စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Monday, November 12, 2012

မုန်တိုင်းထန်သောဘ၀(ငလျင်တဲ့ဟဲ့သတိရှိစေ)

 မုန်တိုင်းထန်သောဘ၀(ငလျင်တဲ့ဟဲ့သတိရှိစေ)

အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲမှ ငလျင်ဒဏ်သင့်ဖြစ်စဉ်နှင့် ဆက်စပ်သည့်ဓါတ်ပုံများ
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်
 
 
မန်းမြန်မာဈေးချို ပလာဇာ အနောက်ဖက်တွင်ဖြစ်ပေါ်ခဲ့သော အက်ကြောင်း
နာက်ဖက်တွင်ဖြစ်ပေါ်ခဲ့သော အက်ကြောင်း
 
ငလျင်ဒဏ်ကြောင့် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ ပျက်စီးသွားသောအိမ်နှင့် ငလျင်အက်ကြောင်းများကို တွေ့ရစဉ်




မုန်တိုင်းထန်သောဘဝ
(ငလျင်တဲ့ဟဲ့သတိရှိစေ)

အိပ်ရင်းထိုင်ရင်း လုပ်ရင်းတထွေ
ကြံရင်းဖန်ရင်း သွားရင်းလူတွေ
ပြင်ဆင်ချိန်မရ ခဏမသွေ
လှုပ်ရှားရင်း  သေမင်းခေါ်နိုင်ပေ။
                                              ပီတိ(ပေကြီး)
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်း ကိုဗဟိုရ် ပြုပြီးရစ်ခ်ျတာစကေးလ် ၆.၈ အဆင့်ရှိ ငလျှင်တစ်ခု ၁၁.၁၁.၂၀၁၂နေ့နံနက် ၇နာရီ ၄၂မိနစ် ၃၇စက္ကန့်အချိန်မှာ မြန်မာနိုင်ငံအတွင်းလှုပ်ခတ်သွားပါတယ်။(နေ့လည် ၂ နာရီ တစ်ချိန်၊ ညနေ ၅း၂၀ တစ်ချိန်၊ ၁၂.၁၁.၂၀၁၂ နံနက်ပိုင်း ၁၂း၅၀ မှာလည်းတစ်ချိန် အင်အားအသင့်တင့်ရှိငလျင်များ လှုပ် ခတ်ခဲ့ပါသေးတယ်။)
ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်နဲ့ စဥ့်ကူးဘက်မှာအထိနာသွားပါတယ်။ငလျင်လှုပ် ခတ်မှုတွင်ပါဝင်ခဲ့တဲ့ တိုင်းဒေသကြီးမြို့နယ်များအ၀ှမ်းအား သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိပြီ  ပျောက်ဆုံးနေသူ ၅ ဦးကျော် အချို့ ၁၈ ဦးရှိတယ်လို့လည်းပြောကြပါတယ်။ မန္တလေးမြို့ အထင်ကရ စွယ်တော်မြတ်စေတီ၊ မဟာလောကမာရဇိန်စေတီ၊အရိပ်မထွက်စေတီတို့နဲ့ စစ်ကိုင်းအထင်ကရဘုရား များ ၊ရွှေဘိုမြို့ အထင်ကရဘုရားများနဲ့ ကျေးရွာရပ်ကွက် များမှ
ဘုရားစေတီများ စိန်ဖူးတော်မြေခခြင်း ထီးတော်မြေခခြင်း ၊ စေတီတော်ကွဲအက်ခြင်းများ။
အထင်ကရဈေးချိုတော်၊ မဟာမြတ်မုနိဘုရား နာရီစင်၊ ကျောက်မြောင်းတည်ဆောက်ဆဲ ရတ နာသိင်္ခ မြစ်ကူးတံတားပြိုပျက်ခြင်း နှင့် ငလျင်ဒဏ်သင့် မြို့နယ်များအားလုံးမှ တိုက်တာ အဆောက် အဦး များပျက်စီးကွဲအက်ခြင်း ၁၅၀ ကျော်ထိရှိတယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်လေးကိုကြုံလိုက်ရတဲ့အချိန်မှာ သတိသံဝေရမိလိုက်ပြီး အထက်ပါကဗျာလေး ကိုစာရေးသူရေးဖွဲ့ခဲ့မိခဲ့ပါတယ်။ တကယ်တော့ ကမ္ဘာအတွင်းမှာရှိနေတဲ့ သက်ရှိသတ္တ၀ါ အပါအ၀င် သက်မဲ့ ပန်းမာန်သစ်ပင် အဆောက်အဦး စတာတွေဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် အချိန်မ ရွေး ပျက်စီးဆုံးရှုံးနိုင်ပါတယ်။ ဘယ်အရာမှ တည်မြဲခြင်းမရှိဘဲအနိစ္စတရားတွေသာဖြစ်ပါတယ်။ သွား ရင်းလာရင်းနေရင်းထိုင်ရင်း လုပ်ကိုင်ရင်းဖြင့် အချိန်မရွေးအသက်သေနိုင်တယ်ဆိုတာ သတိသံဝေ ထားကြဖို့အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့်ရှေးပညာရှိတွေက လက်ရှိအချိန်ဟာ အရေးအကြီး ဆုံးလို့ ဆုံးမကြတာဖြစ်မှာပါ။
နောင်မှလုပ်မယ် နောင်မှပြင်မယ်ဆိုတာမသေချာပါဘူး။ လုပ်စရာတစ်ခုကိုလက်တွေ့လုပ် လိုက်ခြင်းကသာလျှင် သေချာမှာဖြစ်ပါတယ်။ ဆိုးမိုက်နေတဲ့သူများလည်း နောင် အသက်အရွယ်ရလာ ရင်ပြင်မှာပေါ့ ကောင်းအောင်နေမှာပေါ့ ဆိုတဲ့ဆင်ခြေတွေကိုပြင်သင့်လှပါတယ်။ နောင်အချိန်ဟာ ယခုအချိန်လောက် မသေချာတာကိုနားလည်သဘောပေါက်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို ငါမသေ လောက်သေးပါဘူး။သန်သန်မာမာရှိပါသေးတယ်လို့ ယူဆနေတဲ့သူတွေ ငလျင်ဘေးဒဏ်လို သဘာဝ ဘေးများနှင့်အမှတ်မထင်ကြုံခဲ့လျှင်  လမ်းသွားရင်းကားတိုက် ကားမှောက် သေခဲ့လျှင် ဘာမှတတ်နိုင် မှာမဟုတ်ပါဘူး။
နံနက်ခင်းက ပက်ပင်းမြင်သူ
ညနေခင်းကြ သေမင်းခေါ်ယူ
နေ့မြင်ညပျောက် တစ်ယောက်မဟူ
ငါတို့လည်း  မလွဲသေမည့်သူ။
ဆရာတော်ကြီးတွေရဲ့သံဝေဂကဗျာလေးလို နံနက်ခင်းမှာပျော်ရွှင်စွာနေပေမယ့် ညနေခင်းသေချင်သေ သွားနိုင်ပါတယ်။ သေခြင်းတရားဟူသည်မှာ ဘယ်ချိန်ဘယ်ခါရယ်လို့ တူတူတန်တန်သတ်မှတ်ထား တာမရှိပါဘူး ။ ကိုယ့်မှာရောဂါ မရှိလဲဗြုန်းကနဲ သေသွားနိုင်သလို ရောဂါသည်းသန်နေလည်း ပြန် ကောင်းချင်ကောင်းသွားတတ်ပါတယ်။
          ဒါကြောင့် မမြဲတဲ့သေချင်းတရားကို ရင်ဆိုင်နိုင်အောင်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လက်ရှိ  မသေသေးပဲ အသက်ရှင်နေတဲ့ တန်ဖိုးရှိကာလအတွင်းမှာ လူ့ကျင့်ဝတ်ငါးပါးသီလနဲ့ သံသရာ ရိက္ခာ ဒါန ဘာဝနာ အစဖြာတဲ့ကောင်းမှုတွေကို လက်မနှေးပဲပြုလုပ်သင့်လှပါတယ်။ ဒီလိုကောင်းမှုတွေပြု လုပ်ထားတဲ့သူဟာ ဘယ်ချိန်ဘယ်ခါ ဘယ်လို ဘေးရန်ကြောင့်ပဲ ဗြုန်းစားကြီးသေသေ သံသရာ အတွက် ရတက်အေးပြီး သေရမှာလုံးဝမကြောက်ပါဘူး။ ဘာကောင်းမှုရယ် မှတူတူတန်တန် မလုပ်သူ များကြ တစ်စုံတရာကြောင့်ခဏချက်ခြင်း သေပွဲဝင်လိုက်ရမည်ဆိုလျှင် သေရမှာလည်းကြောင့်သလို နောင်သံသရာအရေး စိတ်မအေးနိုင်စရာ ဘ၀တွေနာကြဦးမှာပါ။ ရရှိလာတဲ့ လူ့ဘ၀မှာ လူစင်မီ လူ တန်းစေ့ လူပီသ လူ့တန်ဖိုးတွေကို လက်လွတ်မခံရှိဖို့ လူ့ဘ၀ရဲ့ အနှစ်ဖြစ်တဲ့ ဒါန သီလ ဘာဝနာ လေးတွေကို သေချာပြီးလက်တွေ့ကျလှတဲ့ ပစ္စုပ္ပန်ကာလမှာ အရအမိတတ်အားသမျှပြုလုပ်ကြစေလို ပါတယ်။ ဒါမှ လူဖြစ်ရကျိုးနပ်ကြမှာပါ။
အသက်ရောဂါ သေချိန်ခါနှင့်
ခန္ဓာမြုပ်မြေ လားလေဂတိ
ကြိုမသိရ ငါးဌာန
မှတ်ကြသံဝေယူ
          ဆိုတဲ့ မြတ်ဗုဒ္ဓဒေသနာအတိုင်း ။ဘယ်သူမဆို (၁) အသက်ဘယ်လောက်မှာသေရမယ်။  (၂)ဘာရောဂါနဲ့သေရမယ်။(၃)ဘယ်အချိန်မှာသေရမယ်။ (၄)ဘယ်သုဿာန်မှာသဂြိုလ်ရမယ်။ (၅) ဘယ်ဘ၀ကို ပြန်ရောက်ရမယ်ဆိုတာ ကြိုမသိနိုင်တဲ့အရာတွေပါ။ အချို့အသက်ကြီးမှသေတယ်။ အ ချို့အသက်ငယ်ငယ်နဲ့သေတယ်။ အချို့လည်းမွေးပြီးတာနဲ့သေတယ်။ ဘယ်အရွယ်ရယ်လို့ မပြောနိုင် ပါဘူး။ ထူပြောနေတဲ့ ရောဂါများစွာမှာလည်း ဘာရောဂါနဲ့သေရမယ်ဆိုတာ မသိနိုင်ပါဘူး။ အချိန်ဆို တာကတော့ ပိုတောင်မသိနိုင်တဲ့အရာပါ။ ဘယ်သုဿာန်မှာ မြုပ်ရမယ်ဆိုလည်းလည်းမသိ နိုင်ပါဘူး။
ဒီရွာမှာ မွေးဒီရွာမှာနေလို့ ဒီရွာမှာပဲသေရမယ်လို့တော့မထင်ပါနဲ့၊ ခရီးသွားရင်း တစ်ခုခုဖြစ်ခဲ့ ရင် ဘာမှမတတ်နိုင်ပါဘူး။ နာဂစ် လေမုန်တိုင်းကြီးတိုက်ခတ်တုန်းကဆိုကြည့် မြန်မာပြည်အထက် ပိုင်း အလယ်ပိုင်းအစရှိတဲ့နေရာတွေကလူတွေ ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေ မှာအလယ်ရောက် ခိုက် အလုပ်သွားခိုက် နဲ့တွေ့ကြုံပြီးအဲမှာ ပဲသေကြေကုန်ကြတာ။ နောက်တစ်ခု ဒီရွာမှာသေလို့ ရွာသု ဿာန်မှာ ပဲ သဂြိုလ်ရလိမ့်မယ်မထင်နဲ့ ချပ်ကြီးမှာ ဆီဘောက်ဆာရထား တွဲချော်လှဲကျပြီး မီးလောင် တုန်းကပါသွားတဲ့လူအချို့ အဲနေရာမှာပဲပြာဖြစ်သွားခဲ့ရတာနမူနာပါ။
ဒါကြောင့်လူတိုင်း အချိန်မရွေး နေရာမရွေး အသက်အရွယ်မရွေး ထနေရင်း ထနေရင်း အိပ် နေရင်း လမ်းလျှောက်ရင်း သေသွားနိုင်ပါတယ်။ အမှတ်မထင်ကြုံတွေ့နိုင်တဲ့သဘာဝဘေး အန္တရာယ် တွေကြောင့် မယုံနိုင်စရာ သေကြေပျက်စီးနိုင်ပါတယ်။ နာဂစ်တုန်းက မြန်မာပြည်မှာ ဘယ်လိုမှ ထင် မှတ်မထားဘဲ လူပေါင်းသိန်းကျော်အောင် သေကြေခဲ့ရတာ သံဝေယူသင့်သလို ရထားမှောက် ကား မှောက် ငလျင်လှုပ်ခတ် ရေကြီးလို့ အစုလိုက်အပုံလိုက် သေကြေနေတာကို လည်း ခဏတိုင်းမျက်မြင် ကိုယ်တွေ့ ကြုံနေရတာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ ဒါကြောင့် အများနည်းတူ ကိုယ်လည်း မသေသေးဘဲ သက်ရှင်နေခိုက် ခွင့်သာတုန်းယခုလက်ရှိအချိန်မှာ အချိန်နဲ့အသက်ကို တန်ဖိုးရှိစွာ အသုံးချတတ်ဖို့လိုအပ်လှပါတယ်။
ဒါမှသာ သေလွန်တဲ့အခါ ကြိုမသိနိုင်တဲ့လားရာဂတိဟာ ကောင်းသောဂတိဖြစ်လာမှာပါ။ ယနေ့ကောင်းမွန်နေသောရာသီဥတုသည် မနက်ဖန်ကြီးစွာဆိုးဝါးဖောက်ပြန်သွားနိုင်သည်ဆိုတဲ့သ ဘောထားကို နားလည်ထားသင့်ပါတယ်။ အချိန်သည် တန်ဖိုး တန်ဖိုးသည် ဘ၀ရဲ့အနှစ်ဖြစ်ဖို့အတွက် မသေခင် ကာလ အတွင်းမှာ အကောင်းဆုံးဖြစ်အောင်နေထိုင်သင့်ပါတယ်။ မနက်ဖန်ထက် သေခြင်း တရားက နီးနေသည်မှာ တွေးကြည့်လေတိုင်း သည်းခိုက်ရင်ဖိုလှပါတယ်။
တရားဖက်ပါလို့ အားတက်ဖို့ချိန်တန်ပြီ
ဘ၀တွေဆက်ခါနားလို့ရယ် သွားခဲ့ကြာရှည်
နိဗ္ဗာန်ဆီ ရည်ရွယ်လို့စိတ်ကူး
ငါးအာရုံတက်စုံနွဲပါလို့
ဤ၀ဲတွင် ဘ၀င်တုံပေါ့
ခွေကြုံခါ တဖန်နွမးရမယ်
မြန်းဖို့စိတ်ကူး….။
ဆိုတဲ့ဆုံးမ လင်္ကာလေးလို လူသားအားလုံးတရားကိုဖက်နိုင်ကြပြီး အားတက်စေလောက်တဲ့ ဘ၀အနှစ်များကိုထုတ်ယူခါအရေးကြီးဆုံး လက်ရှိပစ္စုပ္ပန်အချိန်ကိုအလဟဿဖြုန်းတီးမပစ်ပဲ။ တန်ဖိုး မဲ့များကိုလုပ်ကိုင်နေခြင်းရှောင်ကြဉ်ခါ တန်ဖိုးရှိစွာအသုံးချနေနိုင်ကြပါစေ။
ပျော်ရွှင်စိတ်ကူး ၊ ဘ၀ထူးဝယ်
စိတ်မြူးဆော်ဆော်၊ ရည်မျှော်နောင်ရေး
မနှေးဆောင်ရွက် ၊ အိမ်မက်ကမ္ဘာ
ချမ်းသာ ပြည့်စုံ ၊ ခိုလှုံချင်လည်း
မမြဲခဏ ၊ မရဏတွင်း
ဝပ်ဆင်းရတတ်၊တွေ့တတ်အန္တရယ်
များဖွယ်ဖွယ်တည်း။
အးလုံးကို ချစ်ခင်လေးစားတန်ဖိုးထားလျှက်…….
ပီတိ(ပေကြီး)



No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks