ဂုဏ်တော်ရိုကျိုးသားရှိခိုး
မြင့်မိုရ်ရွှေတောင်၊မကဆောင်သော
ဂုဏ်ရောင်မိဘ - အို…မိဘ။
ချစ်ခြင်းသနား၊ ၀မ်းမြောက်အားနဲ့
တိုးပွားစိတ်မှာ၊ လျစ်လျူပါသော
``ဗြဟ္မာဒေ၀´´၊ ဂုဏ်ပုဒ်ပြတဲ့
အိုမွေးဖမိခင်- ကျေးဇူးရှင်။
စီးပွားများမြောင်၊ ဤလူ့ဘောင်ဝယ်
ထွန်းပြောင်ပါစေ၊ ``ပုဗ္ဗာဒေ၀´´
ဂုဏ်ပုဒ်ပြတဲ့ ၊ အိုမွေးဖမိခင်-ကျေးဇူးရှင်။
ဆရာတကာ ၊ ထိုများစွာတွင်
တီတာထိုင်ထ ၊ သင်ကာပြလျှက်
လက်ဦးဆရာ ၊ ``ပုဗ္ဗာစရိယ´´
ဂုဏ်ပုဒ်ပြတဲ့ ၊ အိုမွေးဖမိခင်-ကျေးဇူးရှင်။
မိဘမေတ္တာ ၊ တုံ့ပြန်စွာဖြင့်
သားသမီးမှ ၊ အဝေးကဆောင်ယူ
ကြည်ဖြူပူဇော် ၊ ခံယူထိုက်စွ
``အာဟုနေယျ´´ ၊ ဂုဏ်ပုဒ်ပြတဲ့
အိုမွေးဖမိခင်- ကျေးဇူးရှင်။
မွေးဖမိခင် ၊ ကျေးဇူးရှင်ကို
ဦးတင်ထိပ်ထား ၊ ရိုညွှတ်ထွား၍
ဂုဏ်အားမေတ္တာ ၊ လေးစားစွာဖြင့်
ဝန္ဒာရိုကျိုရိုး ၊ လက်စုံမိုးခါ
ရှိခိုးပါ၏ ။
ပီတိ(ပေကြီး)
မိုက်တယ်
ReplyDelete