ကျွန်တော်တို့ရေးဘေးအလှူမှပြန်လည်ထွက်ခွာလာပါပြီ
မကွေးတိုင်း၊ ကျောင်းတော်ရာ စခန်းမှ သမ္ဗာန်တင်ကျေးရွာဟာ ရွာပေါင်း၁၃ ရွာကျော်ဖြတ်စက်လှေဖြင့်ခုတ်မောင်းပြီးသွားရင် ၂နာရီနီးပါးစီးမှ ရောက်တာကြောင့် အတော်အသင့်ကူညီရေးသမားတွေမရောက်ကြပါဘူး။

ဒီလိုခက်ခဲတဲ့နေရာမျိုးကို စာပေချစ်သူများအဖွဲ့ စာပေနှင့်ပရဟိတ ကွန်ယက်မှ သွားရောက်ခဲ့ကြပါတယ်။ ခက်ခဲပေမယ့် ခက်ခဲရကျိုးနပ်ကြပါတယ်။
၈.၈.၂၀၁၅ ကျောင်းတော်ရာ ငါးကျွေးဆိပ်မှထွက်တယ်ဆိုရင်ပဲ လော်စပီကားများဖြင့် မေတ္တာသုတ်ပရိတ်တွေရွတ်ကြရင်း ရေလမ်းခရီးကိုစတင်ထွက်ခွာခဲ့ကြပါတယ်။
စက်လှေစီးနေစဉ်မပျင်းရလေအောင် ရေဘေးသင့်ပြည်သူများအတွက်ရည်ရွယ်ပြီး ကဗျာတွေကို ရေးခဲ့ကြရွတ်ခဲ့ကြပါတယ်။
သမ္ဗာန်တင်ရွာကို ရောက်တယ်ဆိုရင်ပဲ ရွာသားများက လှေကိုယ်စီနဲ့လှိုက်လှဲပျူငှါစွာကြိုဆိုနေကြပါတယ်။
ရေတွေက ကျနေပြီဆိုပေမယ့် မေးစေ့ အထိနက်ပါသေးတယ်။
ရပ်ရွာအတွင်းမှာ အိမ်ခြေ ၁၂၀ ခန့်ရှိတယ်လို့သိရပြီး လူဦးရေ ၆၀၀ခန့်ရှိကြောင်းလည်းသိခဲ့ရပါတယ်၊ ဒါပေမယ့်လက်ရှိရွာမှာ ရှိသူက ၃၀၀ မျှပဲဖြစ်ပါတယ်။ ကျန်၃၀၀ က ကျွဲနွားတိရစ္ဆာန်များနဲ့အတူ နီးစပ်ရာ ဒုက္ခသည် စခန်းတွေကိုရောရှိနေကြပြီိး ရေကျမှပြန်လာကြမယ်လို့ပြောပါတယ်။
သမ္ဗာန်တင်ကျေးရွာမှာ ရေးကြီးမှုကြောင့် လူအသေအပြောက်မရှိခဲ့သော်လည်း နွားခြောက်ကောင်ခန့် မျှောပါသေဆုံးသွားကြောင်းရွာခံများက ပြောပြပါတယ်။
ကျနော်တို့ရွာကို တိုက်ရိုက်လာတာဆိုလို့ နှစ်ဖွဲ့ပဲရှိသေးတယ်၊ ဆရာတို့ စာပေချစ်သူများအဖွဲ့နဲ့ ဒီရွာဇာတိ ရန်ကုန်ရောက်မိသားစု တစ်စုနဲ့အဖွဲ့ပါ။
ကျန်တာတွေက လမ်းကြုံမှဝင်လှူတာမျိုးလောက်ပဲလို့လည်းပြောပြကြပါတယ်။
ကျွန်တော်တို့စာပေချစ်သူများအဖွဲ့ဟာ ရောက်ရောက်ခြင်းဆိုသလိုပဲ ပါလာသမျှသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းအချို့ကို သမ္ဗာန်တင်ရွာဦးကျောင်းဆရာတော်အား ၀ါဆိုသင်္ကန်းအဖြစ်ဆက်ကပ် ငါးပါးသီလများဆောက်တည် ကြပါတယ်။
ရွာသူရွာသားများက ခက်ရာခဲစစ်ရေပေါ်မှာဖြစ်သလို ချက်ထားတဲ့ ထမင်းများနဲ့ကျွန်တော်တို့်အဖွဲ့ကို ဧည့်ခံပါတယ်၊ စိတ်မကောင်းလို့ ကျွန်တော်ကတော့မစားခဲ့ပါဘူး၊ ဒီနေ့အတွက် မုန့်များကိုသာ စားနေခဲ့ပါတယ်။
အဲဒီနောက်မှာ ရွာသူရွာသားများရဲ့လက်ထဲကို ရေသန့်ဗူး ကတ်များ တစ်အိမ် ၂ကတ်နှူံး ကိုယ်တိုင်ပေးဝေခဲ့ကြပြီး အခြားသော ဆန် ဆီ ဆေး ဆား ဓား ပေါက်ပြား
ဂေါ်ရှိတဲ့ အရေအတွက်များစွာသော ပစ္စည်းများကို ရွာရှိအုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်ခေါင်းများထံအပ်ခဲ့ရပါတယ်၊ ရွာကလူတွေအချိုးကျ ဝေပေးနေတာကို ကျွန်တော်တို့အပြန် ရွာဝင်ပေါက်မှ တွေ့လိုက်ရပါတယ်။
ပစ္စည်းအားလုံးအချိုးကျ တစ်အိမ်ဝင်ထွက်လှူချက်ပေမယ့်၊ စက်လှေကြီးက ရွာထဲဝင်မရတာကတစ်ကြောင်း အချိန်ကိုငဲ့ညှာရတာက တစ်ကြောင်းမို့ လွဲပေးခဲ့ရတာပါ။ လွှဲပေးခဲ့တယ်ဆိုပေမယ့် အခြားသော ကယ်ဆယ်ရေးစခန်းမှာမျိုလို ပေါပေါလောလော နေရာမျိုးမဟုတ်ဘဲ၊ ရပ်မိရပ်ဖနဲ့ ရွာသူရွာသားများ ရှေ့မှာပေးခဲ့ကြတာပါ။ ရွာရှိသူနာပြုမဆရာမကိုလည်း အိင်္ဂလိပ်ဆေးဝါး တွေအကြောင်း ရှင်းပြပြီးလွဲအပ်ပေးခဲ့ပါတယ်။
အားလုံးလွဲအပ်ပြီးတဲ့နောက် ဆရာပေါ်ထွန်း (ကျောက်မီး) ဆရာပီတိ(ပေကြီး) ၊ ဆရာဇွဲမာန်(အင်းဝ) ဆရာလင်းခန့်တို့က ရေဘေးသင့်ပြည်သူ များအတွက်ရေးဖွဲ့ထားသော ကဗျာများကို ရွာသူရွာသားအပေါင်းအား ရွတ်ဆိုပြခဲ့ကြရာမှာ
အားလုံးက သဘောကျနှစ်ခြုက်နေကြပါတယ်။
ကဗျာများရွတ်ပြီးတာနဲ့ ရွာသူရွာသားများကိုနှုတ်ဆက်ခဲ့ကြပြီး မေတ္တာသုတ်ကိုရွတ်ခါ စက်လှေ သမ္ဗာန်လေးကိုစီးလို့ပြန်လာခဲ့ကြပါတယ်။ခု စက်လှေပေါ်ကနေ ဒီပို့စ်လေးရေးတင်လိုက်တာပါ။
ခု ကျွန်တော်တို့အားလုံးပျော်နေကြတယ်လေ။
ပီတိ(ပေကြီး)
၈.၈.၂၀၁၅ ညနေ ၅း၃၅

No comments:
Post a Comment