အသက်ပေါင်းများစွာရင်းပြီးရလိုက်တဲ့
လောဘပေးတဲ့ သင်္ခန်းစာ
ကျွန်းလှမြို့၊
ကျွန်းရွှေဝါကျောင်းတိုက်မှကူညီရေးကား
ပြာကျ
အရိုးပေါ်ရုပ်မပီပြင်တော့သည့်အလောင်းနှင့်မီးလောင်ပြင်မြင်ကွင်း
9.11.2012
ယနေ့စာရေးသူထံဖုန်းဝင်လာသည်။မကြားချင်တဲ့သတင်းတစ်ခု
။
စာရေးသူရဲ့ဇာတိနယ်မြေဖြစ်သော
စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့၏မြောက်ဘက်
ချပ်ကြီးဘူတာအ၀င်မိုင်တိုင်အမှတ်(၅၁၁/၈)နှင့်(၅၁၁/၁၃)ကြား
နံနက်၉း၅၀အချိန်တွင်မန္တလေးမြို့ဟောင်းဘူတာမှထထွက်ခွာလာသော
ဓါတ်ဆီ(၇)တွဲဒီဇယ်(၂)
နှစ်တွဲပါ အမှတ်(၈၀၇)အဆန်
ဆီတွဲရထားတစ်စီးဓါတ်ဆီတွဲနှစ်တွဲဘီးချော်တိမ်းမှောက်ကြောင်း
ရထားမှောက်သောကြောင့်
ဓါတ်ဆီများမှာ လယ်ကွင်းပြင်သို့
စီးဆင်းယိုဖိတ်လာရာ
ရွာသူရွာသားများက ဆီများကို ဗူးများ သံချောင်များ ခွက်များဖြင့်
အလုအယက် ခပ်ယူကြရာ
လူများအုပ်အုပ်ကျက်ကျက်ဖြစ်လာကြောင်း ထိုသို့အလုအယက် ခပ်ယူနေကြရင်း
တစ်နာရီခန့်ကြာသောအခါမီးလောင်စရာတစ်စုံတစ်ခုကြောင့် ဆီများမှာ
မီးဟုန်းဟုန်းထတောက်တော့ရာ
ဆီကိုခပ်ယူနေကြသောလူများပါလောင်ကျွမ်းသောကြောင့် လူယောက်သုံးဆယ်ဝန်းကျင်
ခန့်သေဆုံးပြီး
အယောက်တစ်ရာဝန်းကျင်မီးလောင်ဒဏ်ရာရကာ အရေးပေါ်ဆေးကုသယူနေရကြောင်းနှင့်
သေဆုံးသူများမှာ အချို့ ပြာဖြစ်သွားပြီးအရိုးသာကျန်တော့ကြောင်း
ရုပ်အလောင်းကျန်နေသောသူများမှာလဲ ဘယ်သူဘယ်ဝါမခွဲခြားနိုင်အောင်
ရုပ်ပျက်ဆင်းပျက်ဖြစ်ကြောင်း
မနက်၁၀ နာရီခန့်မှစလောင်သောမီးဟာ ညနေပိုင်းလောက်မှ
မီးငြိမ်းသွားကြောင်း
ထိန့်လန့်တုန်လှုပ်ခြောက်ချားဖွယ်ရာ ကြားသိလိုက်ရသည်။
မယုံနိုင်ဖွယ်ရာ ပူပူနွေးနွေးသတင်းတစ်ပုဒ်။
မီးလောင်ပြင်မြင်ကွင်းက
တကယ့်ပြာကျနေတဲ့လူတွေ ပြီးတော့ မီးမလောင်ကျွမ်းနိုင်တဲ့ သံပုန်းသံခွက်တွေ
သေနေသူတွေကတုံးလုံးပက်လက်အရိုးစုတစ်ပျက် ဒဏ်ရာရသူတွေက မရှု့မလှ ပုံများကို
ကြည့်ရင်စာရေးသူရဲ့ရင်ထဲစို့နစ်လာမိသလို။
အတွေးများကလည်းသံဝေဂများစွာကိုဦးတည်ခဲ့သည်။
အော်လူတွေ လူတွေ ``အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ် ´´ဆိုတာကို
မေ့ထားကြတယ်။ ´´သတိမမူ ဂူမမြင်´´ဆိုတာ
မျိုးလိုအရာရာသတိမထားစဉ်းစားချင့်ချိန် ဉာဏ်ပညာနဲ့သုံးသပ်မှုနည်းကြတယ်။
ဖြစ်ချင်တာရချင်တာ
လုပ်ချင်တာကိုပဲဖျတ်ကနဲလုပ်တတ်ကြပြီး
အလွယ်ရမယ် အလကားရမယ်ဆို ရေရှည်မတွေးအလေးမမူ
သူ့ထက်ငါပြိုင်ဆိုင်လုပ်တတ်ကြတယ်။
လုပ်သင့်မလုပ်သင့်ဖြစ်သင့်မဖြစ်သင့်ဆိုတာ မတွေးတော့ မဆင်ခြင်တတ်ကြဘူး။
ဒီအဖြစ်အပျက်လေး ကိုကောက်ချက်ချလိုက်တော့ အလွယ်ရချင်ခြင်း ရေဆာခိုခြင်း
လောဘကြီးခြင်းဆိုတဲ့အချက်တွေကို တွေ့လိုက်ရတယ်။ ဒီအချိန်မှာ
ဒီလိုစကားမျိုးမပြောသင့်ဘူးလို့ ယူဆမိပေမယ့် တကယ့်အမှန်က
ဒီလောဘဦးစီးအလွယ်ကြိုက်ခြင်းတွေကြောင့်ဆိုတာ အသေအချာဖြစ်နေလို့
သေသူအတွက်ဝမ်းနည်းနေမယ့်အစား ကျန်သူအတွက်အကျိုးရှိသင်္ခန်းစာရစေချင်လို့
ပြောလိုက်ရတာပါ။
တကယ်လို့သာ စဉ်းစားဉာဏ်ရှိကြမည်ဆိုရင်။ နံပါတ်တစ်
ဆီရထားတွဲချော်လို့ဆီတွေမှောက်တယ် မီးဘေးအန္တရယ်ဖြစ်နိုင်တယ်။
ဒီအတွက်ကြိုတင်ဘယ်လိုကာကွယ်သင့်သလဲစဉ်းစားသင့်တယ်။
နံပါတ်နှစ် ဓါတ်ဆီဖြစ်စေ ဒီဇယ်ဖြစ်စေ ဆီဆိုတဲ့အမျိုးက
မီးလောင်လွယ်တာကိုသတိထားပြီး မီးလောင်ကျွန်းစေတတ်သော
ဆေးလိပ်အနီးအနားမှာသောက်ခြင်း ၊ ဟန်းဖုန်းများ
အနီးနားမှာယူမသွားခြင်းပြုလုပ်သင့်တယ်။
ခုတော့ဒီလိုမဟုတ်ဘဲ ဟ ဆီရထားမှောက်လို့တဲ့ဟ ဖိတ်ကျကုန်တယ်ဆီတွေနှမျှောစရာ
ရှိရာဗူးခွက်တွေယူပြီးသွားခပ်ကြဆိုပြီးပြီးသူ့ထက်ငါ အလုအယက်ခပ်ယူကြတော့
မီးခြစ်ပါလာသူရှိကောင်းရှိမယ် ဟန်းဆက်ပါလာသူရှိကောင်းရှိမယ်
ဆေးလိပ်သောက်ရင်းဆီခပ်သူရှိကောင်းရှိမယ် ။နောက်ယူလာတဲ့ထဲမှာ ဗူးတွေထဲမှာက
စားဆီထည့်ထားတာ
မျိုးအစရှိတဲ့ ဆီပေါင်းရေပေါင်းများစွာထည့်အသုံးပြုထားတာတွေရှိတယ်။
ဓါတ်ဆီ၊ဒီဇယ်ဆိုတဲ့အမျိုးက
မတည့်တဲ့ဆီနဲ့တွေ့ရင်
မီးထတောက်လောင်တတ်တာ သတိထားရမယ်။ရေကြီးသုပ်ပြာခပ်ကြတော့ဘယ်သူမှ ဗူးတွေကို
ဆေးကြောလာကြမှာမဟုတ်ဘူး။
ထင်တယ်အဲဒီအချိန် သူတို့စိတ်ထဲ မီးလောင်လိမ့်မယ်ဆိုတာ
ဘယ်သူမှတွေးမိမှာမဟုတ်ဘူး။ ဆီတွေကိုမရလိုက်မှာဆိုတဲ့ပူပင်သောက၊
ဆီတွေကိုရချင်လွန်တဲ့လောဘတွေကြောင့်
ဆီခပ်ယူထည့်ဖို့ရာပဲသူတို့စိတ်ထဲမှာတွေးနေလိမ့်မယ်။
ဒါကြောင့်လဲအလုအယက်ခပ်ယူကြတာပေါ့။
ဒီတော့လောဘကြောင့်သေရတယ် ။``လောဘကြောင့်သေ
ငရဲပြည်´´ဆိုတဲ့ဆရာတော်တွေဟောတဲ့တရားအတိုင်းဆိုရင်သွားပြီ၊ ဒီလောဘကြောင့်
အသက်နှင့်ခန္ဓာပေါင်းများစွာ ပေးဆပ်လိုက်ကြရသလို
ငရဲသို့လည်းခရီးဆက်ရဦးမလားတော့မပြောတတ်။
ဘယ်အလုပ်တိုင်းမဆို ဖြစ်သင့်မဖြစ်သင့်မစဉ်းစာပဲ လောဘကိုဦးတည်
ဖြစ်ချင်တာကို အသားပေးလုပ်မိရင် ဒီမီးလောင်းပျက်စီးရခြင်းမျိုးလိုပဲ
တကယ်ကိုဘ၀တွေနာကြရလိမ့်ဦးမယ်။ ဒီတော့
တစ်ခါအမှား
ဖြစ်ရငြားလည်း
ဧကန်တစ်ခါ
မှန်ရပြန်က
စဉ်းစားဆင်ခြင်
ဉာဏ်သို့ယှဉ်
ဆိုတဲ့ပညာရှိတို့စကားလေးလို
ဒီတစ်ခါတွေ့လိုက်ရတဲ့
အမှားကြောင့်လူပေါင်းများစွာရက်အသက်တွေကိုပေးဆပ်လိုက်ရတာ ကိုသင်္ခန်းစာယူပြီး
နောင်အမှားမတွေ့ရအောင် (အချောင်ရလို)အလွယ်ရလိုတဲ့လောဘ ၊
ဖြစ်ချင်တာကိုဇွတ်လုပ်တတ်တဲ့ဗီဇ တွေကို ဖျောက်ပစ်ဖို့လိုပါပြီ။
ဆီတွေအလကားရမယ် တို့မိသားစုလေးအတွက် အသာနေရင်း ၀င်ငွေရမယ်။ ဆိုတဲ့
ပျော်စရာအတွေးဟာ ဆင်ခြင်ဉာဏ်နည်းပါးခြင်းကြောင့်
ကြေကွဲစရာမိသားစုလေးတွေဖြစ်ခဲ့ရရှာတယ်။
အလုပ်တစ်ခု
လုပ်မယ်ဆိုရင် ရလွယ်ဖြစ်လွယ်တဲ့လောဘကိုဦးမတည်သင့်ပဲ
အချောင်လိုချင်တဲ့ဆန္ဒကိုဖျောက်၊
ဖြစ်နိုင်ချေနှင့်ဖြစ်နိုင်တာကို
စဉ်းစားဆင်ခြင်၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးတည်ဖြစ်နေတာကို
အကောင်အထည်ဖော်ပြီး သုံးသပ်ချင့်ချိန်တတ်တဲ့ဉာဏ်ပညာလေးရှိသင့်တယ်ဆိုတာ
အသက်ပေါင်းများစွာပေးပြီးရလိုက်တဲ့ ဒီသင်္ခန်းစာလေးရအောင်ယူသင့်လှပါတယ်။
ဆရာတော်ကြီးတွေရဲ့
အမှားနှင့်အမှန် ဝေဖန်ခွဲခြား စုံစမ်းသူအလွန်ရှား၏
စုံစမ်းစေကာမူ အမှန်အမှား ခွဲခြားသိမြင်သူရှား၏
ခွဲခြားသိစေကာမူ အမှန်အမှားပြောနိုင်သူရှား၏
ပြောနိုင်စေဦး အမှားကိုစွန့်၍
အမှန်ကိုကျင့်သူရှား၏ ဆိုတဲ့ ဆုံးမစကားလေးတွေအတိုင်း
စာရေးသူအပါအ၀င်
လူတိုင်းဟာ အမှန်အမှား ခွဲခြားချင့်ချိန်ပြောဆို
လုပ်ကိုင်နိုင်သူအလွန်ရှားပါတယ်။ ဒါပေမယ့် မလုပ်လို့လဲမရပါဘူး။
ခွဲခြားသိမြင်နိုင်စွမ်းမရှိ လုပ်ကိုင်နိုင်စွမ်းမရှိပြန်ရင် ဒီလို
ရင်နာစရာအဖြစ်မျိုးတွေက နောက်လဲကြုံနေရဦးမှာပါ။
လောဘသည် အငတ်ကမ္ဘာကြီးကို ဖန်တီး တတ်သည်။ဆိုတဲ့ဘုရားဟောလို လောဘဦးစီးပြီး
အမှားအမှန်ဝေဖန်ပိုင်းခြားမကျင့်ကြံပဲ တရားသည်မတရားသည်မသိလုပ်ကိုင်က
သူ့ထက်ငါ ပြိုင်ဆိုင်ကြ မာန်ထောင်ကြမယ်ဆိုရင်
ကမ္ဘာအ၀ှမ်းအမြဲသွေးချောင်းစီးပြီး မငြိမ်းမချမ်းနဲ့
ငတ်ကြပြတ်ကြနဲ့နေရဦးမှာပါလားဆိုတာ သတိထားပြီးကြပြီး အချောင်ကြိုက်
အလွယ်လိုက် လောဘမိုက်ကို မွေးကြတဲ့ အကျင့်တွေဖျောက်ပယ်နိုင်ကြပါစေ။
အားလုံးကိုချစ်ခင်လေးစားလျှက်…………….
ပီတိ(ပေကြီး)
No comments:
Post a Comment