စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Saturday, June 21, 2014

ဘ၀နှောင်

ဘ၀နှောင်

လက်တွဲကြစို့
အတူလျှောက်ခါ
မင်းငါမဟူ
များသူမခြား
ခရီးသွားတို့
နိုးကြားရိုးလျက်
ခရီးဆက်...။

ဘ၀ဟူသည်
ဓမ္မအဓမ္မ
လောကနိယာ
မာယာနှောင်ဖုံး
မောဟလုံးပြည့်
ဒေါသစွေ့၏။

လမ်းကြောင်းမမှား
တရားမဖဲ့
စဉ်းလဲ့ကင်းပြန်
သတိမှန်မှ
ဘ၀နှောင်ချောက်
ရှေ့မလျှောက်ခင်
တွေ့မြင်ကွင်းပိုင်
လွတ်ကင်းနိုင်မည်
သူငယ်ချင်း ။

ပီတိ (ပေကြီး )
 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks