စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Wednesday, June 5, 2013

မွေးနေ့

မွေးနေ့

မွေးတစ်နေ့

သေတစ်နေ့ဆိုပေမယ့်

မွေးနေ့ကိုတော့သတိရတယ်။

ဇာတိအစ

မရဏအဆုံး


တဖြုတ်ဖြုတ်မွေး

တဗုန်းဗုန်းသေ

နေနေရတဲ့ ဘင်္ဂခဏ

ဇရာက နှိပ်စက်။

ဒီကြားထဲ

တထွာဝမ်း

ဟဒယ

ဝေဒနာတွေက

ဒဏ်ရာဗလပွ

သောကဒုက္ခ

ပင်လယ်လှိုင်းထန်

တလှုပ်လှုပ်နဲ့

တစ်ပတ်လည်

တစ်ခါ မွေးနေ့။

ဒီလိုနဲ့
အပတ်ရေ များလာ

နီးနီးလာတဲ့မရဏ

အိုမကြောက်ပါဘူးလေ

ဇာတိက ပြန်စရဦးမှာပဲဥစ္စာ။   ။

                                         ပီတိ(ပေကြီး)

၁၃၇၅ ခုကဆုန်လပြည့်ကျော်(၁၂)ဗုဒ္ဓဟူးနေ့တွင်ကျရောက်သောမွေးနေ့အမှတ်တရ

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks