စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Sunday, April 14, 2013

နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ


နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

နှစ်သစ်မင်္ဂလာ
များသူငါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။


အတာရေဖြန်း
ရွှင်ကာလန်း
နှစ်ဆန်းမှစချမ်းသာစေ။

ပိတောက်ပမာ
လှဝေဖြာ
တည်စွာကတိရှိပါစေ။

ပန်းငုဝါလို
အလှပို
ဝါခိုရောင်ပဲ မြဲပါစေ။

ကြီးသူရိုသေ
စာနာစေ
မျှဝေစိတ်ထားရှိပါစေ။

ဘာသာတရား
လွန်လေးစား
အများအကျိုးသယ်နိုင်စေ။

မေတ္တာရှေ့ထား
ဖြူစိတ်ထား
ရိုးသားနိုးကြားကြပါစေ။

ကုသိုလ်လည်းပွား
ပညာများ
စီးပွားတိုးတက်ကြပါစေ။

မေတ္တာဖြာစေ အလှဝေစေချင်တဲ့ ….
                            ပီတိ(ပေကြီး)

1 comment:

  1. ကြီးသူရိုသေ
    စာနာစေ
    မျှဝေစိတ်ထားရှိပါစေ
    အရမ်းကောင်းလို့အလွတ်ကျက်သွားပါတယ်

    ReplyDelete

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks