မိမနိုင်ဖမနိုင်
ပီတိ(ပေကြီး)
၁၃၇၄ ခုနှစ် သီတင်းကျွတ်လမြတ်အခါ
ကျွန်တော့်မွေးရပ်ဇာတိဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊
ပေကြီးကျေးရွာသို့တစ်ခေါက်ပြန်၍မိဘ ဘိုဘွား ဆရာသမားများကို ကန်တော့ခဲ့သည်။
ရွာ ကိုမရောက်တာကြာသောကြောင့် ရွာ၏ရှု့မ၀နိုင်သောမြင်ကွင်းများအား
သန့်စင်ကောင်းမြတ်သော ဆောင်းဦး
လေပြေများကိုရှူရှိုက်ရင်းလှည့်လှယ်ကြည့်နေခဲ့မိသည်။
ဒီနှစ်ရွာရှုခင်းသည်ခါတိုင်းနှစ်တွေကဲ့သို့
သာယာလှသည်တော့မဟုတ်၊ မိုးအလွန်ခေါင်သောကြောင့် စိမ်းမြမြမရှိလှ
လယ်ကွင်းပြင်မှစပါးပင်လေးများ
ကိုရွှေမိုးကိုမျှော်ရင်းမှိုင်ငေးနေပုံ ရေငတ်ရှာတဲ့ပုဇွန်လုံးလေး တွေ
လယ်ကန်သင်းမှ
အသက်ဝိညာဉ်မဲ့နေပုံ ရွာသူရွာသားများရဲ့မျက်နှာများက
မရွှင်မလန်း မှိုင်ငေး၍ ငြီးတီး တီးစကားသံများကိုပြောနေကြပုံကို
မြင်ရကြားရတွေ့နေရသောအခါ ကျွန်တော့်၏စိတ်သည်လည်း ခါတိုင်း အခေါက်တွေလောက်
ရွာမှာမပျော်တာ သိပ်တော့မထူးဆန်းပေ။
ဒီကြားထဲ ရွာမှာရှိတဲ့ကျောင်းနေဘက်သူငယ်ချင်းများက
မြို့မှာကျောင်းတွေတက်သင်တန်းတွေတက် သွားနေကြသည်မို့
သူငယ်ချင်းများစုံစုံလင်လင်လည်းမတွေ့ရ။ ကျွန်တော်ကတော့
နှစ်စဉ်အမြဲသီတင်းကျွတ်ရင် ရွာကိုပြန်သည်သာများသော်ငြား။
သူငယ်ချင်းများကတော့သီတင်းကျွတ်တွင် မရောက်ဖူးသောမြို့ကြီးများကို သာ
သွားရောက်လည်ပတ်ပျော်ရွှင်လေ့ရှိကြသည်။
ရွာတွင်အဘိုးတစ်ဦးထံကျွန်တော်ရောက်ခဲ့သည်။
အဘိုးတွင်ကျောင်းနေအရွယ်သားသမီးမရှိတော့ သော်ငြား
ကျွန်တော်နှင့်ညီအစ်ကိုမောင်နှမတော်စပ်သော မြေးတွေရှိသည်။ သူတို့လည်း
ရွာပြန်မလာကြ ထို့ ကြောင့်အဘိုးက
သူ့မြေးတွေနှင့်ဆက်စပ်ခါ
ယနေ့ခေတ်လူငယ်လေးတွေရဲ့အကြောင်းကို အားမလိုအားမရ စ ကားတွေဖောင်ဖွဲ့ပြောပြီး
ကျွန်တော့်ကိုလည်းဆုံးမပေးခဲ့သည်။
``အေးကွယ် ဂါရ၀တရားရှိစွာနဲ့ သီတင်းကျွတ်မှာ
မိဘဘိုးဘွား ဆရာသမားတွေကိုလာကန်တော့တာ အလွန်ယဉ်ကျေးတဲ့ အပြုအမူပဲကွယ့်
ယနေ့ခေတ်လူငယ်တိုင်းဒီအပြုအမူမျိုးမရှိကြတော့ဘူး။အဘိုးနဲ့အတူနေ
မြေးလေးတွေတောင်ပြန်မလာတာလည်းကြည့် ပြောရဆိုရခက်လိုက်တာ´´
``ဒီလိုလည်းမဟုတ်လောက်ပါဘူးအဘိုးရယ် ရွာဆိုတာက
အမြဲနေခဲ့ရတဲ့နေရာမဟုတ်လား ကျောင်း ပိတ်ရက်မရောက်ဖူးတဲ့နေရာတွေကို
သွားပါစေ´´
``အဲဒါပြောတာပေါ့ငါ့မြေးရ ဒီအကြောင်းပြချက်နဲ့ပဲ
လုပ်ချင်ရာလုပ်နေကြတာ။ ကျောင်းပိတ်ရက်တွေ အများကြီးရှိတယ်။ သီတင်းကျွတ်လို
ရက်မျိုးမှာတော့ ကိုယ့်ရွာကိုပြန်လာခဲ့ပြီး
မမေ့အပ်တဲ့ကျေးဇူးရှင်တွေကိုရိုး ရာဓလေ့မဖျက်လာရှိခိုးသင့်တာပေါ့။
ဒါမှယဉ်ကျေးသိမ်မွေ့တဲ့ကလေးတွေဖြစ်တော့မှာပေါ့။ ခုတော့ မောင်မင်း လေး
တွေကရိုင်းလွန်းတယ်ကွဲ့။
``ဟုတ် အဘိုးပြောသလိုတော့လည်း ဟုတ်တာပါပဲ ။
ငယ်စဉ်ကတည်းက မိဘတွေက အသိတရားရှိ အောင်ဆုံးမ မထားတာလည်းပါမယ်ထင်တယ်နော်
။ဒါကြောင့်အသိတရားနည်းတာပေါ့နော်။´´
``အယ် ဘယ့်နှယ်ဟုတ်ပ ငါ့မြေးရယ်
မိဘတွေမဆုံးမလို့မဟုတ်ဘူးကွယ့် ။ ဟိုးအရင်က ကလေးတွေ ဆိုးမိုက်ရင်
´မိမဆုံးမဖမဆုံးမ`
သားသမီးလို့ ဆိုခံရဆဲခံရတာ။
တကယ်လည်းမိဘတွေအဆုံးအမနည်းလို့ကွဲ့ ခုကအဲလိုမဟုတ်တော့ဘူး ။
ဆိုးမိုက်လာတာနဲ့အမျှ မိဘတွေက
စိုးရိမ်လွန်းအားကြီးလို့ ဆုံးမလိုက်တာမှ အသက်
ထွက်မတတ်ဘဲ။ဘယ်လောက်ပင်ဆုံးမပေမယ့် တိုးတက်တဲ့ခေတ်မှာ
ကိုယ်ကျင့်တရားတွေနည်းပြီး လွတ်လပ်စွာလုပ်ချင်သလိုလုပ်နေကြတာ
မိဘစကားနားမ၀င်တော့တဲ့ ။´မိမနိုင်ဖမနိုင်` လေးတွေဖြစ်ကုန်ကြ ပြီကွဲ့။
``ဘယ်လို အဘ မိမနိုင်မဖမနိုင်တွေ
အဘစကားတွေကအဆန်းပါလား´´
``ဟုတ်တယ်ငါ့မြေး ခုခေတ်သားသမီးတွေက မိဘမဆုံးမတဲ့
´မိမဆုံးမ ဖမဆုံးမ`သားသမီးမဟုတ်ဘူး
ဆုံးမစကားနားမထောင်တဲ့ဆုံးမလို့မနိုင်တော့တဲ့
´မိမနိုင်ဖမနိုင်`သားသမီးတွေကွဲ့။ငါ့မြေးတို့ခေတ်က တိုးတက်
မြန်သလိုပျက်စီးမြန်တဲ့ခေတ် ။တိုးတက်တဲ့နေရာမှာ
ကိုယ်ကျင့်တရားရယ်လို့တူတူတန်တန်တိုးတက်မလာဘဲ
ရုပ်ဝတ္ထုတွေသိပ္ပံပညာတွေအိုင်တီဆိုလားဘာလား
အေးအဲဒါတွေပဲတိုးတက်နေတာအံ့မခန်းမြန်လိုက် တဲ့ခေတ်။ ပျက်စီးပြီဆိုတော့
ရုပ်ဝတ္ထုတက် ကိုယ်ကျင့်တရားတွေကြီးပျက်တာ
ငါးပါးသီလတောင် အကြွေး ထပ်ယူ
လို့ရရင်ယူပြီးပျက်ဦးမှာကွဲ့။ ´ယုံတောင်ပြေး ခွေးမြောက်လိုက်`
ဆိုတဲ့စကားပုံကြားဖူးရဲ့လားငါ့မြေး´´
``ဟုတ်ကြားဖူးပါတယ်အဘိုး´´
``အေးခုခေတ်ကလေးတွေက အဲလိုပဲကွ
ပြောတော့တခြားလုပ်တော့တဖုံ ၊မြေးတစ်ယောက်ဆိုရင် ဟိုးအမြောက်ဘက်
ကန့်ဘလူမြို့မှာကျောင်းထားတာ သူကရွာကိုကျော်ပြီး ဟိုးတောင်ဘက်က
ရွှေဘိုမြို့ချည်း ရောက် နေတာ
ကောင်မလေးတွေနဲ့တရုန်းရုန်း ငွေကျတော့တောင်းလိုက်သမှပဲ
။သင်တန်းကြေး အဆောင် ကြေးနဲ့ ဖြုန်းလိုက်တော့
မိန်းကလေးတွေအတွက်ကြီးပဲ
ဒီလောက်ဝေးတဲ့မြို့နှစ်မြို့ကို ဆိုင်ကယ် တ၀ီဝီနဲ့သွား
နေတာ ဆီဖိုးကလည်းထိသကွဲ့။သူတို့လှည့်ကွက်သိပေမယ့်လည်း
ပြောမနိုင်ဆိုမရလက်မှိုင်ချနေရတာ။ တက္က သိုလ်ထားတာ ငွေဖြုန်းဖို့
မိန်းကလေးယောက်ျားလေးပွေရှု့ပ်ဖို့
သင်တန်းတက်ခိုင်းရသလိုဖြစ်နေတယ်။ ပညာ
ရယ်လို့လည်းဟုတ်တိပတ်တိ သင်တာမဟုတ်သလို
လိုက်စားကြတာလည်းမဟုတ်ဘူး။ဒါပေမယ့် ဒီလိုနေမှ
လည်းဘွဲ့ကရမှာ ဘွဲ့ရမှအလုပ်အတွက်အဆင်ပြေမှာဆိုတော့လည်း
ကျောက်ခဲမှန်းသိရဲ့နဲ့မျက်စိစုံမှိတ်ဝါးနေရ တာပဲဟေ့။
သွားကျိုးမှကျိုးရောပဲ။´´
``ခေတ်ကိုကပြင်လို့မရတော့ဘူးထင်ပါရဲ့အဘရယ်။
တရားဆိုတာချုပ်ချယ်မှု အပျော်ဆိုတာလွတ် လပ်မှု လို့ခံယူထားပြီး
ဆိုးသည်ကောင်းသသည်နားမလည်ဘဲပျော်ရရင်ပြီးရောလုပ်သူတွေကများတယ်´´
``ရွှေဂဲ ကြက်တူရွေး ပုံပြင်ကြားဖူးလားလူလေး´´
``ဟုတ်ပြောပြပါအဘိုး´´
``ကြက်တူရွေးလေးတစ်ကောင်ကို လူတွေက
တောထဲကနေဖမ်းလာတယ်။ရွှေရောင်လိုဝါ၀င်းပြီးချစ်စ ရာကောင်းလွန်းလို့ ရွှေဂဲလို့
အမည်ပေးထားတယ်။ ကြက်တူရွေးလေးကို တွေ့တဲ့လူတိုင်းက ရွှေဂဲရေ ရွှေဂဲလို့
ခေါ်ပြီးရွှေဂဲဆိုတဲ့ စကားလုံးလေးကိုလည်းပြောတတ်အောင်သင်ပေးထားတယ်။
သူ့ကိုရွှေဂဲရေလို့ ခေါ်ရင် သူ လည်းရွှေဂဲရေလို့ပြန်ထူးတယ်။
နောက်လူတစ်ယောက်ယောက်ကို လက်ညှိုးထိုးပြပြီး ဒါဘယ်သူလည်းလို့မေး
ရင်ကြက်တူရွေးလေးက ရွှေဂဲလို့ပဲဖြေတယ်။
လူဆိုးဖြစ်ဖြစ်လူကောင်းဖြစ်ဖြစ်ဘယ်သူ့ကို လက်ညှိုးထိုးမေးမေး ရွှေဂဲ
ရွှေဂဲလို့ပဲဖြေသတဲ့ကွဲ့´´
``ဟုတ်ဆက်ပြောပါအဘိုး´´
``အေးကြက်တူရွေးလေးရဲ့ စိတ်ထဲမှာ
ဘယ်လိုလူပဲဖြစ်ဖြစ်သူတတ်တဲ့ရွှေဂဲ လို့ပဲသတ်မှတ်ထားတယ်။
ကျန်တာသူဘာမှမတွေးတတ်မပြောတတ်ဘူး။အသိဉာဏ်မရှိဘူး။
ခုခေတ်လူငယ်တွေကလည်းဒီရွှေဂဲ ကြက်တူ ရွေးလေးလိုပဲကွဲ့။
သူတို့ရှေ့လမ်းပြ သူများတွေပျော်တာကိုကြည့်
ရှုပ်တာကိုမြင် တက္ကသိုလ်တက်တုန်းဒီအခွင့် အရေးရတာကွလို့သင်ပေးသူတွေရဲ့
ဆုံးမမှုအောက်မှာပဲ နှစ်မျှောသွားပြီး ကောင်းသည်မသိ
ဆိုးသည်မဆို ဘယ်လိုပင် မိဘဆရာတွေက ညွှန်ပြညွှန်ပြ သူတို့အဖို့ လွတ်လပ်မှုကို
အဖော်လုပ် လူ့အခွင့်အရေးကို တလွဲအ သုံးချပြီး မိုက်ချင်သလိုမိုက်
ဆော်ချင်သလိုဆော်အော်ကြောကိုလန်နေတော့တာပဲကွဲ့´´
``သွားချင်သလိုသွား စားချင်ရာစား
မိန်းမယောက်ျားပွေချင်သလိုပွေ ပျော်ပျော်နေတာကို လူ့အခွင့်အ
ရေးလို့တလွဲဆံပင်ကောင်းနေကြတာအသိပညာသိပ်နည်းကြတာတွေကမိမငဲ့ဖမငဲ့
သက်သက်ဒုက္ခရှာနေကြ တာကွဲ့။ မိဘတွေရဲ့
စကားကိုများ နားထောင်ကြမယ်ဆိုရင်
လူလိမ္မာလူရည်ချွန်လေးတွေပဲဖြစ်ပြီး လူကောင်း
များတဲ့တိုင်းပြည်အဖြစ်ပြောင်းလည်း အရာရာတိုးတက်အောင်လုပ်နိုင်တာပေါ့ကွယ်။
မိဘစကားတောင်မှ ရွှေဂဲကြက်တူ ရွေးလို တသက်မှတ်ထဲ
မှတ်ထားပြီးအမှန်ကြီးမထင်ရဘူးကွဲ့
