စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Thursday, February 7, 2013

လူငယ်မောင်မယ်များနှင့် မုသားစကားပြောဆိုခြင်း

လူငယ်မောင်မယ်များနှင့် မုသားစကားပြောဆိုခြင်း

လူငယ်မောင်မယ်တို့ရေ…
ငါးဟင်းကြီးများအမြဲစားထဲက ခုလေးကောင်မြောက်ငါးလေးအကြောင်းကို ပြောပေးဖို့အချိန် ရောက်လာပြီနော်…။
          မုသာဝါဒ-လို့ဆိုတဲ့ မဟုတ်မမှန်တဲ့စကားကို ပြောဆိုကြခြင်းကြောင့် ရသင့်တာတွေဆုံးရှုံး မဖြစ်သင့်တာတွေဖြစ်ကုန် တတ်တယ်။ မင်းတို့လေးတွေ လမ်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် အလုပ်မှာပဲဖြစ်ဖြစ်မဟုတ်မမှန်တာကိုပြောဆိုကြခြင်းမှအထူး ရှောင်ကြဉ်စေလိုတယ်။ လိမ်ညာတယ်ဆိုတာမကောင်းမှန်းမင်းတို့လေးတွေသိပြီးသားပါ ရန်ကုန်မန္တလေးလို နေရာမျိုးတွေမှာ အလွန်ပေါလှတဲ့ လူလိမ်လူညာတွေကြောင့် ဘ၀အဖုံဖုံပြိုခွဲပျက်စီး ရတာတွေ မင်းတို့လေးတွေ ကြားသိဖူးမှာပါ ။
          စကားအပြောကောင်းသူတွေက လျှာအရိုးမရှိလိမ်လည်လှည့်ဖျားပြောဆိုနေတာကို နားဝင်ပီယံဖြစ်လှပါပြီရဲ့ဆိုပြီး ယုံ လွယ်တတ်သူတွေ သူများမုသားမှာ ခပ်ခါးခါးလေးခံလိုက်ရတယ်မဟုတ်လား။ အင်းမုသားဆိုတာ စကားအရာပျားသကာလိုပြော ပြီးအယုံသွင်းပေမယ့် အမှားမကွာ တိုင်းနိုင်ငံမှာထိတောင် ဆုတ်ယုတ်စေတတ်တာကို နားလည်ထားသင့်တယ်။
          ကဲတိုင်းနိုင်ငံနဲ့ ချီမပြောနဲ့ဦး မင်းတို့လေးတွေရဲ့အိမ်မှာ
ပလီပလာနဲ့မုသားစကားပြောတတ်သူတစ်ယောက်ယောက် ရှိ တယ်ထားပါဦး။ သူလုပ်တာ သူယူတာ သူစားတာကို သူမဟုတ်ပါဘူး။ ဟိုလူပါဒီလူပါလို့ အမျိုးအမျိုးလှည့်ချချောက်တွန်းတာမျိုး ကြုံတဲ့အခါ။ ကိုယ်ကောင်းနေပါလျှက် ဘယ်လိုဘယ်ဝါဘယ်သဘောရယ်လို့ သရုပ်နှောပြီး အုပ်ထိန်းသူများကိုတိုင်ခံရတဲ့အခါ မင်းတို့တွေဘယ်လောက်စိတ်ဆင်းရဲရလဲကြည့်ပေါ့ကွာ။ အိမ်တွင်းရေးလုပ်ပိုင်ခွင့်တွေပိတ်ပင်ခံရ သွားလာခွင့်တွေချုပ်ချယ်ခံရနဲ့ ငရဲလိုလို သရဲရဲလိုလို အမြဲစောင့်ကြည့်ခံနေရတဲ့ဖြစ်အင် လွတ်လပ်မှုကိုတားဆီးခံရတာ ဘ၀တွေအထီးကျန်ကုန်တာပေါ့။
          ဒါက သူများတွေမဟုတ်မမှန်တာပြောတာကို ကိုကခံရတတ်တာပဲရှိသေးတာနော် ။ပြောတဲ့သူကရော မခံရနိုင်ဘူးလား ဆိုတော့ ခံရနိုင်တာပေါ့ဗျာ။ ကိုယ့်ပတ်ဝန်းကျင် ကိုယ်နဲ့ဆက်သွယ် သွားလာလှုပ်ရှား တွေ့ကြုံနေရသူတွေထဲက မဟုတ်မမှန်တာ ပြောဆိုတဲ့သူပဲရှိသည်ဖြစ်စေ ကိုယ်တိုင်ကပဲ မဟုတ်တာကိုလိမ်ညာပြောဆိုတတ်သည်ဖြစ်စေ အဲလိုလူရှိနေတဲ့ နေရာတိုင်းမှာ စိတ်ဆင်းရဲစရာတွေ စိတ်မချမ်းသာစရာတွေ သောကရောက်စရာတွေ ဒုက္ခပင်လယ်တွေ ကြုံနေရ ဖြစ်နေရဦးမယ်ဆိုတာမှတ် သာထားပေရော့။
          အသိုင်းအ၀ိုင်းတစ်ခုမှာ ကိုယ်ကမဟုတ်တာပြောခံရလို့ ပိတ်ဆို့ခံရမှုတွေများစွာကြုံစိတ်ဆင်းရဲမှုအမျိုးမျိုးတွေ့ရသလို မ ဟုတ်တာပြောလိမ်လည်နှောတတ်တဲ့သူကိုယ်၌ကလည်း လိမ်လည်မှုကြီးသာပေါ်သွားရင် သူ့ကိုပိတ်ဆို့တာတွေ အကျဉ်းကျခံရ တာတွေ လုပ်ပိုင်ခွင့်ပျက်ကုန်တာတွေ အယုံအကြည်မရှိအဖတ်မလုပ်တော့တာတွေ ပြန်ခံရပြီသာမှတ်ကရောပဲ။ ကိုယ့်ပတ်ဝန်း ကျင်မှာ မဟုတ်တာလုပ်လို့ကိုယ်ခံရတယ်ဆိုတာ နာမည်ကောင်းပြန်ရပြီးတိုးတက်လမ်းပြန်မြင်နိုင်သေးတယ်။ ကိုယ်မဟုတ်တာ ပြောဆိုလိမ်လည်ခဲ့တာတွေပေါ်သွားလို့ လုပ်ပိုင်ခွင့်တွေဆုံးရှုံး ဘ၀အပါယ်ခံဖြစ်ရတယ်ဆိုတာက နာမည်ကောင်းကိုပြန်ရဖို့
မလွယ်ရေးချမလွယ်တော့ဘူး။ ဘ၀အမှောင်ကျသွားပြီသာမှတ်နော်။
          ဒါကြောင့်ကိုယ့်ဘ၀ ထာဝရအမှောင်မကျအောင် နေကြကွဲ့။ ခုပြောတာတွေက ကိုယ့်နဲ့ထိတွေ့နေရတဲ့ပတ် ၀န်းကျင် လေးလောက်ပဲပြောသေးတာနော်။ ကမ္ဘာနဲ့ချီနိုင်ငံနဲ့ချီပြောရင် ဒီထက်ဆိုးတာပေါ့ကွာ။ လိမ်လည်လှည့်ဖျားတာတွေများ မ ဟုတ်မမှန်တာတွေတင်ပြနဲ့ ကမ္ဘာ့မျက်နှာဖုံးလုပ်ချင်တဲ့ နိုင်ငံတစ်တိုင်ငံကြောင့် အခြားနိုင်ငံတွေလည်းထိခိုက်ရသလို လိမ်လည် မှုကြီးပေါ်ပြီ ဆိုရင်လည်း အဲနိုင်ငံ ဖွတ်ဖြစ်ပြီသာမှတ်ကရောပဲ။ နိုင်ငံတစ်နိုင်ငံက နိုင်ငံတစ်နိုင်ငံကို စီးပွားရေး လူမှုရေး ပညာရေး တွေပိတ်ဆို့တယ်ဆိုတာ အကြောင်းမဲ့မဟုတ်ဘူးကွ။ မဟုတ်တာတွေလိမ်လည်တင်ပြ မျက်နှာပန်းလှအောင်လုပ်ခဲ့လို့ ဒီလိုမှမ ဟုတ် ကိုယ့်နိုင်ငံကို အခြားနိုင်ငံတစ်ခုခုက လိမ်လည်ကုန်းတိုက်ခံရလို့သာဖြစ်တယ်။
          ဒီနေရာမှာမုသားစကား ပြောဆိုတယ်ဆိုတာ လိမ်လည်ပြောတာဆိုတာတစ်ခုတည်းလို့ မသတ်မှတ်နဲ့ဦး ဘုရားရှင်ဟော ကြားချက်ထဲမှာ ၀စီဒုစရိုက်လေးပါးလို့ရှိတယ်။ အေးအဲဝစီဒုစရိုက်လေးပါးထဲကတစ်ပါးပါးကိုလွန်ကျူးပြောဆိုကြရင် ဘ၀တွေ နာ ပိတ်ဆို့တာတွေခံရမယ်ဆိုတာ သိထားမှဖြစ်မယ်ကွ။  ၀စီဒုစရိုက်လေးပါဆိုတာ ၁။မုသာဝါဒ-မဟုတ်မမှန်တာပြောဆိုခြင်း။ ၂။ပိသုဏ၀ါစာ- ကုန်းတိုက်စကားပြောဆိုခြင်း ခင်မင်ရင်းနှီးချစ်ကျွမ်းဝင်သူတွေရဲ့ကြားကွဲပြားအောင် ရန်တိုက်ခြင်း။ ၃။ ဖရုသ၀ါ စာ- ဆဲရေးတိုင်းထွာခြင်း ကြမ်းထန်းသောစကားကိုပြောဆိုခြင်း။
၎။ အကျိုးမရှိ အနှစ်မဲ့အရေမရအဖတ်မရသူများအတင်းပြော ဆိုခြင်း တွေဖြစ်တယ်။
          ကဲလူငယ်မောင်မယ်တို့ရေ ဒီအချက်တွေရော မင်းတို့လေးတွေလွတ်အောင်ရှောင်ကြရဲ့လားကွဲ့။မင်းတို့လေးတွေဘ၀မှာ ပိတ်ဆို့ခံရမှုတွေများလာပြီ မလွတ်မလပ်နေရတာတွေကြုံလာပြီဆိုရင် ဒီဝစီဒုရိုက်တွေ မင်းတို့လေးတွေပြောဆိုမိထားတယ်ဆို တာသိမယ်ထင်ပါတယ်။ ဒါမှမဟုတ်ကိုယ့်ကိုပြောခံရနေရတယ်ဆိုတာသဘောပေါက်ပြီး ကိုယ်လည်းမပြောမိအောင်အများလည်း မဆိုအောင်တတ်နိုင်သမျှ စောင့်ထိန်းပြောပေးကြစေလိုတယ်။ ကိုယ့်မိသားစုထဲမှာ ပိတ်စို့ခံရတာများရင် အိမ်မှာကိုယ်နဲ့အခြားသူ တစ်ယောက်ယောက်မဟုတ်တာပြောထားတာရှိနေပြီ။ ကမ္ဘာမှာကိုယ့်နိုင်ငံကြီး လူမှု စီးပွား ပညာ အရာရာရပိုင်ခွင့် လုပ်ပိုင်ခွင့် တွေပိတ်ဆို့ခံရရင် ကိုယ့်နိုင်ငံအကြီးအကဲအာဏာပိုင်တွေမဟုတ်တာပြောလိမ်လည်ကြမ်းထန်းခက်မာ စတဲ့ဝစီဒုစရိုက်တွေပြော ဆို ပြီးညာစားတွေလုပ်နေပြီဒါမှမဟုတ်အခြားနိုင်ငံတစ်ခုခုက ကိုယ့်နိုင်ငံကို မဟုတ်မဟပ်လုပ်ဇာတ်ကြံခံရပြီဆိုတာ သိပေရော ပေါ့။ နှစ်ပေါင်းများစွာတို့နိုင်ငံကြီး စီးပွားရေးပိတ်စို့မှုတွေခံနေခဲ့ရတာဘာ့ကြောင့်လည်းဆိုတာ အဖြေရှာကြည့်ကြပေါ့။
          နိုင်ငံသယံဇာတပေါများပါလျှက် ဆင်းရဲမွဲတေတာဘာကြောင့်ဆိုတာအဖြေရှာ ဟုတ်မှန်သူကိုချောင်ထိုး လုပ်ကြံသူကို ရှေ့တင်နေကြရင်တော့နိုင်ငံနာပြီပေါ့။လူငယ်မောင်မယ်တို့ရေ ဒါကြောင့်မင်းတို့အိမ်မှာ မင်းတို့အသိုင်းအ၀ိုင်းမှာ မင်းတို့တိုင်းနိုင်ငံ မှာ ပိတ်ဆို့ခံရတာတွေ အခွင့်အလမ်းမပေးအကျဉ်းချခံရတာတွေ အယုံအကြည်မရှိလူညာလို သဘောထားခံရတာတွေကင်းဝေ အောင်ဝစီဒုစရိုက်လေးပါးကိုသာရှောင်ကြပေရော့။ ကိုယ်သာမကကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်းရှောင်ကြဉ်အောင်ပြောပြ ပေးကြပေါ့ကွာ။ အထူးသဖြင့်နိုင်ငံ့ခေါင်းဆောင်းပိုင်းတွေက ခေါင်းကြီးစကားဝိုင်းမှာ လုပ်ကြံလိမ်လည်မှုတွေမဖြစ်ရလေအောင် ရှောင်ရှားသင့်လှတယ်ဆိုတာသတိထားကြစေချင်ပါတယ်
။ရှေးကဇိဉ္ဇမာန မိန်းမယုတ်ကြီး မြတ်ဗုဒ္ဓကို မဟုတ်မဟက်ပြောစွတ်စွဲ လို့မြေမြို ငရဲကိုတမ်းဆင်းခဲ့ရတာတွေ။ တရားသူကြီးက မဟုတ်မတရားလာတ်စားပြီး အမှုမှန်ကိုဖုံးကွယ်လို့ ဒုက္ခလှလှကြီးတွေ့ ခဲ့တာတွေမင်းတို့လေးတွေပိဋကမှာဖတ်ဖူးကြရဲ့မဟုတ်လား။အင်းအဲလိုပဲလိမ်လည်တယ်ဆိုတာ လက်ရှိရော နောင်ဘ၀အတွက်ပါဒုက္ခတွေဖြာစေနိုင်တယ်။
          ကိုမှန်ရင်လမ်းမရွေ့ဘူးဆိုတာ လူငယ်မောင်မယ်တို့စိတ်ထဲ မြဲမြဲမှတ်ထားပေါ့ကွာ။ ကဲမောင်မယ်တို့ရေ…လိမ်လည်ပြော ဆိုခြင်းဆိုတဲ့နေရာမှာလူငယ်မောင်မယ်တို့ စိတ်ထဲနဲနဲဇဝေဇ၀ါ မသေမချာဖြစ်နေတဲ့ အသေးစိတ်အချက်လေးတွေလည်းပြောပြ ပေးဦးမယ်နော်။ ကိုယ်လည်းသိသလောက်ပြောပြပေးနေရပေမယ့် ကိုယ်ကိုယ်တိုင်ပင်လျှင် ငါးဟင်းတွေကိုအနိုင်နိုင်စားဖို့ ကြိုး စားနေရတယ်ဆိုတာဝန်ခံပါတယ်။ မင်းတို့လေးတွေလည်းကြိုးစားပေါ့ကွာ တိုးပွားဖို့အကြောင်းတရားတွေပဲကို။
          အသေးစိတ်ဆိုတာကအခြားမဟုတ်ပါဘူး။ လိမ်လည်တိုင်းအပြစ်ဖြစ်သလားဆိုတာ သိစေချင်လို့ပါ။ လိမ်လည်တယ်ဆို တာမဟုတ်မမှန်ပြောဆိုခြင်း။ ပြောဆိုတဲ့နောက်မှာလုပ်ကိုင်ခြင်းပါတစ်ခါတည်းပါလာတာကတော့ထူးပြော
စရာမလိုတော့ဘူး။ စိတ်ကမကြံနှုတ်ကမပြောရင် မဟုတ်တာမလုပ်ပါဘူး။ ဒီတော့ မဟုတ်မမှန်တာပြောဆိုတိုင်း မုသာဝါဒ-သိက္ခာပုဒ်ပျက်တယ်။သီ လပျက်တယ်ပေါ့။ ဒါဖြင့်မဟုတ်မမှန်တာပြောဆိုတိုင်းရော အပြစ်ဖြစ်လား ဆိုတဲ့အချက်လေးတွေးမိကြရဲ့လား။ မဟုတ်တာပြော ဆိုတိုင်းတော့အပြစ်မဖြစ်ပါဘူး။ တစ်နည်းမုသာဝါဒ-သိက္ခာပုဒ်ကျိုးပျက်တိုင်း အပြစ်ကတစ်တန်းထဲမှာရှိတာမဟုတ်ပါဘူး။ အချို့ အပြစ်ကြီးတယ်။အချို့သေးငယ်တယ်။ အချို့သိက္ခာပုဒ်သာပျက်တယ် အပြစ်မရှိပါဘူး။ တစ်ဖက်သားအရမ်းထိခိုက်နစ်နာသွား တာမျိုးကျအပြစ်ကြီးတာပေါ့။ ထိခိုက်နစ်နာမှုနည်းတာမျိုးကျအပြစ်နည်းသလို ထိခိုက်နစ်နာစေချင်လို့မဟုတ်ပဲ ကောင်းကျိုးလို လားမုသားစကားမျိုးကျတော့ အပြစ်လွတ်ကင်းတာပေါ့ကွယ်။
          ဥပမာ-လူနာတစ်ဦးဆေးမသောက် အစာမစားလို့ ။ စားအောင်သောက်အောင် အမျိုးမျိုးလိမ်လည်ပြောဆိုပြီးတိုက်ကျွေး ရတာမျိုးကျ အပြစ်မဖြစ်ဘူး။အများကောင်းကျိုးသယ်ပိုးရတာကို ။နောက် ဓါးပြတိုက်လုယက်ခံရမှာမို့ ဘာမှမရှိပါဘူးကွယ်။ သိမ်း လည်းမထားပါဘူး။ ရှိတာဒါလေးလောက်ပါပဲရယ်လို့ ကိုယ့်ကိုယ်ထိခိုက်မယ့်အန္တရာယ်ကာကွယ်ပြောဆိုတာမျိုးကျလည်းအပြစ် မဖြစ်ပါဘူး။ ဒီတော့မဟုတ်မမှန်ပြောဆိုတာတိုင်းအပြစ်မဖြစ်ဘူးဆိုတဲ့အချက်လေးသိထားပြီး လိမ်ညာပြောဆိုသင့်တဲ့နေရာ မှာ တော့လိမ်ညာရမှာပေါ့။ ကိုယ်ကသူ့သားမယားဆော်ကား သူ့သတ်သတ်ပါလျှက် တရားရုံးမှာအပြစ်လွတ်ချင်လို့လိမ်ညာတာမျိုး ကျပြန်တော့လည်း ကြီးလေးတဲ့အပြစ်ကိုခံရတယ်နော်။ ကိုယ်ကျိုးတွက်ပဲဆိုပြီးဇွတ်လိမ်ညာတာမျိုးတော့မရဘူးပေါ့။
          အစောက ၀စီဒုရိုက်လေးပါးထဲမှာ နှုတ်လျှာကြမ်းထော် ဆဲရေးတာတို့ အတင်းစကားပြောကြားတာတို့ကိုလည်း ဒီနည်းတိုင်းမှတ်သားသင့်တယ်။ သူများထိခိုက်နစ်နာမှုများရင်တော့အပြစ်ကြီးတာပေါ့။ သိက္ခာပုဒ်ကတော့တစ်ခုခုပြောမိတာနဲ့ ပျက်ပြားတယ်ဆိုတာသတိထားပြီး။ သီလမပေါက်မကျားအောင် အတင်းအဖျင်းစကားပြောခြင်း ဆဲရေးတိုင်းထွာခြင်း ကုန်းတိုက် ပြောဆိုခြင်း တွေကိုပါသတိထားရှောင်ရှားပေးကြစေချင်တယ်။
          မရှောင်မရှားနေသူများအဖို့တော့ အစောကပြောပြပေးခဲ့သလို အကျဉ်းကျပိတ်စို့ခံရမှုတွေများပြီးမတိုးမတက်ဖြစ်ရသည့်အပြင် စကားမပီတာ၊ သွားမညီတာ၊ ခံတွင်းနံ့တွေနံနေတာ၊အသားအရေမွဲခြောက်တာ မျက်စိနားတွေမကြည်လင်တာ ရုပ်အဆင်းတွေ ဆိုးဆိုးလာတာ။ ပြောတဲ့စကားလူရာမ၀င်သြဇာမရှိအကောင်းအထင်မခံရတာ။နှုတ်ကြမ်းလျှာကြမ်း အမြဲဖြစ် တတ်တာ စိတ်တွေဖောက်ပြန်တတ်တာတွေ ဖြစ်ရတတ်တယ်လို့ တို့ဘုရားကဟောကြားထားလေရဲ့။ အဲထဲမှာအထင်ပေါ်ဆုံး ကတော့ ခံတွင်းနံ့နံတဲ့သူတွေပါပဲ သူ့မှာဘယ်လောက်သွားတွေတိုက်တိုက် မွှေးနံ့သာနဲ့ပြုပြင်ပြုပြင်တကယ်ပဲမပျောက်နံနေ တော့တာ။ လူပုံကြားစကားပြောရင်မတင့်တယ်ဘူးပေါ့။ အဲလိုခံတွင်းကပုပ်ညီအနံ့အမြဲထွက်နေသူသုံးလေးယောက်လောက် ကိုယ်တွေ့ဖူးတယ် သူတို့မသိအောင် နှာခေါင်းအုပ်အုပ်ထားပြီးစကားပြောရတဲ့အထိပါပဲ။ ဒါကြောင့်ကိုယ်တို့လည်း ဒီလိုမဖြစ် အောင်မုသားစကားကို ရှောင်ကြစို့ပေါ့။
          မုသားရှောင်ရှားထိုသူများကြတော့ ရှောင်ကအပြန်အကျိုးတည်းပေါ့ကွယ်။ မရှောင်ရှားလို့ဖြစ်လာမဲ့ဆိုးကျိုးတွေရဲ့အပြန် ကောင်းကျိုးတွေရမှာပေါ့။ ကိုယ့်စကားသြဇာရှိခြင်းခံတွင်းနံကင်း မွှေးပြန့်ခြင်းမျိုးတွေရကြမှာပေါ့ကွာ။ ဒါကြောင့် ကိုယ့်ဘ၀ ကိုယ့်နိုင်ငံကြီး ပိတ်ဆို့မှုကင်း အကျဉ်းချမှုပျောက် ပွင့်လန်းတောက်အောင် ချမ်းသာအောင်မြင် နေလိုလျှင်ပင်ငြား
မုသားစကား ကို တို့ရှောင်ရှားကြစို့ လူငယ်မောင်မယ်လေးတို့ရေ…။

လိမ်ညာလှည့်ဖျား၊ ပြောဆိုငြား ၊ အမှားတွေ့တတ်စွာ။
ဘ၀ကိုပင် ၊ ပိတ်ဆို့ငင် ၊ ဖြစ်အင်ကျဉ်းကျမှာ။
ပြောမယုံဖွယ် ၊ လူ့အပါယ် ၊ ဘ၀၀ယ်နေရတာ။
တိုးတက်မည့်လမ်း ၊ မအောင်နွမ်း ၊ အများရှု့ချရာ။
မပီစကား ၊ မညီသွား ၊ အသားမွဲချောက်မှာ။
နှုတ်ကြမ်းလျှပ်ပေါ် ၊ များမခေါ် ၊ အဖော်ကင်းတော့တာ။
ပီယ၀ါစာ ၊ မှန်ကန်စွာ ၊ ချိုသာပြောဖို့လိုလှပါ။

                     အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်.....
                                                    ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks