စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Friday, July 18, 2014

ကန့်ဘလူမြို့နယ်က ကြေကွဲပုံရိပ်များ

တင် မျိုး's photo.
မူလ တောင် သူ ၁၈ ဦး တပြိုင် တည်း အမိန့်ချ
••••••••••••••••••••••••••••••••••••••••••••••••••
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ
မြို့နယ် ဌက်ပျောတိုင်းအုပ်စု/ရွာ ဒေသတ၀ိုက်
တပ်သိမ်းယာမြေ ရရှိရေး ထွန်တုံးတိုက်ပွဲဝင်ကြိုး
ပမ်းခဲ့ကြချိန် သီးစားစိုက် တောင် သူများက သီး
နှံဖျက်စီးမှုဖြင့် တရားစွဲဆိုကြရာ တရားစွဲခံ တောင်
သူများ ဆင့်ခေါ်ထားသည့်

17.7.2014 နေ့ ။ နံနက် ၉ နာရီ ၃၀ မိနှစ်













ကန့်ဘလူမြို့နယ် အမှတ် ( ၁ ) တရားရုံးသို့ တရားစွဲခံတောင် သူများ ကူညီဝိုင်းရံသူများမော်
တော်ဆိုင် ကယ် အစီး ၃၀ ကျော်ဖြင့် စတင်
ရောက် ရှိနေပါပြီ ။
၉ နာရီ ၅၅ မိနှစ် အချိန်
ဒိုင် နာမော်တော်ယာဉ် ၃ စီးအပြည့် တောင် သူ
အများအပြား ရောက် ရှိလာရာ စုစုပေါင်း အင် အား
၃၀၀ ကျော်ခန့် ရှိပါတယ်။ တရားရုံး ပုံမှန် ဖွင့်
လှစ်ချိန် ၁၀ နာရီ ဖြစ်သော်လည်း ရုံးဖွင့်လှစ်ချိန်
နောက်ကျနေချိန်မှာ
ကန့်ဘလူ GTC ကျောင်းသား သမဂ္ဂမှ ဒေသခံ
တောင် သူများ အစုအပြုံလိုက် တရားစွဲဆိုထောင်
ချနေမှုကို ကန့်ကွက်ဆန္ဒ ဖော်ထုတ်မည် ဆိုသော
သတင်း ။ တရားစွဲခံတောင် သူများ ထောင် ကျ
မည့်သူ ဖြစ်နေတာ အတူတူ ယ နေ့ အားလုံးစု
ပေါင်း အဖမ်းခံတော့မည် ။ ရွာမပြန်ကြ တော့
ဘူးဆိုသော သတင်း ။ အမိန့်ချပြီးချိန်မှာ ဆန္ဒပြ
ကြမည် ဆိုသော သတင်းတွေ ထွက်နေချိန်
နေ့ ၁ နာရီ ၃၅ မိနှစ်
တရားစွဲခံ တောင် သူ ( ၁၈ ) ဦး အမည် စရင်းကို
ခေါ်ဆိုပြီး တရားရုံး ဖွင့်ပါပြီ ။
ယ နေ့ တရားရုံး အမှတ် ( ၁ ) တရားသူကြီး
ဥက္ကာမောင် လို့ အမည် စုံစမ်းသိရပါတယ် ။
၁ နာရီ ၄၀ မိနှစ်
ပြစ်ဒဏ် အမိန့် စတင် ချမှတ်ပါတယ်
ယ္ခု မူလ တောင် သူအားလုံး သီးနှံ ၁ ကြိမ်ဖျက်စီး
ပုဒ်မ ၄၂၇ ဖြင့် ပြစ်မှု ၁ ခု ။ ၂ ကြိမ် ကျူးလွန်သူဆို
ပါက ပြစ်မှု ၂ ခု ။
ပုဒ်မ ၄၂၇ အမှု ၁ ခုကို အလုပ်ကြမ်းနဲ့ ထောင်
ဒဏ် ၃ လ ။ တသီးတခြားစီ ကျခံစေလို့ အမိန့်
ချမှတ်လိုက်ပြီး အယူခံ ၀င် နိုင်ကြောင်းထပ်မံပြော
ကြားပါတယ် ။
ပြစ်ဒဏ် ကျခံရ သော ( ၁၈ ) ဦးမှာ ဌက်ပျော
တိုင်း တစ် ရွာတည်း မှ
၁ ။ ဦးထွန်းနိုင် ပုဒ်မ ၄၂၇။ ၁၂ မှု ။ ၃ နှစ်
၂ ။ ဦးမြင့်အောင် ။ ၇ မှု ။ ၁ နှစ်၉လ
၃ ။ ဦးစောထွန်းနိုင် ။ ၆ မှု ။ ၁ နှစ်၆လ
၎ ။ ဒေါ်စိုး ။ ။ ။
၅ ။ ဦးသန်းဆွေ ။ ၅ မှု ။ ၁နှစ်၃လ
၆ ။ မောင် ပု ။ ၄ မှု ။ ၁ နှစ်
၇ ။ ဦးကျော်အေး ။ ၂ မှု ။ ၆ လ
၈ ။ ဦးထွေးလှ ။ ။ ။
၉ ။ ဦးမြလင်း ။ ။ ။
၁၀ ။ ဦးသောင်း ။ ၁ မှု ။ ၃ လ
၁၁ ။ ဦးငွေကြီး ။ ။ ။
၁၂ ။ ဦးစိန်ကျော် ။ ။ ။
၁၃ ။ ဦးကံထူး ။ ။ ။
၁၄ ။ ဦးကျော်သောင်း ။ ။
၁၅ ။ ဦးပွဲရှောင် ။ ။ ။
၁၆ ။ ဦးဝင်းမောင် ။ ။ ။
၁၇ ။ ဦးစံအေး ။ ။ ။
၁၈ ။ ဦးတင်ဦး ။ ။ ။
တို့ကို ၂ နာရီ ၁၄ မိနှစ် အမိန့်ချမှတ်ပြီး ။
တရားရုံး အတွင်းမှာ ရဲက ချက်ခြင်း လက်ထိပ်ဝင်
ခတ်ပါတယ် လာရောက်ကူညီ အားပေးနားထောင်
နေသူတွေက
`` လူသတ်တရားခံ မဟုတ်ဘူး´´``ထွက်မ ပြေးဘူး´´
ဝိုင်းအော် တောင်းဆိုမှုကြောင့် လက်ထိပ်မခတ်ဘဲ
ကားပေါ် ခေါ်ဆောင် တင် ချိန်မှာ
အားလုံးက လက်ခုတ်တွေ တီးပြီး
`` ဒို့တောင် သူတွေ ဂုဏ်ယူပါတယ် ´´
အော်ဟစ် အားပေး နုတ်ဆက်ကြပုံက ကြေကွဲစ
ရာ မြင် ကွင်းလေးပါ ရင် နာဘို့ ကောင်းပါတယ် ။
ကားတွေ တရားရုံးက စတင် ထွက်ခွါသွားချိန်မှာ
တော့ တောင် သူအားလုံး ရင် ဖွင့် အော်ဟစ် ငိုယို
ပေါက်ကွဲ ကုန်ကြပါတယ်
`` မ တရားရုံး ဥပ ဒေ တွေ ကျဆုံးပါစေ ´´
အော်ဟစ်သံတွေက ဆူညံနေတယ် ။
၂ နာရီ ၃၀ မိနှစ်
ပြစ်ဒဏ် ကျခံရ သော တောင် သူ ဦးပွဲရှောင် က
`` ကျနော့ကို ချန်မထားခဲ့ပါနဲ့ ဖမ်းကြပါ ´`
ဆိုပြီး လူအုပ်ကြားထဲက ထွက်လာပါတယ်
ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး ကားပေါ်တင် ချိန်မှာ
ရောထွေးပြီး ကျန်ခဲ့တဲ့ တောင် သူပေါ့
နောက်တစ်ခေါက် ထပ်ပို့ပေးရတယ် လေ ။
ရင် ထဲက ဆို့နှစ်မှုတွေ မျက် ရည်စ တွေ ကိုယ်စီ
`` ကျနော့ကို ချန်မထားခဲ့ပါနဲ့ ဖမ်းကြပါတဲ့ ´´
ဦးပွဲရှောင် ဖြစ်မ ဖြစ် ရ လေ……
သြော် !!!
ရိုးသား လှတဲ့ ဒို့တောင် သူတွေ ။
တင် မျိုး 18.July.2014

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks