယ်။ ပြဿနာ ကြုံလာရင်တောင် ကိုယ့်ဘက်က ငဲ့ညာကြည့်ပေးခြင်းခံရနိုင်တယ်။ သူများပစ္စည်းတစ်ခုကိုယူထားတဲ့သူဟာ စိတ်ထဲမလုံ မခြုံနေ ရတတ်ပြီး အာဏာပိုင်တွေမြင်ရရင်တောင် ကြောက်သလိုလို ရွံ့သလိုလိုနဲ့ ရင်မဆိုင်ရဲဖြစ်တတ်တယ်။ ငါ့အပြစ်တွေသိများ သိသွားလေပြီလား။ ငါ့များလာဖမ်းတာလေလားဆိုတဲ့ သံသယတွေကအမြဲနှိပ်စက်လို့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ကိုဆုံးရှုံးရ တယ်။ သူများနိုင်ငံမှာ တရားဝင်မဟုတ်ဘဲသွားနေရတဲ့သူတွေလည်းဒီလိုပဲ နေရာတိုင်းမှာမလွတ်လပ်ဘူး ငါ့ကိုသိများသိလေပြီ လားဆိုတဲ့အတွေးနဲ့ ကြောက်လန့်နေရသလို ဖမ်းခံရတဲ့လူတွေလည်းမနည်းတော့ဘူး။
လုပ်တဲ့လုပ်ငန်းတိုင်းလွတ်လပ်ပေါ့ပါးပြီး ယုံကြည်မှုကိုရချင်ကြရင် အောင်မြင်မှုကိုရချင်ကြရင်တော့ မခိုးမ၀ှက် မလုမ ယက်တဲ့လူရည်မွန်လေးဖြစ်အောင်အရင်ကြိုးစားကြပေါ့။ ပြီးခဲ့တဲ့စက်တင်ဘာလက မြစ်ကြီးနားကအဖြစ်အပျက်လေးတစ်ခု ခိုး ၀ှက်လုယက်ခြင်းအတွက် တစ်ဘက်လူအများဆိုးကြိုးတွေဖြစ်စေခဲ့တယ်။ ဖြစ်ပုံလေးက မူလတန်းကျောင်းဆရာမတစ်ယောက် ကျောင်းဆင်းတာနဲ့ ကလေးငယ်လေးတွေကို ဂိုက်လိုက်လုပ်ပေးပါတယ်။ ညနေ(၇)နာရီမှာမှ အိမ်ပြန်လာလေ့ရှိပါတယ်။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းကလေးတွေအတွက် ပညာမျှဝေပေးနေတဲ့ဆရာမလေးတစ်ရက်မှာ လူသူကင်းတဲ့နေရာမဟုတ်တဲ့ မြစ်ကြီးနား ကလူစည်ကားရာ မြေမြင့်ရပ်ကွက် ရေတွင်းကွေ့အရောက်ဆိုင်ကယ်နဲ့ပြန်အလာမှာ အခြားဆိုင်ကယ်စီးလူငယ်တစ်ယောက်က အတင်းလိုက်လာပြီးကိုင်ထားတဲ့ပိုက်ဆံအိပ်ကိုမရမက အတင်းလုယူမောင်းထွက်ပြေးပါတော့တယ်။ ပတ်ဝန်းကျင်မှာ လူများစွာရှိ ပေမယ့် ဘယ်သူမှဝင်မကူညီကြသလို အကူညီတောင်းလို့လည်းမရခဲ့ပါဘူး။
မြစ်ကြီးနားမြို့မှာ လုယက်မှုတွေအင်မတန်ပေါများတယ်လို့ သိရတယ်။အဲလိုလုယက်မှုတွေ ရှိတဲ့ပတ်ဝန်းကျင်က လူတွေ ကလည်းသိပ်ဝင်မကူညီတတ်တာများတယ်ဆိုပါတယ်။ဘာကြောင့်မကူညီတာလည်းဆို သူ့တို့ဘက်ကိုအန္တရာယ်ရောက်လာမှာ ဆိုးလို့ပါ။ လုယက်သူတွေက အုပ်စုဖွဲ့ပြီးလာရန်ရှာမှာကိုကြောက်လို့ပါတဲ့။ ပြီးတော့မိုက်မိုက် ကန်းကန်းလူမျိုးခြား ပေါတဲ့နေရာ လည်းဖြစ်နေတော့လုံခြုံမှုမရနိုင်တဲ့နေရာမျိုးဖြစ်နေတယ်။ထားပါတော့ပြောချင်တာက ဒီလို လုယက်ခိုးယူတာကိုခံလိုက်ရတဲ့ ဆ ရာမလေး ထိန့်လန့်တုန်လှုပ်သွားပြီး ။ပါသွားတဲ့ ငွေတွေ ဖုန်းတွေ ၀န်ထမ်းကဒ် လိုင်စင်ကဒ် တွေထက် အရှက်နဲ့ အသက် အန္တရာယ်ကိုပါထိလာမှာကြောက်တဲ့အတွက်၊ နောက်ရက်တွေ ဂိုက်လိုက်မလုပ်တော့ပါဘူး။ အိမ်သား တွေလာကြိုပေးမယ်ပြော တာတောင် လန့်သွားတဲ့စိတ်ကြောင့်ပြန်မလုပ်တော့ပါဘူး ။ဒီတော့ သူ့ရဲ့ရပိုင်ခွင့်တွေလည်း ဆုံးရှုံးသွားရသလို ကလေးငယ်များ စွာရဲ့ပညာရေးကိုလည်းထိခိုက်စေခဲ့ပါတယ်။ခိုးဝှက်ခြင်းရဲ့ဆိုးကြိုးတွေပါ။
ဒါကြောင့်ခိုးဝှက်လုယက်ခြင်းဟာ လူမှုရေး ပညာရေး စီးပွားရေးအရာရာကနှောင့်နှေးစေနိုင်တဲ့အတွက်။မခိုး မ၀ှက် ကြနဲ့လို့ပြောတာပေါ့။ ဒီနေရာမှာ ပြန်ကြည့်ရမှာက ကိုယ်နဲ့ယှဉ်ပြီးကြည့်ပေးရပါမယ်။ ငါ့ပစ္စည်းသူများခိုးတာ ခံလိုက်ရရင် ဘယ် လိုခံစားရမလဲ။ ငါ့ပညာရေး လူမှုရေးတွေ လွတ်လပ်မှုတွေကို ဒီခိုးဝှက်ခြင်းတွေကြောင့်နောက်နှေးစေရတယ်။ ခိုးဝှက်သူတွေပေါ နေတော့ ဘယ်အရာတိုင်းမဆို ကြောင့်ကြစိုက်ပြီးနေရတယ်။ ငါခိုးရင်လည်း အခြားသူတွေဒီလိုပဲ အရာရာမွန်းကျပ်စေနိုင်တယ် ဆိုတဲ့အသိအတွေးလေးမွေးပြီးခိုးဝှက်ခြင်းကိုရှောင်ကြဉ်စေလိုတယ်။
ခိုးဝှက်ခြင်းကိုအားလုံးရှောင်ကြမယ်ဆိုရင်တော့ လက်တွေ့မှာအစောပိုင်းက တင်ပြခဲ့တဲ့ ရှုပ်ထွေးလှတဲ့ပြဿနာတွေ စိုးရိမ်မှုတွေက လွတ်မြောက်ပြီးတော့ အရာရာစိတ်ချယုံကြည်စွာသွားလာလှုပ်ရှားလုပ်ကိုင်နိုင်လို့စီးပွား ဥစ္စာတိုးပွားလာစေနိုင် တယ်။မပင်မပန်း ချမ်းသာစွာနေရနိုင်မယ်။အစားအသောက်ရှားပါးခြင်းကကင်းဝေးနိုင်မယ်။ လုပ်ငန်းကိုင်ငန်းမှာ ကျွမ်းကျင်စွာ လုပ်ကိုင်လာနိုင်ပြီး။ ပစ္စည်းဥစ္စာများမီးလောင်ခံရခြင်း။ သူခိုး ခိုးခံရခြင်း တွေနဲ့ကင်းဝေးလိမ့်မယ်။ လူတွေရဲ့ယုံကြည်မှုကိုရလာ နိုင်မယ်။ တစ်ခုပြောစရာရှိတာက သူများပစ္စည်းကိုကိုယ်က ခိုးခဲ့ဖူးတယ်ဆိုရင်တော့ ဒီအချက်တွေချို့ယွန်းလာနိုင်တာလေးတွေ ရှိကောင်းရှိမယ်။ ကိုယ်ကမှ မယူခဲ့ဘူးဆိုရင်တော့ရာခိုင်နှုန်းအပြည့် အကျိုးတရားတွေရရှိလာနိုင်မယ်။ နောက်ဘ၀အတွက် ထိရရှိနိုင်တဲ့ဘုရားဟောချက်တွေတော့များစွာရှိတယ်။ ဒီနေရာမှာတော့ဒီလောက်ပဲပြောတော့မယ်။ အဲတော့ခိုးခြင်းမှရှောင်ကြဉ် မယ်ဆိုရင် တိုင်းပြည်အတွက်လည်းတိုးတက်လာနိုင်တယ်။ ဂုဏ်လည်းတက်နိုင်လာတယ်။ တိုင်းပြည်အတွက် တိုးတက်လာ နိုင်တယ်ဆိုတာက  တိုင်းပြည်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေမခိုးမ၀ှက်မတရားမယူဘဲ တိုင်းပြည်အတွက်အလုပ် လုပ် လာရင် ကောင်းစေနိုင်တာကိုပြောတာပါ။ အထက်ကဘယ်လောက်ချပေးလိုက်ပေမယ့်။ အောက်ကဘယ်လောက်ယူထားပြီး ဘယ်လောက်နဲ့ဖြစ်သလောက်လမ်းပြင်ပေးခဲ့တယ်။ တံတားဆောက်ခဲ့တယ်။ စက်သုံးဆီတွေချပေးခဲ့တယ်။ စီမံကိန်းတွေအ တွက်ချပေးခဲ့တယ်။စတဲ့စတဲ့စားကွက်တွေမရှိတော့လို့ အထက်က ချပေးသလောက်ရာနှုန်းပြည့်အလုပ် လုပ်တဲ့အခါ တိုးတက် စေနိုင်တာကိုပြောပြတာပါ။
အင်းခုမှ တစ်ခုသတိရလို့ပြောရဦးမယ်။ အချို့နယ်ဆေးရုံတွေမှာ မြွေဆေးတွေနိုင်ငံတော်ကချပေးတယ်။ဒါကိုဆရာဝန် တွေက အဲဆေးကို ဆေးရုံအတွက်အနည်းငယ်ထားပြီး။ပြင်ပဆိုင်တွေမှာရောင်းစားတယ်။ ပြင်ပဆိုင်မှာ ဒီလိုဆေးမျိုးတရားဝင် ရောင်းခွင့်မရှိဘူး။ ပြင်ပဆိုင်မှာ တန်ဖိုးကြီးမြွေဆိပ်ဖြေဆေးတွေရှိနေပြီဆိုရင် အဲဆေးအတုအပလုပ်ရောင်းတာ ခိုးရောင်တာ ဖြစ် ချင်ဖြစ်မယ်။ ဆရာဝန်တွေရဲ့လုပ်စားကွက်ဖြစ်ရင်ဖြစ်မယ်။ ဆေးလာကုတဲ့မြွေကိုက်ခံရတဲ့လူနာဟာ အသက်ဘေးစိုးရိမ်ရပါ တယ်ဆို။ မရှိရေရှိရေစာငွေလေးနဲ့ ဆေးတစ်လုံးသိန်းချီပေးပြီးပြင်ပဆိုင်မှာဝယ်ရတယ်။ ဒီကြားထဲက ဆေးအတုဖြစ်နေရင် ရှော့ဖြစ်ပြီး အသက်ပါတမ်းပေးလိုက်ရတယ်။ ကိုယ့်စီးပွားရေးဖြစ်ဖို့အတွက် လိမ်ညာခိုးဝှက်တာဟာ လူပေါင်းများစွာရဲ့ငွေကြေးနဲ့ အသက်တွေပေးဆပ်လိုက်ရတာ သိပ်ရင်လေးဖွယ်ပါပဲ။ အောက်တန်းကျတဲ့လုပ်ရက်တွေပါ။ ခိုးဝှက်ခြင်းကိုသာရှောင်ကြမယ် ဆိုရင် ခုလိုအဖြစ်ဆိုးတွေမှလည်း ကင်းဝေးပြီး လူများစွာအတွက်ဝမ်းမြောက်ဖွယ်ကိုလုပ်ပေးနိုင်လိမ့်မယ်ထင်တယ်။
ဒါကြောင့် လူသားချင်းစာနာ ကိုယ့်များဒီလိုဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ရင်လေးစရာအဖြစ်မှဝေးအောင် ခိုးဝှက်လုယက် ခြင်းကိုရှောင်ကြပါလို့ပြောရင်းဒီလအတွက် ဒီလောက်နဲ့တော်ကြရအောင်လူငယ်မောင်မယ်တို့ရေ။ ခိုင်းဝှက်ခြင်းကိုရှောင်ခြင်းဖြင့် အရာရာတည်ငြိမ် အေးဆေးပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။
သူ၏ဥစ္စာ ၊ မပေးတာ ၊ယူခါမသုံးနဲ့။
ငါ့ဟာယူလျှင် ၊ စိတ်မရွှင် ၊ ဖြစ်အင်စာနာကွဲ့။
ခိုးခြင်းရှောင်ခါ ၊ အေးချမ်းရာ ၊ ရအောင်ယူစို့ရဲ့။
လွတ်လပ်အေးချမ်း ၊ တိုးတက်လမ်း ၊ စိတ်ဝမ်းမှာမွေးခဲ့။


                        အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်.....
                                              ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks