လူငယ်မောင်မယ်များနှင့်
မူးယစ်သေစာမှီဝဲခြင်း
လူငယ်မောင်မယ်တို့ရေ ဒီနေ့တော့ လူငယ်တွေကြားရေးပန်းစားပြီး
အင်မတန်အရုပ်ဆိုးအကျည်းထန်ဖြစ်နေတဲ့ မူးယစ် သေစာသုံးစွဲမှီဝဲခြင်းအကြောင်းလေးကိုလည်းပြောပြပေးဖို့အလှည့်ရောက်လာပြီ။
နာက်ဆုံးငါးလေးပေါ့ကွာ။ငါးဟင်းစားတဲ့နေရာမှာ ဒီနောက်ဆုံးငါးလေးကအလွန်ကိုအရေးကြီးလှတယ်။
ခေတ်ရေစီးကြောင်းကပဲမကောင်းတာလား ဒီနေ့ခေတ်အကြောင်းကတော့ပြောမပြောချင်လောက်အောင်
ပျက်စီးနေကြ တာရင်နင့်ဖွယ်ပါပဲ။ ဘာကြောင့်ဆိုတော့ လူငယ်တိုင်းမိန်းကလေးယောကျာ်းလေးမရွေး
ယဉ်ကျေးမှုတစ်ခုလို
လူကိုမူးယစ်မေ့ ရူးစေတတ်တဲ့ အရက် ဘီယာ စတဲ့ဆေးဝါးတွေကိုသုံးစွဲသောက်သုံးနေကြလို့ပါပဲ။
ကိုရီးယားယဉ်ကျေးမှုတွေက ရုပ်မြင်သံကြား ကတစ်ဆင့်ကမ္ဘာမှာနေရာယူလာရာက တို့မြန်မာတွေလည်းအတုလိုက်ပြီး
အမှုမိုက်တွေလိုက်လုပ်နေမိပြီထင်ပါရဲ့။အရက်မ သောက်ဖူးတဲ့မိန်းကလေးတွေကအရက်သောက် မူးယစ်မလုပ်ဖူးတဲ့လူငယ်လေးတွေက
မူးယစ်စွဲနဲ့ ရုပ်လုံးမွဲတော့မယ့် အခြေ မြင်နေရပြီ။
အတုယူတယ်ဆိုတာ ယူသင့်ယူထိုက်တာကိုပဲ ယူရတယ်ကွ။
လူ့ဘ၀မှာ အနာဂါတ်မကောင်းတဲ့မလှပစေမဲ့ ပုံရေးခြယ်မှု မျိုးကိုပယ်ရတယ်။ ပညာရေးစီးပွားရေး
လူမှုရေး အတုလိုက်သင့်တဲ့နေရာမှာကျ တစ်ယောက်မှဟုတ်တိပတ်တိလိုက်လုပ်တာမရှိ ကြဘူး။ ကိုရီးယားကားထဲကလို
သုံးလေးယောက်တွဲလိုက်မယ်။ အိမ်ထောင်ရှိလျှက်နောက်တစ်ယောက်ချစ်မယ်။ဘီယာသောက် မယ်။အရက်သေစာမှီဝဲမယ်
အ၀တ်အစားချုပ်ဝတ်မယ်ဆိုတာမျိုးတွေးချည်းဖြစ်နေကြတယ်။ လူ့သီလ လူ့တန်ဖိုးဖြစ်တဲ့အနှစ်
အဓိပ္ပါယ်ကိုကျ နားမလည်ကြပဲကို။ ထွက်လာသမျှ ကိုရီးယားဇာတ်လမ်းတွဲတွေကလည်း မူးယစ်မမှီဝဲတဲ့ကား
သုံးလေးယောက် မတွဲမဖောက်ပြန်တဲ့ကားရယ်လို့မရှိလောက်အောင်ပါပဲလား။ အင်းကိုတော့ ကိုရီးယားစာရေးဆရာတွေတောင်
အပြစ်မြင်ရ တော့မဲ့ပုံ။ တကယ်တော့ သူတို့ကအနုပညာကိုပြသတာပါ။ အတုယူတဲ့သူတွေမှာသာပိုတာဝန်ရှိတယ်။
ကဲအဲဒီအတွက်တော့ရှိစေဦး တို့လူငယ်မောင်မယ်တွေအတွက်တော့
မူးယစ်သေစာဟာ ဘ၀အတွက်ဘယ် လောက်ဒုက္ခပေးတယ်ဆိုတာ သိအောင်ပြောရလိမ့်ဦးမယ်။ မကောင်းတဲ့အရာမှန်းမင်းတို့လေးတွေလည်းသိနေတာပဲလေ
မြင်နေ ရတဲ့မြင်ကွင်းတွေက နေရာတိုင်းပြေးမလွတ်ပဲ။လူ့စည်းကမ်းဖြစ်တဲ့ ငါးပါးသီလထဲမှာ
ဒီမူးယစ်သေစာကနောက်ဆုံးမှာ ရှိနေပေမယ့်ထိန်းရခက်သိမ်းရခက်အလွန်အရေးကြီးတယ်ဆိုတာမှတ်ထားရမယ်။
ဘာလို့လဲဆိုတော့ ကျန်တဲ့သီလတွေက သူ့အသက် သတ်တာ၊သူ့ဥစ္စာခိုးတာတွေလုပ်ရင်အခြားအပြစ်တွေကိုထပ်လုပ်ဖို့
ရာခိုင်နှုန်းအားနည်းပြီး မူးယစ်သေစာတွေမှီဝဲတဲ့လူငယ် တွေကျတော့ မူးယစ်ပြီးလူတစ်ယောက်ရဲ့ပုံမှန်စိတ်ပျောက်နေတဲ့အတွက်
ကောင်းဆိုးနှစ်တန်ဝေဖန်ပိုင်းခြားမှုမရှိတော့ဘူး ။ဒီ တော့မူးယစ်ကိုမှီဝဲထားတဲ့အခါမှာ
သူ့အသက်လည်းသတ်ချင်သတ်မယ်။သူ့ဥစ္စာလည်းခိုးချင်ခိုးမယ်၊သူ့သားမယားလည်းဆော်ခါး ချင်ဆော်ခါးမယ်၊မုသားလည်းပြောချင်ပြောမယ်၊
မူးယစ်သေစာမှီဝဲတဲ့သူဟာ သီလငါးပါးလုံးဖောက်ချိုးတာနဲ့တူတယ်။ ဖောက်ချိုး ဖို့အလွန်လွယ်ကူတယ်။
ကဇော် ဘိန်း ဖိုး ရာမ လှော်စာ အင်ဖက်တမင်း
စိတ်ကြွဆေးစတဲ့အရင့်သားမူးယစ်တွေမှီဝဲတဲ့သူဆို ထူးပြောနေစရာ မလိုတော့ပါဘူး။ စွဲသွားတဲ့အခါ
မမှီဝဲရ မနေနိုင်ဖြစ်ပြီး၊ ငွေမရရအောင်ကြံစည်တတ်တယ်။ လူသတ်ဖို့လည်းဝန်မလေးဘူး။ မင်း
တို့လေးတွေရဲ့ပတ်ဝန်းကျင်မှာ အရက်သောက်မူးယစ်ရမ်းကားတဲ့သူတစ်ယောက်ရှိရင် နေ့တိုင်းညတိုင်းဘယ်လောက်စိတ်ညစ်ဖို့ကောင်းလဲ
တွေးကြည့်ကြပေါ့ကွာ။ ရှေးကဘုရင်တွေအရက်သောက်လို့တိုင်းပြည်ပျက်စီးခဲ့တာတွေ ကိုယ့်သားကိုတောင် သားကောင်ထင်သတ်ပြီး ပွဲတော်တည်ခဲ့
တာတွေ ပုထုဇဉ်ရဟန်းတစ်ပါးဖြစ်တဲ့ရှင်သာဂရဟာ နဂါးမင်းနှင့် တန်ခိုးခြင်းပြိုင် အနိုင်ရပေမယ့်
အရက်သောက်ပြီး ဘုရားတရားမှန်းမသိ မလုံမလည်းအရှက်ကွဲခဲ့ရတာတွေ ဒါတွေတော့မင်း တို့လေးတွေ
ဖတ်မှတ်ကြားသိကြဖူးမယ်ထင်ပါတယ်။
ခုလည်းပဲဒီလိုပဲကွ မူးယစ်သေစာမှီဝဲထားတဲ့သူဟာ
မိခင်ဖခင်ကျေးဇူးရှင်ဆိုတာလည်းနားမလည်ဘူး ။သားမယားလည်း နားမလည်ဘူး။ဆိုမယ်ဆဲမယ် မိုက်ရိုင်းပစ်မယ်။ဒီတော့မဖြစ်သင့်တာတွေမကြားဝံ့မနာသာတွေ
ဖြစ်ကုန်ကြမယ်။ အရှက်လှလှ တွေ့ကုန်ကြမယ်။ မူးယစ်နေသူတစ်ယောက်ဟာ အလုပ်ရယ်လို့လည်းဟုတ်တိပတ်တိမလုပ်နိုင်ဘူးကွ။
လုပ်ရင်လည်းအလွှဲလွှဲနဲ့ ဘာမှအောင်အောင်မြင်မြင်မရှိချင်ဘူး။ ဒါကြောင့်မြတ်ဗုဒ္ဓက သိင်္ဂါလောဝါဒသုတ်မှာ
``သေစာသောက်စား၊လမ်းသွားခါမဲ့၊ ရှု့ငဲ့ သဘင်၊ပျော်ရွှင်အန်လောင်း၊မကောင်းမိတ်ဖျင်း၊ပျင်းရိခြင်းကား၊ယိုယွင်းဥစ္စာပျက်ကြောင်းတည်း´´
ဆိုပြီးဥစ္စာပျက်ခြင်း ခြောက်ပါး ဟောထားခဲ့တယ်။
အရက်သေစာသောက်စားမူးယစ်နေခြင်းဟာ ရှိပြီးသားစည်းစိမ်ဥစ္စာတွေ ပျက်စီးဆုံးပါးစေနိုင်သလို
ရရှိလာ မယ့်အခွင့်ရေးကောင်းတွေကိုလည်းဆုံးရှုံးရတတ်လို့ စီးပွားရေးမပြေမလည်အမြဲနေရတတ်တယ်။
စားစရာမရှိရတဲ့အထဲ အရက်ဖိုး မရှိလို့ဆူပူကျိန်းမောင်းလိုက် သောက်ပြီးပြန်လည်း တစ်ဖျစ်တောက်တောက်ဂျီကျနေတတ်လို့ ကိုယ့်မိသားစုအပြင်ပတ်ဝန်းကျင်
တစ်ခုလုံး စိတ်ဆင်းရဲနေရတော့တာပါပဲ။
ဒါကြောင့်လည်းအရက်သေစာသောက်ရင် ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ရောဂါထူပြော၊ကျော်စောမဲ့တုံ၊မလုံအင်္ဂါ၊ပညာ
နည်းပါး၊ဤခြောက်ပါးကား၊ သောက်စားသေစာ၊အပြစ်တည်းလို့ဟောခဲ့တာပေါ့။ နောက်ပြီးရှိသေးတယ်၊
အရက်သေစာသောက်
စားသူဟာ သေရည်သောက်လင့် ၊သင့်မသင့်ကား၊ရေးခွင့်မသိ၊ပျင်းရိမေ့ရူး၊ကျေးဇူးမဆပ်၊ဟိရောတ္တပ်ကင်း၊ခပင်းများထို၊အကု
သိုလ်ကို၊မငြိုလွယ်စွာ၊ပြုတတ်ရာသည်၊ရှောင်ကအပြန်အကျိုးတည်းဆိုပြီး သေရည်မူးယစ်သောက်
သုံးခြင်းကြောင့်ရရှိနိုင်တဲ့အ
ကျိုးအပြစ်တွေကိုဟောထားသေးတယ်။
ဒီတော့ မူးယစ်သေစာမှီဝဲတယ်ဆိုရင် ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်
စီးပွားရေးအခွင့်အလန်းတွေဆုံးရှုံးမယ်၊ စားကြဟယ်သောက်ကြဟယ်နဲ့မူးလာတဲ့အခါ စကားတွေဖောင်းပွရာက
ငြင်းခုံမှုတွေများရန်ပွဲတွေနဲ့ပဲရင်ဆိုင်အမှုဆိုင်ရတဲ့အထိ ဖြစ်လာနိုင်မယ်၊ နောက်မူး
ယစ်သေစာကိုမှီဝဲသောကြောင့်
အသည်းကျွမ်းခြင်းအသည်းခြောက်ခြင်း ရူးသွပ်စေတတ်ခြင်းစတဲ့ရော ဂါတွေရစေနိုင်တယ်။ ဒီနေရာမှာ
ဗဟုသုတအဖြစ် တောင်မြို့ဆရာတော်ကြီးအရှင်ဇနကာဘိဝံသရေးသားတဲ့ရတနာ့ဂုဏ်ရည်စာ အုပ်ထဲမှာဖော်ပြထားတဲ့
အေ၊စီ၊ဆယ်လ်မုန်းဆိုတဲ့ဆရာဝန်ကြီးရဲ့ပြောပြချက်တွေကိုပြောပြပေးချင်တယ်။
လူငယ်မောင်မယ်တို့အ
တွက်ပညာရစေရှောင်ကြဉ်စေချင်လို့ပါ။
၁။အရက်သောက်ခြင်းသည် မူရင်းရှိမေတ္တာကိုလျော့ပါးစေ၍သားလင်တို့ဝတ္တရားကိုတိမ်းပါးစေပါသည်။မိမိအလုပ်အကိုင်
၌ ညံ့ဖျင်းစေပြီး ခိုးခြင်း လုယက်ခြင်း စသောရာဇ၀တ်မှုများကျူးလွန်စေပါသည်။ရောဂါအချို့တို့မှာသွက္ချာပါဒ
(အင်္ဂါသေခြင်း)၊ အစာအိမ်ရောင်ခြင်း၊အသည်းကျောက် ကပ်အဆုတ်ရောင်ခြင်း၊ချောင်းဆိုးသွေးပါနှင့်ရူးသွပ်တတ်သောရောဂါများ
ဖြစ်ပွားစေပါ သည်။
၂။အရက်သောက်သူတို့က``အရက်သောက်ခြင်းသည်မိမိတို့စိတ်ကူးကိုထက်မြက်စေသည်´´ဟု
ထင်မြင်တတ်ကြ၏။
မုချအားဖြင့်အရက်သောက်စ ၁၀ မိနစ်လောက်၌စိတ်ကူးသွတ်လာဟန်ရှိသော်လည်းသူ၏ထင်မြင်ချက်နှင့်နှုတ်ထွက်စကားတို့မှာ
ပရမ်းပတာ မလိမ္မာသောအနက်ကိုပေးကြသည်။နှုတ်စောင့်စည်းသူအကျင့်ကောင်းသူပင် မူးယစ်လာသောအခါ
လုံးလုံးတစ်မျိုး ဖြစ်သွားသည်။စကားနည်းသူအရက်သောက်လျှင်စကားပေါလာ၏။
အရက်သောက်ပြီးမူးဝေခေါင်းလေးသဖြင့်
အိပ်ချင်လာ၏။
၃။အရက်သည် သောက်သူ၏သားသမီးများလည်းရောဂါဖြစ်စေတတ်၏။
ကလေးအရူးထောင်တွင်တစ်ရာလျှင် ၄၁- ယောက်သည် အရက်သမား၏သားသမီးများဖြစ်ကြ၏။အရက်သမားသည်
မသောက်သူတို့ထက် ၂-ဆလောက်ရောဂါထူကြောင်း တွေ့ရ၏။များမကြာမီကာလတုန်းက ဆေးဆရာတို့ရောဂါကိုသက်သာမည်
အထင်နှင့်
အရက်ကိုပေးကြ၏၊သို့သော်အရက်သည် ရောဂါကိုမသက်သာစေသည့်အပြင် သာ၍တိုးတက်စေကြောင်း သိကြရ၏၊
ကဲအရက်ရဲ့ဂုဏ်ပုဒ်တွေကိုသိကြပြီမဟုတ်လား။
အင်းသိတဲ့ထဲက မိုက်ရူးရဲဆန်ရင်တော့ မင်းတို့လေးတွေရဲ့ဘ၀ဟာ အနှစ်မဲ့တဲ့လူရာမ၀င်တဲ့ ဘ၀လေးတွေဖြစ်ကုန်ကြပြီး၊
လူလိုမသိတဲ့ အောက်တမ်းစားအသိတွေကြားမှာနှစ်မြှော အရာရာရန်ပွဲနဲ့ နားပန်းလုံးပြီးလုပ်တိုင်းပျက်
ပြိုင်တိုင်းရှုံး လူမှုရေးတွေချို့ယွင်းတဲ့လူ့အပါယ်ခံလေးတွေဖြစ်ကုန်ကြတော့မယ်။
ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် မူးယစ်သေစာသောက်စားထားရင်
ရှက်ရမှန်းလည်းမသိတော့ဘူးကြောက်ရမှန်း လည်းမသိတော့ဘူး။ကိုယ့်ရဲ့မမြင်အပ်တဲ့အင်္ဂါအစိတ်အပိုင်းတွေလည်း
လုံအောင်ဖုံးရကောင်းမှန်းမသိတော့ဘူး။ အရေးအ ကြောင်းပေါ်လာလို့ ဉာဏ်ပညာနဲ့ဆုံးဖြတ်ရမယ့်အရာတွေဆိုရင်
ဆုံးဖြတ်နိုင်စွမ်းမရှိတော့ဘူး။မူးယစ်သေစာမှီဝဲသူဟာ ကြာလေ ဉာဏ်ပညာနည်းလေ လုပ်ဆောင်မှုတွေညံ့ဖျင်းလေးပါပဲတဲ့။ဒါတင်မက
ကျေးဇူးရှင်ကိုရှေးဇူးရှင်မှန်းမသိတော့ ကျေးဇူးဆပ်ဖို့ နေနေ
သာသာ မိုက်မိုက်ရိုင်းရိုင်းဆော်ခါးတတ်ကြတယ်။
ဒီတော့ ရသင့်တဲ့အခွင့်ရေးတွေဆုံးရှုံးမယ် ။လူမှုဆက်ဆံရေးမှာလည်းအ ဆင်မပြေချင်တော့ဘူး။
တဖြည်းဖြည်းနဲ့ လူရာဝင်ရာကနေအပြင်ဘက်ကို တွန်းပို့ခံရလိမ့်မယ်။
မူးယစ်၊မေ့ပြီးအရာရာချို့ယွင်း လာတာနဲ့အမျှ လူတွေရဲ့ရှုချမှုပစ်ပယ်မှုအောက်မှာမျှောပါသွားရတော့မယ်။
ဒီလိုမျှောပါတာကို သိတာနဲ့ငါ့ကိုများဘာမှတ်နေလဲ
မင်းတို့ကဘာတွေမို့လည်းလူလူချင်း မခွဲခြားပါနဲ့ရယ်လို့ စိတ်ထဲမှာ ပေါက်ကွဲပြီး ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းကိုမရှာ
သူများသာအပြစ်မြင် ပုံမှန်မဟုတ်တဲ့မူးယစ်စိတ်ကလှုံ့ဆော်တဲ့အခါ ဒုန်း ဒိုင်း နဲ့မထင်သလိုထလုပ်
ပြဿနာတွေဖြစ်နဲ့ ဘ၀နောင်ရေး ရင်မအေးစရာတွေဖြစ်ကုန်ကြတော့မယ်။ ဒါကြောင့် အရက်သောက်ရင်
လူမှုရေးတွေဆုံးရှုံးမယ်ပြောတာ။ အရက်သမားတစ်ယောက်လို သတ်မှတ်ဆက်ဆံခံရလို့ ကိုယ့်စကားကိုဘယ်သူမှအလေး
အနက်မထား တော့ဘူး။ ကြီးသူများရဲ့ယုံကြည်မှုကိုမရတော့ရွယ်တူများရဲ့ လေးစားမှုလည်းမခံရတော့
ငယ်သူများရဲ့ အထင် ကြီးမှုလည်းမခံရတော့ဘဲ လုပ်ငန်းအခွင့်အလမ်းတွေပျက်စီးရမယ်။ တစ်ဖြည်းဖြည်းလူ့အသိုင်းအ၀ိုင်းရဲ့
အပြင်ဘက်ကိုရောက် သွားတတ်လို့ စိတ်တွေဖောက်ပြန်လာလိမ့်မယ်။
သာမာန်မူးယစ်ဆေးဝါးမျိုးမဟုတ်ဘဲ၊ နောက်ပိုင်းမှာ
ပုံစံအမျိုးမျိုးနဲ့ပေါ်နေတဲ့ ဘိန်း ဖိုး ရာမ ရဲ့နာမည်ခွဲမူးယစ်တွေကို အသုံးပြုကြမယ်ဆိုရင်
ဘ၀ဟာ ဖြစ်ချင်ရာဖြစ်တော့မယ့်အခြေအနေကိုရောက်သွားနိုင်တယ်။ မသောက်ရနေနိုင်ဖြစ်တော့ အမြဲ
သောက် လက်ထဲရှိတဲ့ငွေကုန်သွားတော့မိဘ ဆွေမျိုးတွေဆီတောင်း တောင်းပါများ နောက်ပိုင်းမပေးတော့ခိုး
လု ယက် အသက် သတ်ရင်သတ်ရပါစေ ငွေရပြီးရောဆိုပြီးမကောင်းမှုမှန်သမျှအကုန်လုပ်မူးယစ်ဆေးဝါးရဲ့ကျွန်လုံးလုံးဖြစ်လာပြီး
လူမိုက်လူဆိုးဖြစ် တော့တာပါပဲ။ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာ ဒီပြဿနာကို အဓိကရင်ဆိုင်နေရတယ်။
ပြည်တွင်းကမြို့ကြီးတွေမှာလည်း ရှိ သင့်သလောက်ရှိနေသေးတယ်။
မူးယစ်ကျေးကျွန်ဖြစ်သွားတဲ့ လူငယ်မောင်မယ်လေးတွေ
ဘ၀တိုးတက်ရေးအတွက်ဘာမှ မလုပ်နိုင်ရှာတော့ဘူး။ တိုး တက်ချင်တယ်။ ချမ်းသာချင်တယ်။ သာယာဝပြောတဲ့တိုင်းပြည်ကြီးမှာ
တည်ငြိမ်အေးချမ်းစွာနေလိုကြတယ်ဆိုရင် မင်းတို့လေး တွေမူးယစ်သေစာကိုမမှီဝဲကြဖို့ကလည်းသိပ်အရေးကြီးတဲ့အချက်ပဲကွ။
အရက်သာမူးတာ မဆိုးဘူးမမိုက်ဘူး မလုဘူး မဆော်ခါး
ဘူး မလိမ်ညာဘူးဆိုရင်တောင်မှ နေ့စဉ်ကိုယ့်အိပ်ထဲက
အရက်ဖိုးကုန်သွားတာဟာ ကိုယ့်ဘ၀တိုးတက်ရေးအတွက်ဆုတ်ယုတ် မဲ့အချက်တွေပါပဲ။ မူးယစ်သေစာ
သောက်သုံးတယ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုပါ စိတ်အနှောက်အယက်ပေးတာ စိတ်မချမ်းသာအောင်လုပ်တာနဲ့အတူတူပဲ
။ အခြားလူတစ်ယောက်က မူးယစ်လာရင် မင်းတို့လေးတွေစိတ်ညစ်ရတယ်မဟုတ် လား အေးမင်းတို့လေးတွေမူးယစ်လာရင်
လည်းမင်းတို့ပတ်ဝန်းကျင်ကို ပူလောင်မှုတွေပေးတယ်ဆိုတာသဘောသာပေါက်ထား ပေရော့။
တောင်မြို့ဆရာတော်ကြီးရဲ့စာကို ကိုဖတ်ဖူးတယ်ကွ၊
မူးယစ်သေစာ မှီဝဲသောသူဟာ ကိုယ်တင်မက ကိုယ့်ပတ်ဝန်းကျင် ပါမငြိမ်းချမ်းအောင်လုပ်တာပါပဲတဲ့။
ဒါကြောင့်မင်းတို့ဘ၀လေးတွေငြိမ်းချမ်းတဲ့နိုင်ငံမှာ နေလိုကြရင် ကိုယ့်အတွက်သူများမငြိမ်းမ
ချမ်းဖြစ်အောင်မနေခြင်းဖြင့် ကူညီပေါ့ကွာ။ လူငယ်ဆိုတာအနာဂါတ်ရဲ့လူကြီးတွေပဲ ငယ်ကတည်းက မူးယစ်သေစာမှီဝဲလာရင် လူကြီးလုပ်တဲ့အခါ
ပိုဆိုးမယ်။ မူးယစ်မှီဝဲတဲ့သူတွေလူကြီးလုပ်တဲ့ နိုင်ငံဖြစ်လာရင် နိုင်ငံတော်ရဲ့အသက်အန္တရာယ်ထိတောင်ထိ
ခိုက်နိုင်တယ်ကွ။ တစ်ခုတော့ရှိတယ်။ အရက်ကို ဟင်းချက်တဲ့အခါ ထည့်ချက်တာမျိုး ဆေးအသုံးလိုတဲ့အခါ
သောက်သုံးတာမျိုး ဆိုရင်တော့အပြစ်မရှိဘူးပေါ့။
ဒါကြောင့် ရောဂါထူပြောဘေးရန်ပေါလှတဲ့ မူးယစ်သေစာကို
ရှောင်ကြဉ်ကြစေလိုတယ်။ ဘ၀မှာ လေဖြတ်တို့အသည်း ရောဂါဖြစ်တာတို့ဟာအင်မတန်ကြောက်ဖို့ကောင်းတယ်။
လူ့ဘ၀တစ်ခြမ်းသေရခြင်းပဲ။ အဲလို မူးယစ်သောက်လို့ ဘ၀သေသွား သာမန်ရိုးရိုးဖြစ်တာထက် ပိုဆိုးတယ်နော်
။ မကောင်းတာမလုပ်ပါနဲ့ပြောတဲ့ကြားကလုပ်တယ်ခုတော့ဖြစ်ပြီ ဆိုပြီးပြုစုပေးမဲ့သူ ရှားလိမ့်မယ်။ကိုယ်ဆိုးခဲ့သမျှ
သောက်စားသမျှ အဲကျပြန်ခံရမယ်နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ မူးယစ်သေစာမှီဝဲသူမရှိရင် ရပ်
ကွက်လေးကငြိမ်းချမ်းလို့ ဆူတာပူတာ သိပ်ကြားရ ၊မူးပြီး ခိုးတာဝှက်တာ အဓမ္မပြုကျင့်တာ၊
သတ်တာဖြတ်တာ၊လိမ်ညာတာတွေ လည်းကင်းစိတ်ချမ်းမြေ့စွာနဲ့ နေရမယ်။
ပကတိဉာဏ်ကောင်းသူက စီးပွားရေးတွေပိုမိုဖြစ်ထွန်းမယ်။
မူးယစ်ကင်းစင်လို့ချစ်ကြင်သူပေါမယ်။ ကျေးဇူးရှင်လည်း ကျေးဇူးသိလို့ မပြစ်မှားမဆော်ကားမိတော့ဘူး။အပြစ်မဖြစ်တော့ဘူး။
ဟီရိသြတ္တပ္ပ အရှက်အကြောက်တရားလည်းရှိလို့ အလွန် ရုပ်ဆိုးအရှက်ရစရာတွေနဲ့လည်းမကြုံတွေ့ရနိုင်ဘူး။
ခိုက်ရန်ဖြစ်ပွားတာတွေလည်းနည်းပြီး ပျော်ရွှင်စွာနေရသော အေးချမ်းတဲ့ဘ ၀လေးတွေကိုရကြရမှာပါ။
လူငယ်မောင်မယ်တို့ရေ မင်းတို့လေးတွေသွားလာလှုပ်ရှားနေတဲ့
နေရာဒေသတွေမှာသေသေချာချာလေ့လာကြည့်လိုက် စမ်းပါ။ မူးယစ်သေစာမှီဝဲသူတွေကြောင့် အမျိုးမျိုး
အဖုံဖုံစိတ်မနှစ်မြို့ဖွယ်ရာ စိတ်ရှုပ်စရာတွေနဲ့ မူးယစ်သေစာမှီဝဲခြင်း ကင်းရှင်း စွာနေတဲ့သူတွေကြောင့်
ပျော်ရွှင်စရာ ချမ်းမြေ့ဖွယ်ရာ အဖုံဖုံကြုံတွေ့ရမယ်ဆိုတာ ကိုရဲရဲကြီးပြောရပါတယ်ကွာ။ဒါကြောင့်မင်း
တို့ လေးတွေကိုနောက်ဆုံးပြောချင်တာကတော့ သူတစ်ပါးယဉ်ကျေးမှုကိုအတုလိုက်ခြင်းဖြင့် ကိုယ့်ယဉ်ကျေးမှုကိုထိခိုက်
ကိုယ့်ဘ၀ ကိုအထိနာ အဖြစ်ဆိုးစရာကြုံလာစရာတွေမဖြစ်ပါစေနဲ့လို့ပေါ့ကွာ။
မူးယစ်သောက်လျှင်၊ ဘ၀တွင်၊ ရှုပ်ကြဉ်သူများမှာ။
သောက်သုံးပြီးလျှင်၊ စိတ်မရွှင်၊ လုပ်အင်ချို့ယွင်းမှာ။
သတ်မယ်ဖြတ်မယ်၊ ခိုးဝှက်မယ်၊ မိုက်ကယ်ဖြစ်တော့တာ။
ဘ၀ပင်ပန်း၊ စိတ်မလန်း၊ ငြိမ်းချမ်းဝေးကွာကွာ။
မုန်းသူရန်သူ၊ခိုက်ရန်ထူ၊ အပူမိတော့တာ။
ချမ်းသာမလွယ်၊ ဆင်းရဲမယ်၊ များပယ်ဘ၀မှာ။
နေကြလိုလျှင်၊ မူးယစ်ပင်၊ သွင်သွင်သောက်သုံးပါ။
မနေရှောင်ရှား၊ထိုသူများ၊ အမှားနည်းစွာ
ငြိမ်းချမ်းသာ။
အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်....
ပီတိ(ပေကြီး)
အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်....
ပီတိ(ပေကြီး)
No comments:
Post a Comment