ကြို့ထိုးပျောက်စေမဲ့နည်းလမ်းကောင်း
မကြာမကြာကြို့ထိုးတတ်သူများနဲ့လေ၊အပူအစပ်၊ကိုယ်ခံအားနည်းခြင်းကြောင့်ကြို့ထိုးတတ်သူများ
အတွက် သုံးမိနစ်အတွင်းကြို့ထိုးခြင်းကိုရပ်တန့်စေနိုင်တဲ့ နည်းကောင်းလေးတစ်ခုပေးပါရစေ။
အမှတ်မထင်ကြို့ထိုးလာပြီဆိုလျှင် အစားပျက်၊အလုပ်ပျက်၊စကားပြောပျက်ရပြီး
လူပုံကြားဖြစ်နေရင် အရှက်ရစေတတ်ပါတယ်။ ကြို့ထိုးခြင်းမှာ
ကြို့ငယ်ထိုးခြင်း၊ကြို့ကြီးထိုးခြင်းဟူ၍နှစ်မျိုးရှိပါတယ်။
ကြို့ငယ်ဟူသည်မှာ ဖြစ်တောင့်ဖြစ်ခဲတစ်ခါတလေထိုးခြင်းမျိုးဖြစ်ပြီး၊ကြို့ကြီးထိုးခြင်းဟူသည်မှာ
နေ့စဉ် ရက်ဆက်မရပ်တော့ပဲ ရက်မှသည်လတိုင်အောင်ကြာတဲ့အထိထိုးခြင်းမျိုးဖြစ်ပါတယ်။
မည်ကဲ့သို့ထိုးသောကြို့ဖြစ်စေကာမူ စာရေးသူတင်ပြမယ့်နည်းလေးကသုံးမိနစ်အတွင်းဒိဋ္ဌပျောက်စေရ
မယ်ဆိုတာ ၀န်ခံရဲပါတယ်။ဘာကြောင့်ဆိုတော့စာရေးသူကြို့ထိုးတိုင်းအမြဲသုံးနေတဲ့နည်းလေးဖြစ်လို့ပါပဲ။
ကြို့ထိုးပြီဆိုလျှင် ထိုင်လိုက်ပါ၊ပြီးလျှင်ခြေထောက်နှစ်ဖက်ကိုရှေ့ဆင်းလိုက်ပါ။လက်နှစ်ဘက်က
ဦး ခေါင်းနောက်စေ့ပေါ်မှာတစ်ဖက်နဲ့တစ်ဖက်ယှက်တင်လိုက်ပါ။ထို့နောက်အသက်ကိုအောင့်၍ဒူးခေါင်းကိုမထောင်
စေပဲရှေ့သို့ဦးညွှတ်ခါအကြောလျှော့ထားပါ။နဖူးနှင့်ဒူးကပ်နိုင်သမျှကပ်ထားပေးပြီးလျှော့ပါ
။ ပုံမှန်အကြော လျှော့သလိုမျိုး ဦးခေါင်းကိုထောင်လိုက်ညွှတ်လိုက်မလုပ်ပဲ ။အသက်လုံးဝအောက်ထားပြီး
ဒူးနဲ့နဖူးနီးနိုင်သမျှ ဦးညွှတ်ထားပေးပါ။ပြန်ဦးမထောင်ပါနဲ့ အသက်အောင့်လို့မရတော့ပဲ
မောနေပြီဆိုမှပြန်လွှတ်လိုက်ပါ ။လွှတ် လိုက်ပြီဆိုတာနဲ့ကြို့ထိုးခြင်းတွေပါတစ်ခါတည်းလွတ်သွားပြီဆိုတာတွေ့ရပါလိမ့်မယ်။
မှတ်ချက်။ ။အသက်မအောင့်လျှင်လုံးဝမပျောက်ပါ။
(ဤနည်းလမ်းအားပြောပြပေးပါသော စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်။
ပုပ္ပါးကျေးရွာမှ အရှင်သုစိတ္တအားကျေးဇူးဆပ်ပူဇော်အပ်ပါသည်။)
ပီတိ(ပေကြီး)
No comments:
Post a Comment