စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Friday, July 18, 2014

18.7.2014 အာဇာနည်နေ့အကြို ကန့်ဘလူမြို့နယ်အမှောင်ကျခြင်း


18.7.2014 ဒီနေ့ဟာ အာဇာနည်အကြိုနေ့ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းက ပေကြီး၊ ခအုံးတာ၊ ဘုတ်ကုန်း၊ ငှက်ပျောတိုင်း ထောက်ရှာအိုင်က တောင်သူ သူရဲကောင်းများလည်း ဒီနေ့ အာဇာနည် နေ့ အကြိုအဖြစ် ဂုဏ်ပြုခံလိုက်ရပါတယ်။
ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ 1999ခုနှစ်က သိမ်းဆည်းခံထားရတဲ့ ၄င်းကျေးရွာတောင် သူများ ဖိုးဖွားမိဘများလက်ထက်ကတည်းကလုပ်ဆောင်လာသောလယ်ယာမြေ များကို စစ်တပ်မှ

သိမ်းယူထားရာ ။ သမ္မတဦးသိန်းစိန်လက်ထက်တွင် လယ်ယာမြေ များပြန်လည်ပေးမည်ဖြစ်ကြောင်းသိရတာကြောင့် လယ်ယာမြေများ ပြန်လည် မိမိ၏ မူလ လယ်ယာမြေများပြန်လည်ရရှိရေး တိုက်ပွဲဝင်ခဲ့ကြရာ ယနေ့ လူ ၂၈ ဦးကို ထောင်များ အများဆုံး သုံးနှစ်ထိချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်က ၈ဦး အပါအ၀င် လူပေါင်း ၃၆ ဦးထိ ဖမ်းဆီးထောင်ကျခံထားရကြောင်းသိရပါတယ်။ လယ်ယာမြေများနှင့် ပတ်သက်ပြီး ကန့်ဘလူတရားရုံးမှာ တရားစွဲခံထားရတဲ့ မူလပိုင်ရှင် တောင်သူများ အယောက် ၄၀၀ ထိရှိကြောင်းသိရပြီး လာမယ့် ၂၁ ရက်နေ့ မှာ ထပ်မံ ရုံးချိန်းထားပြီး ဘယ်နှစ်ယောက် ထောင်ကျဦးမယ်ဆိုတာ တောင်သူများ ရင်တမမ စောင့်မျှော်နေကြပါတယ်။ ယနေ့ ချမှတ်လိုက်သော ထောင်ဒဏ်ကျခံရသူ များထဲတွင် ပေကြီးကျေးရွာ တစ်ရွာတည်းပင် ၁၃ ယောက်ပါရှိကြောင်း သိရပါတယ်။
မိသားစုဝင်များ အထူးဝမ်းနည်းကျေကွဲနေကြပါတယ်။
လတ်တလော ထောင်ကျသူများစာရင်းရထားသူများမှာ
၁။ ဦးဝယ်  ပေကြီး
၂။ မောင်လင်း ပေကြီး
၃။ ဦးကျော်လွင် ပေကြီး
၎။ မောင်မောင် ပေကြီး
၅။ ကိုစိုးဝင်း ပေကြီး
၆။ဦး ပေါ်စွာ ပေကြီး
၇။ ဆန်းလင်းအောင် ပေကြီး 
၈။ ဦးစိန်သောင်း ပေကြီး
၉။ ဒေါ်စိန် ပေကြီး
၁၀။ ကိုမြင့်ထူး ပေကြီး

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks