မျိုးစောင့်ဥပဒေဘာလဲ
ဘယ်လဲ
ပီတိ(ပေကြီး)
မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ဟိုကတစ်မျိုးဒီကတစ်မျိုး
အားပေး သူပစ်တင်ဝေဖန်သူ တွေရဲ့သတင်း ကိုကြားကြားနေရတော့ မောင်ပီတိတို့ရင်ထဲမှာ ရှိတဲ့
နဂိုဗီဇ ကပြပြလာလို့ ဒါတွေနဲ့ပတ်သက်ပြီး သွေးဆူလို့ လက်ကလည်းရေးကူနေချင်မိတယ်။
အချို့ပြည်သူတွေကြောင့်နာမည်ရ ပြည်သူတွေကျွေးတဲ့
ထမင်းကိုစားပြီး အခြောက်တိုက်ဘ၀င်မြင့် နေ သူတွေက ပြည်သူတွေကောင်းကြိုးအတွက်လုပ်တဲ့ဥပဒေကို
ထမင်းေ ကျွးတဲ့လက်ပြန်ကိုက်တဲ့ သုနခလို ပြော လည်းပြောထွက်ကြပါပေရဲ့ အံ့သြမိပါတယ်။
``ဘုန်းကြီးတွေကိုယ့်အလုပ်ကို မလုပ်ကြဘူး´´ပြောတဲ့နိုင်ငံကျော်ရေ ဒါကာဒါယိကာမတွေကောင်း ကျိုးကို လုပ်တာကိုယ့်အလုပ်မဟုတ်တော့ဘာအလုပ်မို့လဲ။
နထင်သွေးရောက်နေတဲ့ ``ဘယ်ဘာသာကိုမှ ကိုး ကွယ်သူမဟုတ်တဲ့ဘာသာမဲ့မို့ ဘာမှမပြောချင်ဘူး´´ဆိုတဲ့သူမျိုးတွေ
တိတ္တိရ ဇာတ်ထဲက ကိုယ့်စကားကြောင့် ကိုယ့်အတွက် အန္တရာယ်ကျရောက်ခဲ့ရတဲ့ ရသေ့နဲ့ ခါသူငယ်တို့လို
သူတို့နောင်ရေးတကယ်ရင်လေးမိပါတယ်။ အော် ဘာသာသွေး မရှိလိုက်ကြတာ၊ ဘယ်ရှိမလဲ ဘာသာရေးမှမသိဘဲ။
``လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တဲ့´´
အင်းဒီလိုပြောပုံအရတော့ ကာမအရာအမှောင်ဖုံး ရှောင်တစ်လုံးနဲ့ ဖောက်ပြန်နေသူတွေပဲလား
စဉ်းစားစရာ အခွင့်နဲ့အရေး အခွင့်အရေးမှာ အရေးကြီးတဲ့ လူမျိုး ရေး ဘာသာရေး ဘ၀ရေး အတွက်ကြည့်မလား။
ကိုယ့်စိတ်ဖျော်ဖြေရေးအတွက် အခွင့်ကိုပဲယူမလား။
လူတိုင်း အရေးပါတဲ့ လုပ်ငန်းခွင်မှာ အမြဲလုပ်နေကြရတယ်။
ခွင့်ရက်ဆိုတာ တစ်ပတ်မှ တစ်ရက် နှစ် ရက်ထဲ။အမြဲတမ်းခွင့်ယူနေရင် စားရေးသောက်ရေး နေရေးထိုင်ရေး ပညာရေး စတဲ့အရေးပေါင်းများစွာဘာနဲ့ ဖြေရှင်းမလဲ။
အခွင့်ဆိုတဲ့ ထွက်ပေါက်ပဲ ရှာနေရင် နေရာပျောက်လိမ့်မယ်။ စားရေးအဆင်မပြေ နေရေးအဆင်မ
ပြေ ပညာရေးအဆင်မပြေ မပြေ မပြေနဲ့ အခွင့်တွေကြား ဘ၀တွေခါး အရေးတွေပါးကုန်ကြလိမ့်မယ်။
ဒါကြောင့် အခွင့်ထက် အရေးကို ဦးစားပေးရတာပါ။
အရေးပေါင်းများစွာလုပ်ကိုင်နေရင်း စိတ်ဖိစီးမှု
ဖြစ်မှာစိုးလို့ တစ်ခါတလေ အခွင့်ဆိုတာ ပေးထားပေသိ လို့ အရေးကိုထိခိုက်စေနိုင်တဲ့အခွင့်မျိုးတော့မဟုတ်ရဘူး။
အရေးကိုမထိခိုက်စေပဲ အန၀ဇ္ဇသုခ၀ိပါက အပြစ် ကင်းအကျိုးရှိတဲ့ အခွင့်ကို သာပေးကြတာပါ။ အဲဒီအခွင့်ကိုအသုံးချ ဘာသာရေး လူမှုရေး စီးပွားရေး
သမီးသား ရေးတွေကို ပစ်ပါယ်မယ်ဆိုရင်တော့ အရေးဟာ
အခွင့်ထက် အားကြီးလာပြီး အခွင့်မှာလဲ လွင့်စင်ကုန်လို့ တက်တက်ပြောင်ရလိမ့်မယ်။
အခွင့်ကိုသာစောင့်သောသူဟာ ဖျင်းညံ့သူ အငတ်ကမ္ဘာကိုဖန်တီးသူပေပဲမို့
လူ့အခွင့်အရေးလို့ အော် နေကြသူတွေ အခွင့်နဲ့အရေး ကွဲအောင်တော့ တွေးစေချင်ပါတယ်။
၁။အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး အမျိုးဘာသာကို
ချစ်မြတ်နိုးပြီးကာကွယ်စောင့်ရှောက်သူ။ ၂။အခွင့် ကိုအသုံးချလို့နေကြသူ။ ၃။ လက်ပိုက်စောင့်ကြည့်နေကြသူရယ်လို့မြင်နေရတော့
အမျိုးကို စောင့်ရှောက်ကာ ကွယ်ခဲ့တဲ့ မဟာကပိလ မျောက်မင်းဇာတ်ကို ပြေးသတိရမိပါရဲ့။
အခါတစ်ပါး ဟိမ၀န္တာတောကြီးအတွင်းမှာ အနံ့အရသာ
အလွယ်တရာထူးကဲပြည့်စုံချိုမြတဲ့ အဗ္ဘန္တရ သရက်ပင်ကြီးဟာ ဂင်္ဂါမြစ်ကမ်းနဖူးမှာ ပေါက်နေပါတယ်။
သရက်သီးသီးချိန်မှာ မဟာကပိလမျောက်မင်းနဲ့ နောက်လိုက်မျောက်တွေဟာနှစ်စဉ်သုံးဆောင်စားသောက်ကြသတဲ့။
သရက်သီးတွေဟာအလွန်တ၇ာ ကောင်း လွန်းတာကြောင့် မြစ်ထဲကြွေကျသွားရင် ဂင်္ဂါမြစ်အောက်မြောပါသွားပြီး
တွေ့တဲ့လူတွေက ထူးကဲတဲ့ သရက်ပင် ကိုလာရှာကြမယ်။ဒါဆို ငါတို့ မျောက်မျိုးတွေကို အန္တရယ်ပြုကြလိမ့်မယ်။ခေါင်းဆောင်မျောက်မင်းကတွေးမိ
တယ်။ အော်အလောင်းတော်မျောက်မင်း အမျှော်အမြင်ရှိလိုက်တာ ယနေ့တွေ့နေရတဲ့သံဃာတော်တွေလည်း အမျိုးအတွက် ဒီလို
အမြော်အမြင်ရှိကြတာကို။
အဲလို မျောက်မင်းတွေးမိတာနဲ့အမျှ ဂင်္ဂါမြစ်ဘက်ခြမ်းကျတဲ့
သရက်ကိုင်းကအသီးမှန်သမျှကို နုစဉ်က တည်းက ကုန်သွားအောင်ချွေယူစားသောက်ခိုင်းသတဲ့။ ကံဆိုးချင်တော့
သရက်ကိုင်းမှာ ခါချဉ်ထုတ်တစ်ထုတ် ရှိနေသတဲ့ ခါချဉ်ထုတ် အတွင်းမှာသီးနေတဲ့သရက်သီး တစ်လုံးကိုဘယ်မျောက်မှမမြင်တော့
ဝင်းမှည့်လာတဲ့အ ခါအညှာက ကြွေကျပြီး ဂင်္ဂါမြစ်ထဲမျှောပါသွားသတဲ့။ မြစ်အောက်ပိုင်းမှာ
ရှိတဲ့ တံငှာတွေက သရက်သီးကို ရတဲ့ အခါ ထူးကဲတဲ့ အဆင်းအနံ့နဲ့ပြည့်စုံနေတာမို့ ငါတို့နဲ့မထိုက်တန် ဟိုမြစ်ဆိပ်မှာရေကစားနေတဲ့ဘုရင်မင်း မြတ်ကိုဆက်ကပ်လေမှပဲဆိုပြီး
ဆက်ကပ်လိုက်တာ။ တစ်ခါမှမမြင်ဘူး မတွေ့ဘူး ထူးကဲလွန်းတာကြောင့် ရသ တဏှာကပ်ပြီး မြစ်ကြောကို
ဖောင်နဲ့ဆန်တက်ပြီး သရက်ပင်ကိုရှာကြသတဲ့။
တွေ့တဲ့အခါ နေ၀င်ဖြိုးပြ ညအစကိုရောက်နေပြီဖြစ်တာကြောင့်
သရက်ပင်ကိုဝန်းရံစောင့်အိပ်ကြရင်း နံ နက်ခါမှပဲချွေယူသုံးဆောင်ကြမယ်လို့တေးထားကြသတဲ့။
ညပိုင်းရောက်လာတော့အလောင်းတော်မြောက်မင်းနဲ့တကွ
မျောက်အပေါင်းဟာ ဟိုပင်ဒီပင်ကူးကြရင်း သရက်ပင်ကိုလာ သရက်သီးတွေကိုချွေယူစားသောက်ကြသတဲ့။
အသံဗလံတွေဆူညံနေပြီး အပင်ပေါ်မှာလှုပ်ရွ လှုပ်ရွ ဖြစ်နေတာကိုအောက်မှာအိပ်နေတဲ့ မင်းကြီးနဲ့
မှူးကြီးမတ်ရာတွေ ကလန့်နိုးပြီး မြင်ကြမှာ ၀ိုင်းဟ ၀ိုင်းဟ ဘာတွေလဲဟ ဆိုပြီးမြှားလေး
တွေနဲ့အပင်ပေါ်ချိန်ထားပြီးတပ်လှန့်လိုက်တာ မျောက်တွေ ၀ရုန်းသော ကောဖြစ်ကုန်တယ်။
ဆွေတော်မျိုးတော်မျောက်အပေါင်း အန္တရာယ်ကျရောက်တော့မယ်ဆိုတာ
သိတဲ့မျောက်မင်းက ငါကယ် မှဖြစ်တော့မယ်ဆိုတဲ့အသိနဲ့ အားလုံးငြိမ်နေကြပါ။ မပူပင်ကြပါနဲ့
ရန်သူ့လက်မှလွတ်အောင် ကျွန်ုပ် တာဝန် ယူပါတယ်ဆိုပြီး ခေါင်းဆောင်ကောင်းစိတ်ဓါတ်အပြည့်နဲ့
မားမားမတ်မတ်ရှေ့ကထွက်တာဝန်ယူသတဲ့။
ယနေ့ခေါင်းဆောာင်တွေအရေးဆို နောက်ကွယ်မှာမနေကြပဲ
မျောက်မင်းရဲ့နှလုံးကျင့်သုံးသင့်ပါတယ်။ သံဃာတော်တွေကတော့ကိုယ့်အမျိုးအတွက် ကျရောက်နေတဲ့
အန္တရာယ်ကို ခေါင်းဆောင်ပီပီ ရှေ့ထွက်လို့နေ ပြီမို့ အားရစရာ။
မျောက်မင်းဟာ သူ့ရဲ့အမျိုးတွေအန္တရာယ်ကလွတ်မြောက်ဖို့
သရက်ပင်ထိပ်ဆုံးကိုင်းကို တက်ပြီး သူ့ ရဲ့ ဆင်ပြောင်အားငါးစီးခန့်ရှိတဲ့အားအင်နဲ့ဂင်္ဂါမြစ်
တစ်ဘက်ကမ်းက ကြိမ်တော ဆီသို့ခုန်ကူးလိုက်တယ်။ ပြီး တော့သရက်ပင်နဲ့ ကြိမ်တောရဲ့အကွာအဝေးကို
မှန်းတိုင်းတာပြီး ကြိမ်တစ်ချောင်းဖြတ်ယူလိုက်ခါ သူ့ခါးမှာ ကြိုးစနဲ့ချည် ကျန်တစ်စကို
ကြိမ်တောမဲချည်ထားခဲ့ပြီး သရက်ပင်ရှိရာ မြစ်တစ်ဘက်ကမ်းကိုပြန်ခုန်ကူးလိုက်ပါ တယ်။ ဖြစ်ချင်တော့
သူတိုင်းလိုက်တဲ့အတိုင်းအတာ ကွက်တိဖြစ်ပေမသိ ပညာရှိသတိဖြစ်ခဲဆိုသဆို ခါးမှာ ပတ်ချည်မဲ့အတိုင်းအတာကို ထည့်မတွက်မိလိုက်လို့
မျောက်တစ်ကိုယ်စာ ကြိုးကတိုသွားတယ်။ ဒီတော့သူခုန် ကူးတဲ့ အရက်ပင်ကိုင်းကိုတော့ ကိုင်မိတယ်။
အပင်ပေါ်ကိုယ်တိုင်တက်ပြီး သရက်ကိုင်းမှာ ကြိုးစချည်ရလောက် အောင် မရတော့ဘူး။
ဒါပေမယ့်အမျိုးတွေအန္တရာယ်ကလွတ်မြောက်ပါစေဆန္ဒနဲ့
အနစ်နာခံကာမျောက်အပေါင်းကို သူ့ကျော ကို တံတားအမှတ်ဖြတ်လျှောက်ကူးပြီး ဘေးလွတ်ရာတစ်ဘက်ကမ်းကိုသွားခိုင်းသတဲ့။
အော်သူတော်ကောင်း စိတ်ဓါတ်အံ့လည်းအံ့ပါပေတယ်။
အဲလိုကိုယ့်ကိုယ်ကို တံတားခင်းပြီး မွန်မြတ်တဲ့
စေတနာရှိတဲ့မျောက်မင်းကို မနာလို ၀န်တိုနေတဲ့ ဒေ၀ ဒတ်လောင်းမျောက်တစ်ကောင်က ကိုယ့်အတွက်ဘေးလွတ်ရာကိုယ့်အသက်
ကယ်တင်ရှင်ဖြေစ်နေတာကို တောင်မထောက်ထား ပဲ
အမြင့်ဆုံး ကိုင်းကိုတက်ပြီး မျောက်မင်းရဲ့ကျောပေါ်မှာခုန်ချ စောင့်နင်းပြီး
ကူးသွားသ တဲ့ မျောက်မင်းခဗျာ အသည်းကြွေလုမတတ် နာကျင်အောင်ခံစားရသော်လည်း အများအကျိုးအတွက်
ပါရမီ ဖြည့်နေသူမျို့ သည်းခံနေသတဲ့ ဒါကို အောက်က ဘုရင်မြတ်နဲ့မှူးကြီးမတ်ရာ တွေက တအံ့တသြ
ပါးစပ်အ ဟောင်းသားနဲ့ကြည့်နေသတဲ့။
သံဃာတော်တွေဟာ အမျိုးကိုချစ်တဲ့နေရာမှာ
အလောင်းတော်မျောက်မင်းနဲ့ တစ်စိတ်တစ် ၀မ်းထဲ ပါပဲလား။ အမြော်အမြင်ရှိတယ်။ အနစ်နာခံတယ်။
အန္တရာယ်တစ်ခုခုကျရောက်ရင် ကိုယ်က ပဲရှေ့ကနေ ခံယူတယ်။ ဒီလောက်မွန်မြတ်တဲ့စိတ်ထားနဲ့
အများအကျိုးလုပ်နေတာတောာင် ကိုယ့်မျိုးနွယ်ထဲ
က မျိုးချစ် စိတ်မပြည့်မှီတဲ့ ကိုယ့်အတွက်လုပ်ပေးနေတာတောင် ဘုန်းကြီးတွေကိုယ့်အလုပ်ကိုမလုပ်ဘူးပြောလို့
ပြော ကန့်ကွက်တယ်ပြောလို့ပြောတဲ့ ဒေ၀ဒတ်လို မိန်းမယောက်ျားတွေရှိနေတာ အံ့သြစရာပေမယ့်လို့
မအံ့သြ တော့ပါဘူး။အများအတွက် အကျိုးမဲ့ကိုဖြစ်စေနိုင်တဲ့သူတွေမို့ ကိုယ့်စကားက ကိုယ့်ကိုပြန်ဒဏ်ခတ်လိမ့်မယ်ဆို
တာသူတို့ တစ်နေ့သိလာမှာပါ။
မျောက်မင်းရဲ့ နစ်နာခံမှုတွေ အမျိုးအတွက်
ကာကွယ်ဘေးရန်လွတ်အောင်ကြိုးပန်းမှုတွေကို အောက် ကနေကြည့်နေတဲ့ ဘုရင် မှူးကြီးမတ်ရာတွေ
မျောက်မင်းကိုအသေချာအပင်ပေါ်မှချစေပြီး သေချာပြုစုပေးတယ် ဘာကြောင့်ဒီလိုလုပ်ရသလဲမေးတော့
မျောက်မင်းက ``လောကမှာ အမျိုးကိုထိလာပြီဆိုရင် အသက်ပေးကာ ကွယ်ရမယ်။ သူများရဲ့အကြီးအကဲ
လုပ်သူဆိုတာ အနစ်နာခံရမယ်မင်းကြီး´´လို့ ဆုံးမပြီးအသက်ကုန်သွား ရှာ တယ်တဲ့။
ယနေ့မျိုးစောင့်ဥပဒေ ကို တအံ့တသြစောင့်ကြည့်နေတဲ့
နိုင်ငံတော်သမ္မတကြီးနဲ့ လွတ်တော်အမတ် တွေလည်း ဘယ်လိုများ ပြောကြပါဦးမလဲ။ ဆရာတော်တွေရဲ့
ဆုံးမသြ၀ါဒအတိုင်း တည်မလားဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။
မျောက်မင်းလို ဆရာတော်များက မျိုးစောင့်ဥပဒေ
အတွက်ကြိုးပန်း
အချို့မျောက်မင်းရဲ့နောက်လိုက်ကောင်းတွေက
လိုက်နာ ဘေးလွတ်ရာကို အေးဆေးသွားသလို မျိုးချစ်သူတွေကမျိုးစောင့်ဥပဒေကို
ထောက်ခံ ဒေ၀ဒတ်လောင်းမျောက်ယုတ် နည်းမှီစိတ်ရှိသူတွေက ကန့် ကွက်။
မျောက်မင်းရဲ့ လုပ်ရက်တွေကြည့်နေတဲ့ ဘုရင်နဲ့
မှူးကြီးမတ်ရာလို နိုင်ငံတော် သမ္မတကြီးနဲ့ လွှတ်တော် အမတ်တွေကစောင့်ကြည့်နေတဲ့ မျိုးစောင့်ဥပဒေ
အဖြေက ဘာလဲ ဘယ်လဲ။
ပီတိ(ပေကြီး)
No comments:
Post a Comment