စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Sunday, July 19, 2015

၁၉ဇူလိုင် ကမ္ဘာမကျေနိုင်

မသူတော်တွေကြီးစိုးတဲ့နေ့
သူတော်တွေသွေးအိုင်ထဲမှာ
ဒိုင်း ဒိုင် ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း
သေနတ်သံအဆုံး


မြန်မာနိုင်ငံကျရှုံးပြီ။

သူတို့လိုသူရဲကောင်း
သူတို့လို စာနာစိတ်ရှိသူ
သူတို့လို ဖြူစင်သူ
သူတို့လို အများအကျိုးသယ်သူ
လွှတ်တော်ထဲမှာ ခမ်းခြောက်နေတာကြာပြီ။

အလေးမပြုဘူး
အဲဒီနေ့ဟာ မြန်မာသေတဲ့နေ့
ဝမ်းနည်းခြင်းတွေပြည့်နေတယ်
ဗိုလ်ချုပ်တို့နဲ့အတူ
မြန်မာ့ဘ၀တွေပါသွားတယ်
မေတ္တာတွေခေါင်းပါး
အတ္တတွေလောင်းထားခံရတဲ့နေ့
မသူတော်တွေ အောင်တဲ့နေ့။

ဗိုလ်ချုပ်တို့သာ အသက် ၉၀ နေရရင်
ယနေ့ကျွန်တော်ဟာ
ဒီလို ဖိနှိပ်ခံဘ၀ထဲ ရှိနေမှာမဟုတ်ဘူး။

ခုတော့
ကမ္ဘာမကျေဘူး
ငါတို့ရဲ့ဆာလောင်မှုတွေ
အငတ်ကမ္ဘာဖန်ပေးတဲ့နေ့။

(လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သည်။)

ပီတိ(ပေကြီး)
၁၈.၇.၂၀၁၅
ည ၉း၃၄ နာရီ

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks