
အင်တာနက်နှင့်ယနေ့ခေတ်လူငယ်များ
ပီတိ(ပေကြီး)
ယနေ့ခေတ်လူငယ်များအင်တာနက်မှာ
အတော်နစ်မွန်းနေကြတာသိသိသာသာတွေ့လာရပါတယ်။
တိုးတက်လာတဲ့ခေတ်ကြီးမှာ
အင်တာနက်ကိုဖွယ်ဖွယ်ရာရာပယ်ပယ်နယ်နယ်သုံးလာကြတာကိုအပြစ်မဆိုသာ
သော်လဲ သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေးထဲမှာ
အင်တာနက်ကထိပ်ဆုံးကပါနေတာကိုတွေ့ရပါတယ်။
ယနေ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်သတင်းအချက်အလက်ဓါတ်ပုံ ဗီဒီယို အသံဖိုင်
များကိုမိနစ်ပိုင်း အတွင်းကမ္ဘာအနှံ့ ရောက်အောင်သိအောင်ဖော်ပြနိုင်ခြင်းဟာ
အသိပိုင်းဆိုင်ရာ စီးပွားရေးဆိုင်ရာ လူမှုရေး ပ ညာရေးဆိုင်ရာ အလိုက်များစွာ
အကျိုးဖြစ်ထွန်းပါတယ်။
ကွန်ပျူတာနှင့်ပတ်သက်သည့်ဆော့ဝဲလ်များကို
လိုသလိုဖရီးဒေါင်းလုပ်ယူလို့လဲရပါတယ်။ အင်တာနက် သုံးနေသူ တစ်ယောက်အဖို့
လိုအပ်သောဆော့ဝဲလ်တော်တော်များများကို ဆိုင်မှာခွေသွားဝယ်နေစရာမလိုပဲ
အင်တာနက်မှာ အလွယ်ယူနိုင်ပါတယ်။
စာပေ၀ါသနာပါသူ တို့အနေဖြင့် လဲ
စာအုပ်တော်တော်များများကိုအင်တာနက်ကနေယူဖတ်လို့ရပါတယ်။
စာအုပ်ဝယ်ဖတ်ရင်ဈေးကြီးလို့ မ၀ယ်နိုင်သူများအတွက်
သိပ်ကောင်းပါတယ်။ ပညာရေးဆိုင်ရာများကိုလည်း
အင်တာနက်မှာသင်ယူလို့ လွယ်ကူလှပါတယ်။
အခြားသော မိမိသိလိုသည့်
အရာများကိုလဲအင်တာနက်အမေးဖြေကဏ္ဍမှာ မေးမြန်းလို့ရနေပါတယ်။ သီ ချင်းခွေများ
ဗီဒီယိုကားများကိုလဲ
အလွယ်တကူကြည့်ရူ့နိုင်ပါတယ်ဆိုင်ရာဆိုင်ရာဝက်ဆိုဒ်လေးတွေသိနေဖို့
တော့လိုအပ်ပါတယ်။ဒါကလဲ စာအုပ်ဆိုင်တွေမှာ
အင်တာနက်ဝက်ဆိုဒ်လမ်းညွှန်ဆိုတဲ့စာအုပ်တစ်အုပ်လောက်
ဝယ် ယူထားရင်ပြည့်စုံနေပါပြီ။
ဝယ် ယူထားရင်ပြည့်စုံနေပါပြီ။
ကမ္ဘာတွင်းဖြစ်ပျက်နေသည့် သတင်းအချက်လက်များ
တခဏခြင်းသိနိုင်ခဲ့သည်မှာ အသိပညာပိုတိုးတက်
လာခဲ့ပါတယ်။ အင်တာနက်ဟာ
ကမ္ဘာ့ရွာဆိုတာသိပ်မှန်ကန်ပါတယ်။ ကွန်ပျူတာတစ်လုံးရှေ့မှာထိုင်နေရုံဖြင့်
