စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Friday, September 6, 2013

လောကီအလုပ်မျိုးစောင့်ဥပဒေနဲ့ရဟန်းတော်များသက်ဆိုင်မသက်ဆိုင်


လောကီအလုပ်မျိုးစောင့်ဥပဒေနဲ့ရဟန်းတော်များသက်ဆိုင်မသက်ဆိုင်

မေး။ ။ သံဃာတော်တွေဦးဆောင်လှုပ်ရှားနေတဲ့မျိုးစောင့်ဥပဒေပေါ့နော်။အဲမှာမေးချင်တာကသံဃာတော် တွေနဲ့ဒီအိမ်ထောင်သားမွေးကိစ္စသာသနာရေးနဲ့ကြည့်ရင်လုံးဝမသက်ဆိုင်ဘူးလို့ထင်တယ်။
ဖြေ။ ။ ဒါဆိုရင်တော့မိတ်ဆွေရဲ့ ယူဆချက်ဟာအမှားကြီးမှားတယ်လို့ဖြေရလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မြတ်ဗုဒ္ဓဟာသတ္တလောက၊သြကာသလောက၊သင်္ခါရလောကရယ်လို့လောကသုံးပါးကောင်းကျိုး လိုလားတဲ့အတွက်ပွင့်ထွန်းပေါ်ပေါက်လာတာ။ ဘုရားဖြစ်ပြီဆိုတာနဲ့ ကိုယ်တိုင်ကလည်း လောကီလောကုတ် နှစ်မျိုးရဲ့အကျိုးတရားကြီးပွားတိုးတက်ဖို့ကျင့်ကြံဟောပြောခဲ့သလို သူ့ရဲ့တပည့်သားတွေကိုလည်းဒီလိုပဲဟော ပြောခဲ့တယ်။ အများစုက မကွဲမပြားဖြစ်နေကြတာက လူတွေကလောကီအလုပ်ကို လုပ်ရမယ်။ရဟန်းတွေက လောကုတ္တရာအလုပ်ကိုလုပ်ရမယ် ဒီလိုပဲသတ်မှတ်ထားကြတာ။ တကယ်ကအဲလိုမဟုတ်ဘူး လူလူရဟန်း လောကုတ်လောကီ နှစ်လီသောအကျိုးတရားကောင်းကျိုးရဖို့အတွက်အလုပ်လုပ်ရမယ်။ပစ္စုပ္ပန်ကောင်းဖို့ လောကီအလုပ် လုပ်ရမယ်။ဟောပြောညွန်ပြတာဟာရဟန်းတွေလုပ်ပဲလေ။ သံသရာကောင်းဖို့အတွက်လော ကုတ္တရာလုပ်ရမယ် ဒီလိုပဲအကြမ်းမှတ်ထားရမယ်။ လောကီကောင်းကျိုးတွေမပြောအပြောမလုပ်ပဲ လောကုတ္တ ရာတစ်ခုတည်းလုပ်နေရင် ဆီမဖြည့်ပဲရထားမောင်းသလိုဖြစ်နေလိမ့်မယ်။
မေး။ ။ ဒါဆို လူနဲ့ရဟန်းဘာကွာလို့လဲ အတူတူဖြစ်ကုန်မှာပေါ့လောကီကိစ္စတွေနဲ့ရဟန်းတော်တွေနဲ့ဆိုင် တယ်ဆိုရင် အချို့ကျမ်းဂန်တွေမှာ ရဟန်းတွေနဲ့လောကီရေးရာ မဆိုင်ဘူးလို့ တွင်တွင်ဆုံးမထားတာတွေကို ဘယ်လိုဖြေရှင်းမလဲ။
ဖြေ။ ။လူနဲ့ရဟန်းအကွာကြီးကွာတာပေါ့။မနှိုင်းယှဉ်အပ်မနှိုင်းယှဉ်သာအောင်ကွာခြားပါတယ်။ဒီလိုမျိုးမေးတာ ဟာဗုဒ္ဓဘာသာကိုအတွင်းကျကျမလေ့လာပဲ မိရိုးဖလာတွေများနေကြလို့ပါ။တကယ်တမ်းဗုဒ္ဓကျမ်းစာတွေ အ တွင်းကျကျလေ့လာဖူးတဲ့သူတွေက သူ့နေရာနဲ့သူခွဲခြမ်းစိတ်ဖြာမြင်တတ်သိတတ်ကြတယ်။ ကျွန်တော်စော စောကပြောခဲ့တယ်။ ဗုဒ္ဓဘာသာတရားတော်ဟာလောကုတ်လောကီ နှစ်လီသောကောင်းကျိုးတွေကို ဖြစ်အောင်ညွှန်ပြတယ်ဆိုတာ လူတွေခွဲခြားသိဖို့လိုတာက ကျောင်းကျိုးကိုသာလိုလားတာ မကောင်းကိုကိုမလို လားဘူး ကောင်းကျိုးဖြစ်မယ်ဆိုရင် ဘယ်လိုကိစ္စပဲဖြစ်ဖြစ်လမ်းညွှန်ပေးရမယ်။ မြတ်ဗုဒ္ဓဟောခဲ့တဲ့ထဲမှာ ပဋိသ န္ဓေကိုယ်ဝန်ကိစ္စ၊မိန်းကလေးဓမ္မတာကိစ္စ၊ဆေးနည်းစတာတွေအကုန်လမ်းညွှန်ချက်တွေဖြစ်ပုံတွေထိဟောခဲ့ တယ်။ကောင်းကျိုးဖြစ်စေမဲ့အရာတွေမို့ပါ။မကောင်းကျိုးဖြစ်စေမယ့်အရာဆိုရင်လည်းဘယ်လို သြဇာရှိသူက အမိန့်ပေးထားပေးထား တားမြစ်ရမယ်။ ရဟန်းနဲ့လောကီရေးရာဘာမှမဆိုင်ဆိုတာက မကောင်းကျိုးကိုဖြစ်စေ တဲ့လောကီရေးရာမျိုးတွေပါ။ ဗေဒင်၊အင်းအိုင်း၊ဂိုဏ်းဆရာ၊နတ်ဆရာ၊ဂမ္ဘီရကိစ္စမျိုးတွေမလုပ်ရဘူး ။မဟောရဘူး အိမ်ထောင်မပြုရဘူး၊မူးရစ်သေစာမမှီဝဲရဘူး။ မွန်းလွှဲစာမစားရဘူး။ ကတာ ၊ဆိုတာ၊ တီးမှုတ်တာ၊နံ့သာလိမ်း တာတွေမလုပ်ရဘူးစတာတွေပေါ့ မဆိုင်တဲ့လောကီအလုပ်တွေမှအများကြီးပဲ။ အဲဒါမျိုးတွေထဲလုပ်လို့တွေ့ရင် သာသနာငြိုးနွမ်းမှုနဲ့ တရားစွဲလို့ရတယ်။
အဲဒီအချက်တွေကလူတွေနဲ့မတူတဲ့အချက်တွေပါ။သူတို့နဲ့မဆိုင်တဲ့လောကီရေးရောတွေပါ။သူ့တို့မှာ ထိန်းသိမ်းရတဲ့သိက္ခာပုဒ်ပေါင်းကဋေကိုးထောင်ကျော်ရှိတယ်ဆိုရင် လူတွေနဲ့မတူတဲ့အချက်တွေကလည်း ကု ဋေကိုးထောင်ကျော်မကရှိလိမ့်မယ်။အဲထဲမှာသူတို့နဲမသက်ဆိုင်တဲ့လောကီရေးရာတွေပါတယ်။ ခုသံဃာတော် တွေလုပ်နေတာက လောကီကောင်းကျိုးအတွက်လုပ်နေတာ ဆိုင်တဲ့ဘုရားဟောကြားခဲ့တဲ့တရားတွေကိုမှီပြီး လုပ်နေတာမို့လုပ်သင့်ပါတယ်။
မေး။ ။ဒါဆို ဘုရားဟောခဲ့တဲ့လောကီကိစ္စရပ်တွေကိုပြောပြပေးပါလား။
ဖြေ။ ။ အကုန်ပြောပြပါဆိုရင်တော့ မိုးသာလင်းသွားမယ်။ပြောပြလို့ကုန်မယ်မထင်ဘူး။ ပိဋကသုံးပုံကို တစ် ခုချင်းဆီမြန်မာလို ဘာသာပြန်ရင် စီးကမ်း ၊နည်းလမ်း၊သဘောတရား လို့အဓိပ္ပါယ်ရတယ်။ အဲမှာလောကီရော လောကုတ်အတွက်ပါ ကျင့်ကြံလုပ်ကိုင်နေထိုင်ရမယ့် စီးကမ်း၊နည်းလမ်းနဲ့လုပ်ငန်းရဲ့ သဘောတရားတွေကိုပြ ထားတယ်။မပါတဲ့ပအရာမရှိသလောက်ပဲ။ဒါကြောင့်ကမ္ဘာ့သိပ္ပံပညာရှင်တွေ တစ်ခုခုတွေ့တယ်။စမ်းသပ် ခန့်မှန်း ချက်ထုတ်တယ်ဆိုရင်း များသောအားဖြင့်ဗုဒ္ဓရဲ့အဘိဓမ္မာသဘောတရားတွေနဲ့အံဝင်ခွင်ကျ ဖြစ်နေတာကို အံ့သြ စွာတွေနေရတယ်။ စီးပွားလုပ်ငန်းရှင်တွေတောင် စီးပွားရေးလုပ်ရမယ့်နည်းလမ်းတွေကိုမြတ်ဗုဒ္ဓပိဋကတွေထဲမှာ ရှာပြီးလုပ်ကြည့်ရင် တိုးတက်လာနိုင်တယ်။ အကုန်သိချင်ရင်တော့ ပိဋကတွေကို သေချာလေ့လာမှရမယ်။
မေး။ ။ ဘာဖြစ်ဖြစ် အိမ်ထောင်သားမွေးကိစ္စနဲ့တော့လုံးဝမဆိုင်ဘူးလို့ကျွန်တော်ထင်တယ်
ဖြေ။ ။ ဒါဆိုရင်တော့ဗုဒ္ဓဓမ္မတွေထဲက ဒီကိစ္စနဲ့ပတ်သက်ပြီးထင်သာမြင်သာရှိအောင် နဲနဲပြောပြပေးမယ်။ ပ ရိတ်ကြီး ၁၁ သုတ်ထဲကအင်္ဂုလိမာလသုတ်ဟာ၊ကလေးမွေးမရလို့ဟောခဲ့တဲ့သုတ်ပါ။နောက် မီးဘေးကင်းဖို့ ၊အချုပ်အနှောင်ကလွတ်မြောက်ဖို့၊ ရောဂါတွေကင်းရှင်းဖို့၊ဟောခဲ့တဲ့သုတ်တွေကြီးပဲ။အဲဒါလောကီအတွက်လုပ် ပေးတာမဟုတ်ဘူးလား ။ အာဝါဟ၀ိဝါဟမင်္ဂလာဆိုတာတွေ လင်ကျင့်ဝတ်၊မယားကျင့်ဝတ်တွေအိမ်ထောင်ရေး နဲ့ပတ်သက်တာတွေအများကြီးဟောခဲ့သလို အခြားအကြောင်းအရာတွေတွက်လည်းအများကြီးဟောခဲ့တယ်။ စပ်မိလို့တစ်ဆက်ထဲပြောပြဦးမယ်။ အကြီးအကဲတွေလိုက်နာရမယ့် နာယကဂုဏ်ခြောက်ပါးဆိုတာ ပညာရှင် တွေရေးခဲ့တဲ့စည်းကမ်းမဟုတ်ဘူး။ သိင်္ဂါလောဝါဒသုတ်လာမြတ်ဗုဒ္ဓရဲ့လမ်းညွှန်ချက်တွေပါ။ အဲသုတ်မှာဆိုရင် မိဘ၀တ်၊သားသမီးဝတ်၊ဆရာဝတ်၊တပည့်ဝတ်၊ မိတ်ဆွေဝတ်၊တွေအပြင်လောင်းကစားခြင်းအပြစ်၊ မူးယစ်သေ စာမှီဝဲခြင်းအပြစ်၊ ပျင်းရိခြင်းအပြစ်တွေပါအစုံပါအောင်ဟောထားတယ်။
ဒီကျင့်ဝတ်တွေကျောင်းနေသူတိုင်းသင် ဖူးတယ်။ တကယ်လို့သာအိမ်ထောင်သားမွေးကိစ္စသံဃာတွေ ဘက်ကလမ်းညွှန်ဖို့မဆိုင်ဘူးလောကီအလုပ်တွေပါဆိုရင်အကြီးအ့တွေလိုက်နာဖို့ လင်နဲ့မယား၊ မိဘနဲ့သား သမီး၊ဆရာနဲ့တပည့်အရက်သမား လောင်းကစားသမား ပျင်းရိနေကြတဲ့တေလေသမားတွေအတွက် ကောင်းစေ နိုင်တဲ့တရားတွေကို ညွှန်ပြဟောကြားပေးခဲ့မှာမဟုတ်ဘူး။ သံဃာတွေလုပ်နေတာဟာ ဗုဒ္ဓတရားတော်တွေနဲ့မ သွေဖီ တိုက်ရိုက်ဆက်နွယ်တယ်။ အဲထဲမှာအထိရောက်ဆုံးက သားသမီးကျင့်ဝတ်ထဲမှာ စောင့်လေမျိုးနွယ်ဆို ဆိုတဲ့အချက်ပါပဲ။
မေး။ ။ဒါဆိုလောကီကိစ္စနဲ့ပတ်သက်ပြီးဟောခဲ့တာတွေအများသားပါလား။
ဖြေ။ ။ဒါကြောင့်ပြောရင်မကုန်နိုင်ဘူးပြောတာပေါ့။ ၃၈ ဖြာမင်္ဂလာတရားကိုပဲကြည့်လောကီကောင်းရေးဦး စားပေးဟောခဲ့တယ်လို့တောင်ပြောရတယ်။ဘုရားသာသနာမှာ လောကီကောင်းအောင်အရင်လုပ်ပြီးလော ကုတ်ပေါ်ရောက်အောင် ပြင်ဆင်ပေးတာမျိုးတွေရှိတယ်။ကားကောင်းမှခရီးကြောင်းဖြောင့်မယ်ဆိုတဲ့သဘောပါ ၃၈ ဖြာမင်္ဂလာထဲမှာ အသေ၀နာစဗာလာနံ -လူမိုက်ကိုမပေါင်းသင်းခြင်းသည်မင်္ဂလာမည်တယ်လို့မပေါင်းရမယ့် သူကိုတားမြစ်ပေးထားတယ်။ပဏ္ဍိတာနဉ္စသေ၀နံ-ပညာရှိကိုပဲပေါင်းရမယ်လို့ညွှန်ကြားပေးထားတယ်။ ပူဇာစ ပူ ဇနေယျာနံ-ပူဇော်ထိုက်သူကိုပူဇော်ရမယ်လို့ သွန်သင်ပေးထားတယ်လူမိုက်လို့သံသယရှိရင်လည်း ညွှန်ပေးရ မှာပဲ မင်္ဂလာတရားတွေကြည့်ရင်ပေါင်းသင်းဆက်ဆံရေးမှာ ဟိုလူနဲ့မပေါင်းနဲ့ဒီလူနဲ့ပေါင်းလို့ တောင်တိုက်ရိုက် ပြထားသေးတာ ကိုယ့်ဒါယက ဒါယိကာမတွေကောင်းကျိုးအတွက်လမ်းညွှန်ပိုင်ခွင့်ရဟန်းတွေမှာတာဝန်ရှိ တယ်။လိုက်နာတာ မလိုက်နာတာတွေသူတို့နဲ့မဆိုင်တော့ဘူး။ဝတ္တရားကျေအောင်လမ်းညွှန်တာတော့ဖြစ်သင့် ပါတယ်။
မေး။ ။ဒီလိုဆိုအချို့ခေါင်းကြီးပိုင်းတွေနဲ့သာမန်လူအချို့ကကောင်းမွန်အောင်လုပ်ပေးတာကို ဘာလို့ကန့် ကွက်နေကြတယ်ထင်လဲ။
ဖြေ။ ။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကိုယ့်ဘာသာတရားလိုက်စားမှုနည်းလို့ပါ။ အပြစ်လွတ်အောင် ပြေရရင်မသိလို့လုပ်မိတာပါပေါ့။ဘာသာသာနာအလေးမထားနားမလည်လို့ ၊မျိုးချစ်စိတ်နည်းလို့ အချို့က ဗုဒ္ဓဘာသာမဟုတ်လို့ အချို့ကျတော့ စီးပွား၊ပညာ၊နိုင်ငံရေးတွေဘက်မှာသာပေါက်မြောက်အောင်လိုက်စားပြီး ဘာသာရေးဥပေက္ခာပြုထားပြီးနားမလည်ပါးမလည်ဖြစ်နေလို့ သူတို့သိတဲ့နိုင်ငံရေး အမြင်ကိုရှေ့တန်းတင်ပြ ကန့်ကွက်နေကြတာပါ။ သိထားတဲ့တစ်ထွာတစ်မိုက်နဲ့တော့ ဘာသာရေးမှာနွားခြေရာကွက်ထဲကဖားသူငယ် အော်နေသလိုမျိုးပါ။ ဒါကလည်းကျွန်တော့်အတွေးပါ သူတို့အတွေးမှာဘယ်လိုရှိလဲတော့မပြောတတ်ဘူး။ အချို့က ဒါကိုနိုင်ငံရေးလှည့်ကွက်လို့ထင်နေကြတာ။ ၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် လှည့်ကွက်လုပ် တယ်ပဲ ထင်နေကြတာ။
မေး။ ။ဒါဆိုရင် ဒီဥပဒေကိုအတည်ပြုပေးလိမ့်မယ်လို့မျှော်လင့်ထားလား။
ဖြေ။ ။တစ်ဘက် ၅၀%နှုန်းဆီပါပဲ။ဒါကလွှတ်တော်ဆုံးဖြတ်ချက်အတိုင်းပါ။ သံဃာတော်တွေမှာထောက်ပြ ခွင့်ညွှန်ကြားခွင့်ပဲရှိတယ်။အတည်ပြုခွင့်မရှိဘူး။ အတည်ပြုချင်တဲ့သူတွေကလည်း ဆိုင်ရာအချက်တွေထောက် ပြမှာပဲ။ မပြုစေချင်သူတွေကလည်း ဆိုင်ရာဆိုင်ရာတွေ ဆွဲပြထောက်ပြကြမှာပဲ။ နောက်ဆုံးတော့ စိတ်ဓါတ်ပိုင်း ဆိုင်ရာလေးတွေအဖြေထွက်လာတာပေါ့။ ထားပါ ကျွန်တော်တို့က သံဃာတော်တွေ ဒီလောကီကိစ္စနဲ့ဆိုင်မ ဆိုင်ကိုဘာသာရေးဘက်ကဆွေးနွေးတာ နိုင်ငံရေးဆွေးနွေးတာမဟုတ်လို့ ကျန်တာပြောဖို့မသင့်ဘူး။
မေး။ ။ဒါကိုအချို့ကလူ့အခွင့်ရေးချိုးဖောက်တယ်လို့မြင်ကြတယ်။
ဖြေ။ ။ ကြားရပါတယ်။ အဲလူတွေကိုမေးချင်တယ်။ ဒါဆိုလမ်းဘေးအမှိုက်မပစ်ရ၊သေးမပေါက်ရ၊ကွမ်းတံထွေး မထွေးရဆိုတာတွေက လူ့အခွင့်ရေးချိုးဖောက်တာလား။ ယဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေချမှတ်တာ လူ့အ ခွင့်ရေးချိုးဖောက်တာလား။သူ့သားသမီးလွန်ကြူးလို့ ၊ခိုးလို့၊သတ်လို့ ဖမ်းတာ လူ့အခွင့်ရေးချိုးဖောက်တာ လား။အချို့ကလူ့အခွင့်ရေးသာအော်နေကြတာ ကိုယ်လုပ်နေတာကလူဆန်လားမဆန်လားမသိဘူး။ ဒီဥပဒေ ဟာဗုဒ္ဓဘာသာအတွက်မထိခိုက်စေသလို အခြားဘာသာဝင်တွေကိုလည်းမထိခိုက်စေပါဘူး။ အခြားဘာသာ တွေမှာဒီလိုဥပဒေရှိတယ်။ ဗုဒ္ဓဘာသာမှာမရှိဘူး။ရှိတဲ့ဥပဒေကလည်းထိရောက်မှုမအားနည်းတယ်။ဒီတော့အမျိုး သမီးတွေနစ်နာတယ် ။ဒီဥပဒေရှိသင့်တယ်။ ဒီဥပဒေမရှိခဲ့လို့ ဗုဒ္ဓဘာသာအမျိုးသမီးတွေကမှတကယ်ကိုလူ့အ ခွင့်အရေးတွေချိုးဖောက်ခံနေခဲ့ရတာပါ။ စည်းမရှိတဲ့ခြံဟာအန္တရယ်မျိုးစုံအလွယ်တကူကျရောက်ဖို့လွယ်ကူ တယ်။ ဒီတော့လုံးဝ ရှင်းမသွားတောင်အန္တရာယ်ပြုခံရခြင်းနည်းသွားအောင်နစ်နာဆုံးရှုံးမှုနည်းအောင် ကိုယ့်ခြံ ကိုစည်းကာပိုင်ခွင့်ရှိတယ်။
မယုံလို့စမ်းကြည့်ချင်ရင် တံတိုင်းအကာအရံမရှိတဲ့အိမ်မှာ တံတားပေါက်တွေဖွင့်ထားပြီးနေကြည့်ပါ။ရွှေ ငွေပရိဘောဂတွေပြောင်စင်သွားလိမ့်မယ်။ ဒါကြောင့်ရွှေငွေပရိဘောဂထွက်အဖိုးများစွာထိုက်တန်လှတဲ့သမီး ကောင်းရတနာလေးတွေ အန္တရာယ်ကင်းဖို့ ကျွန်တော်ကတော့ ဒီမျိုးစောင့်ဥပဒေကို လုံးဝထောက်ခံကြောင်း ပြောကြားရင် ဆွေးနွေးမှုလည်း နားကြရအောင်။
ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks