တရားကိုပင် ပစ်ခွာချင်သည်
…………………………………………
တရားခိုချင်
ရိပ်သာဝင်ရန်
ပြင်ဆင်ပျော်လှ
ထိုခဏ၀ယ်….။
ရင်၌မငြီး
ချစ်သမီးမှာ
ကိုယ်ဝန်နာလျှက်
ဆိပ်ပါတက်၍
အသက်ဘေးလှုံ
မြို့ဆေးရုံပို့တော့
အာရုံပျက်ပြယ်
တရားကွယ်ခါ
စိတ်ဝယ်တရား
အသွားပြေးထွက်
သမီးတွက်လျှင်
နှစ်သက်တရား
သူမပွားနိုင်
ပစ်ထားချန်ခဲ့
တရားမဲ့လည်း
ဝေးခဲ့နေရာ
မေတ္တာသာသည်
မေ့မှာပီတိဖြာဖြာတည်း။
။
၁၃၇၄
ခု၊တန်ဆောင်မုန်းလဆန်း(၂)ရက်နေ့တွင်ကြုံတွေ့ခဲ့ရသော ကျွန်တော့်အမေ၏
မေတ္တာအားခံစားရေးဖွဲ့ပါသည်။
အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်….
ပီတိ(ပေကြီး)
24.11.2012
No comments:
Post a Comment