ကမ္ဘာအနှံ့ကိုလေ့လာ ကြည့်ရူ့လို့ရပါတယ။် သိလိုတာကို
Mozilla Firefox ကနေ နှိပ်ကြည့်လိုက်ရုံပါပဲ။
ယနေ့ခေတ်လူငယ်တိုင်းနီးပါအင်တာနက်ကိုသုံးနေကြပါတယ်။မြန်မာပြည်မှာအင်တာနက်တွေစတင်ခေတ်
ထလာချိန်က အင်တာနက်သုံးသူမှန်သမျှကိုတော်လိုက်တာ
လို့ထောပနာပြီးအထင်ကြီးလေးစားခဲ့ရပါတယ်။
တကယ်တမ်းဖွယ်ဖွယ်ရာရာသုံးလာကြတဲ့အခါကျ အင်တာနက်သုံးတဲ့ လူငယ်တွေကို
ရှုံ့ချရမယ့်အနေထား ပြောင်းသွားခဲ့ပါတယ်။
ဘာကြောင့်လို့ထင်သလဲ ယနေ့မြန်မာလူငယ်များ
အင်တာနက်သုံးတဲ့နေရာမှာ အစောကတင်ပြခဲ့သလို
မျိုး တိုးတက်စေမဲ့
နည်းလမ်းများကိုအသုံးချသူသိပ်နည်းလှပါတယ် သုံးလည်းမသုံးတတ်ကြပါဘူး။
အများစုမှာ
G talk နဲ့ Face book
လောက်သာအချိန်ကုန်နေတာကိုတွေ့ရပါတယ်။ Face book တောင်လူတိုင်းအသုံး
မပြုတတ်ကြပါဘူး G talk လောက်နဲ့အချိန်ကုန်နေကြပါတယ်။ G talk မှာ
အခြားသတင်းဓါတ်ပုံဗီဒီယိုတွေ
ကြည့်စရာမရှိပါဘူး။ကိုယ်နဲ့ခင်တဲ့သူတွေကကိုယ့်ဆီတကူးတကပို့ထားမှသာရပါတယ်။
သတင်းပိုင်းဆိုင်ရာတွေ အတွက်တော့ သိပ်မကောင်းလှပါဘူး ။မြန်မာလူငယ်အများစု
ကတော့ G talk တစ်ခုလောက်ပဲသုံးနေကြပါ တယ်။ ကိုယ်နဲ့မသိတဲ့
ဘယ်ကဘယ်လိုရုပ်ဘယ်လိုစိတ်ထားရှိမှန်းမသိရတဲ့လူတွေနဲ့ပြောလိုက်စလိုက်ဒီ
လောက်နဲ့ နှစ်သိမ့်နေကြပါတယ်။
ယနေ့အင်တာနက်ဆိုင်တိုင်း ကြည့်လိုက်ရင်
အမြဲလူပြည့်နေတာကိုတွေ့ရတယ်။ကျောင်းသူကျောင်း
သားကစ
အသက်ကြီးပိုင်းတွေထိသုံးနေကြပါတယ်။လူပြည့်နေတဲ့ဆိုင်ထဲဝင်ကြည့်လိုက်ရင်
``ဟိုင်း ဟိုင်း
ဘယ်ကလဲ နာမည်ဘယ်လိုခေါ်လဲ နင့်ကိုငါချစ်တယ်
ဘယ်နေရာလာတွေ့ရမလဲ ဘာရောင်ဝတ်ခဲ့မလဲ´´
ဒီလိုချက်နေကြသူတွေကြီးတွေ့ရပါတယ်။
တစ်ဆိုင်မှာတစ်ယောက်သတင်းဖတ်တာ ကြည့်တာ ဒေါင်းလုပ်တာ
တွေ့ရခဲပါတယ်။ဒါကိုကြည့်သောအားဖြင့်မြန်မာလူငယ်တွေအပြုသဘောထက်
အပျက်ဘက်ကိုဦးတည်နေတာ တွေ့ရပါတယ်…။
ကျနော့်အမြင်တင်ပြရရင် g talk
ဟာအပြင်မှာကိုယ်နဲ့တကယ်ခင်တဲ့သူတွေ မိသားစုတွေနဲ့လုပ်ငန်း
ပိုင်းဆိုင်ရာတွေလောက်သာအသုံးချသင့်တဲ့အရာတစ်ခုပါ။ mirc
နဲ့သူငယ်ချင်းရှာပြီးမိတ်ဖွဲ့စကားမပြောသင့် တော့ဘူးလို့ထင်ပါတယ်။
တစ်ခုတော့ရှိတာပေါ့ တကယ်မညာတာသေချာတဲ့ အမေးဖြေ ကဏ္ဍလိုဟာမျိုးက
တော့ကိစ္စမရှိလှဘူးလေ။စာရေးသူနဲ့စာဖတ်သူမိတ်ဖွဲ့ပြောတာမျိုးလဲထားပါတော့စာရေးသူဆိုတာနာမည်လူတိုင်း
သိ လိပ်စာလူတိုင်းသိနေတော့ညာဖို့ မရှိသလောက်ပါပဲ။
အခြားမိတ်ဆွေအသစ်ကတော့ယုံလို့မရတာအသေချာပါ။ g talk ထိုင်ချက်သူ၉၀%
ဟာလိမ်ဖို့ညာဖို့
ပျော်ဖို့လောက်ပဲ ။ ချိန်းမယ်တွေ့မယ်
အခွင့်ရသလောက်ယူမယ် ပြီးရင်တစ်ယောက်ပြောင်းမယ်ဆိုတာတွေသိပ် များနေပါတယ်။
ဒါကိုပဲမိန်းကလေးတော်တော်များများကလည်း နှစ်သက်နေကြပြန်ပါတယ်။
သူတို့ကိုယ်တိုင်က အဲလိုတစ်ယောက်ပြီး တစ်ယောက်တွဲလိုနေကြလို့ဖြစ်ပါတယ်။
လူမသိသူမသိအပြင်မှာဖြစ်ချင်တိုင်းဖြစ်လို့ရနေ
လို့ပါ။လူငယ်တွေဘ၀တန်ဖိုးမထားတတ်တော့တာ ဒီမှာလာတွေ့မြင်ရပါတယ်။
စိတ်ထားတွေအောက်တန်းမှာရောက်နေကြပါတယ်။အင်တာနက်မှာတကယ်တွေ့တကယ်ချစ်ပြီးတကယ်
ရသွားတဲ့သူတွေလဲရှိပါတယ်။ ဒါကလုံးဝကိုအနည်းစုပါ
။များသောအားဖြင့်အင်တာနက်မှာ g talk မှမဟုတ်ဘဲ
Face book တို့လိုအခြားဝက်ဆိုဒ်ပေါင်းများစွာမှာ
တွေ့ပြီးခင်တဲ့သူ ကိုလုံးဝယုံလို့မရပါဘူး။မိန်းကလေးတွေအ
ပြင်မှာတွေ့ကြပြီးကိုယ့်ဘက်က စိတ်မပါဘဲ အဓမ္မကျင့်ခံရတာမျိုး၊ အအေးထဲမှာ
ဆေးခတ်ခံလိုက်ရလို့ဘ၀ ပျက်သွားတာမျိုး တကယ်ယူပါမယ်ဆိုပြီး ခိုးပြေးခါ
ဟိုတယ်မှာ ထားခဲ့ပြီးလူရော ရွှေငွေပါအညာခံလိုက်ရတာ မျိုး
နယ်စပ်ထိခေါ်သွားပြီးရောင်းစားခံရလို့
ပြည်တန်ဆာဖြစ်သွားတာမျိုးအရမ်းများစွာတွေ့ကြုံနေကြရပါတယ်။ ဒါတွေက
စာရေးသူကြံဖန်ပြောနေတာတွေမဟုတ်ပါဘူး
တကယ်လက်တွေ့ကိုဖြစ်ပျက်ခဲ့တာတွေပါ။အချို့က
တော့ကိုယ့်ဘ၀ကိုယ်တန်ဖိုးမထားနစ်မွန်းသွားအောင်စိတ်တူကိုယ်တူ
ကာမနယ်လွန်ဖို့သက်သက်ချိန်းတွေ့ကြ တယ်လို့
ကြားသိရပါတယ်။ရင်လေးဖို့ကောင်းလှပါတယ်။
ဒါထက်ပြောဖို့ကျန်ပါသေးတယ် အချို့သော
လိုင်းခေါ်တဲ့ ပြည်တန်ဆာမများဟာ g talk နဲ့face
Book အကောင့်များဖွင့်ထားပြီး ဖောက်သည်ရှာနေကြပါတယ် ။
အကောင့်ထဲရောက်လာသမျှ ကောင်လေး
ကို ငွေပေးပြီးဆက်ဆံဖို့ဖိတ်ခေါ်တတ်ကြပါတယ်။face book
စာမျက်နှာပေါ်မှာ သူတို့ရဲ့မဖွယ်မရာပုံများတင်
ပြီးလဲစွဲဆောင်နေကြပါတယ် ။ လိုအပ်ရင် vzo
ကနေတောင်သူ့တို့ရဲ့ကိုယ် ကိုပြတယ်လို့ကြားသိရပါတယ်။
ဒီလောက်ထိဖြစ်နေတာသိပ်ကြောက်ဖို့ကောင်းနေပါပြီ။
အချို့ပြည်တန်ဆာမဟုတ်တဲ့ မိန်းကလေးများနှင့် ယောက်ျားလေးများလည်း vzo
ကနေတစ်ဦး ကိုယ်အင်္ဂါများကို တစ်ဦးပြနေကြတယ်ဆိုကြပြန်ပါတယ်။
အင်တာနက်မှာ မကောင်းတဲ့
အပြာဝက်ဆိုဒ်များစွာလဲရှိနေပါတယ် ။ လူငယ်များထိုဝက်ဆိုဒ်အတွင်း
ဝင်ရောက်ပြီး မိမိတို့ရဲ့လူပျိုစိတ်
အပျိုစိတ်တို့ကိုလုံ့ဆော် နေကြပါတယ်။ အဲဒီဝက်ဆိုဒ်များဝင်ကြည့်မိသူ
မှန်သမျှပျက်ဖို့များသွားပါပြီ ။ ၀က်ဆိုဒ်ကစိတ်တွေ
လာအောင်လုံ့ဆော်ပေးလိုက်တဲ့အခါ တွေ့တဲ့သူကိုချိန်း
ပြီး စိတ်ကိုအလိုလိုက်တတ်ကြတော့တာပါပဲ။
ဒါတွေကိုယနေ့လူကြီးပိုင်းဆိုင်ရာတွေသိဖို့ကောင်းနေပါပြီ။
ငါ့သမီးလေးငါ့သားလေး အင်တာနက်သုံးနေ
တာဆိုပြီး ချီးမကျူးလိုက်ပါနဲ့ ဘာတွက်သုံးနေတာလဲ
ဘယ်နေရာမှာသုံးနေတာလဲ ဘယ်ဝက်ဆိုဒ်မှာ သုံးနေ တာလဲ ဘ၀တိုးတက်ရေးလား
ဆုတ်ယုတ်ရေးလားဆိုတာသေချာလေ့လာကြည့်ဖို့လိုပါတယ်။ဒီလိုမှ မဟုတ်ဘဲ
တဟိုင်းဟိုင်း နဲ့ ချက်နေတာကြီးဆိုရင်တော့
ဟိုင်းဆိုတဲ့အတိုင်း ဘ၀ရောလူပါဟိုင်းကုန်ကြတော့မှာသေချာ လှပါတယ်။နောက်ဆုံး
ဟိုင်းရာကနေ လိုင်း ဖြစ်ကုန်ပါဦးမယ်။
အင်တာနက်မှာ ဘ၀တိုးတက်ရေးအတွက်
များစွာအထောက်ကူပြုတာတွေပေါပါတယ်။ဒါပေမယ့်အသုံးပြု
သူနည်းတယ်။ဘ၀ကိုနစ်မွန်းစေမယ့် အရာတွေလဲပေါပါတယ်။
အဲမှာတော့ရာနှုန်းပြည့်နီးနီးပါပဲ။ ဒါကြောင့်မိဘ
များလည်းသတိထားသင့်သလို ။
သုံးသူများလဲကိုယ့်ဘ၀ကိုယ်နှမျှောကြစေချင်ပါတယ်။နေ့စဉ်အင်တာနက်နှင့်
အချိန်ကုန်သွားကြသူများဆိုရင်
ကျန်းမာရေးလဲထိခိုက်ပြီး စီးပွားရေးလဲဆုတ်ယုတ်ပါတယ်။ အင်တာနက်ကို
ဖိုးစွဲသလိုစွဲသူများလည်း ဘ၀မှာအထီးကျန်ပြီး
စိတ်ကျရောဂါရစေပါတယ်လို့ ပညာရှင်တွေကဆိုထားပါတယ်။
အင်တာနက်သုံးရုံနဲ့စီးပွားရေးမထိခိုက်နိုင်ဘူးလို့တော့မထင်ပါနဲ့အခြားကိုမပြောသေးပါဘူးအသေးမွှားလေးတစ်ခုကိုပြောပြပါမယ်။
ရန်ကုန်မှာရှိတဲ့ကျနော့်အသိ ကောင်မလေး
တစ်ယောက်ကိုကျနော်မေးကြည့်ဖူးတယ်။ အ လုပ်လုပ်တာ ဘယ်လောက်ရလဲဆိုတော့
ငါးသောင်းတဲ့ တစ်လကိုကားခကအလုပ်သွား အလုပ်ပြန် ၄၀၀ ကုန်တယ်တဲ့
အင်တာနက်ကိုအလုပ်ပြန်အိမ်မရောက်ခင်ဝင်ထိုင်တာတစ်ရက်ကိုတစ်နာရီတဲ့ နှစ်နာရီ
သုံးနာ ရီကြာ သွားတဲ့ခါလဲရှိတယ်တဲ့ အင်တာနက်သုံးခက တစ်နာရီ ၃၀၀
အချို့ဆိုင်ဆို ၄၀၀ ရာတဲ့ ။အဲဒီတော့ သူ့ရဲ့တစ်နေ့တာ ထွက်ငွေဟာ ထားပါတော့
၇၀၀ ရာရှိတယ်။တစ်လဆိုရင်လျှော့တွက်တာတောင်မှ ၂၁၀၀၀ ရှိတယ်။ အဲတော့ကျန်တဲ့
၂၉၀၀၀နဲ့ ကိုယ်တစ်ယောက်စာထမင်းဖိုးတောင်မလောက်ဘူး အိမ်ကမိဘ တွေရှိနေ လို့
တော်သေးတာပေါ့။
ဒီလိုသာရှေ့ဆက်သွားမယ်ဆိုရင်မြန်မာတွေ
အရမ်းမချမ်းသာနိုင်ဘူး ။ရုပ်ပိုင်းရော စိတ်ပိုင်းရောစီး ပွားရေးပိုင်ရော
ဆုတ်ယုတ်လာလိမ့်မယ်။အောက်ကျနောက်ကျနေရလိမ့်မယ်ဒါကိုယနေ့လူငယ်လူကြီးမရွေးသ
တိထားသင့်ပါတယ်။
အင်တာနက်သုံးနေကြတဲ့ ကိုကို မမ ညီ ညီမ
တို့ရေ ဒါလေးတွေကိုသတိထားကြပါ။ အားလုံးကိုနှိမ်ချ
လိုလို့ရေးတာမဟုတ်ပါဘူး။ ကောင်းစေချင်လို့ပြောပြတာပါ။
ကိုယ်တိုင်လဲဒီလိုမဖြစ်အောင် ထိန်းနေရပါတယ်။
အားလုံးလည်း ကိုယ်ကျင့်သိက္ခာလေးတော့ ရှိကြပါ
အကောင်းဘက်မှာ အသုံးချကြပါလို့ပြောချင်ပါတယ်။။။
ပီတိ(ပေကြီး)
အများအတွက် အမှန်တွေရေးသားထားတာကို
ReplyDeleteကောင်းစေချင်လို့ပြောပြတာပဲ..
ရေးသင့်ပါတယ်
ယူတတ်သူများအတွက်..ရေးသားချက်တွေအားလုံး
ကောင်းမွန်ပါတယ်..