။အချို့မိဘတွေများကျတော့လည်း အမှားကိုလမ်းညွှန်မိသွားတတ်တာရှိတယ်။
အဲဒါမျိုးကျကိုယ်ပိုင်အသိဉာဏ်ပညာနဲ့ ဆုံးဖြတ်ပြီးအမှားအမှန် ဝေဖန်ရမှာ။
``ဟုတ်ကဲ့ပါအဘိုး အဘစကားတွေကိုနားထောင်ရတာ
အကျိုးရှိလိုက်တာအဘရယ်။ အသိပညာတွေ သိပ်ရတာပဲ။´´
``အေးငါ့မြေးရဲ့ နားထောင်ရုံနဲ့အကျိုးမရှိနဲ့ဦး
ကိုယ်တိုင်မိမနိုင်ဖမနိုင် မဖြစ်အောင်ကျိုးစားပြီး ယုန် တောင်
ပြေးခွေးမြောက်လိုက် မလုပ်ဘဲ။ ရွှေဂဲကြက်တူရွေးနည်းလို အရာရာ
ကိုအမှန်လို့မထင် ပိုင်ခြားဝေ ဖန်တတ် အောင်ကျိုးစားလုပ်ကိုင်ပြောဆိုနေထိုင်
အဲလိုနေထိုင်လို့ တကယ်အကျိုးတရားရပြီဆိုမှ အကျိုးရှိ
တယ်ပြောသိလားငါ့မြေး´´
``ဟုတ်ကဲ့အဘိုး မှတ်သားလိုက်နာပါ့မယ်´´
``အေးအေး ငါ့မြေးလည်းရွာရောက်တုန်းရောက်ခိုက်
အမျိုးတွေအိမ်လည်ပတ်ရဦးမယ်မဟုတ်လား အ ချိန်သိပ်မရှိတော့ဘူး´´
``ဒါဆိုမြေးသွားတော့မယ်နော် အဘိုး အဘိုးကိုကာယကံ ၀စီကံ
မနောကံ နဲ့ပစ်မှားခဲ့ရင်မြေးကန့်တော့ ခဲ့ပါတယ်။ ခွင့်လွတ်ပေးပါ။´´
``အေးအေးခွင့်လွှတ်ပါတယ်ကွယ်..ငါ့မြေးလေးကျန်းမာပါစေ
ချမ်းသာပါစေ ဘုန်းကြီးပါစေ အသက် ရှည်ပါစေ ပညာပြည့်ဝနှလုံးလှတဲ့
သားကောင်းရတနာဖြစ်ပါစေကွယ်´´
``ပေးတဲ့ဆုနဲ့ပြည့်ရပါစေအဘိုး´´
အဘိုးဆီမှ ပြန်အလာမှာ
ကျွန်တော့်စိတ်တွေအားရကျေနပ်နေမိသည်။ ပီတိအပြုံးဖြင့် ပြုံးရင်း အဖိုးတန်
တဲ့စကားတွေကို ရွှေလိုမြတ်နိုးတန်ဖိုးထားမိသည်။ အဘပြောသလို
စကားကိုတန်ဖိုးထားတာထက် လက်တွေ့ လိုက်နာကျင့်သုံးပြီး မိမနိုင်မဖနိုင်သား
အဖြစ်မှလွတ်အောင်ကြိုးစားရမည်။ ဟုတ်သည်ကျွန်တော် မြို့ကို ပြန်ရင်
ကြိုးစားဖြစ်အောင်ကြိုးစားမည်။
ဆောင်းလေဖြူးဖြူးမြောက်လေတစ်ချက်မြူးလာသည်။
စပါးခင်းဆီမှ ရနံ့တစ်မျိုးသယ်ဆောင်ခဲ့သည်။ သို့သော် စပါးရနံ့မပါ ။
အာကာယံကောင်ကင်ဆီမှ တိမ်တိုက်များ မှိုင်းညှို့အုပ်ဆိုင်းလာသည်။
သည်းသည်းမဲမဲ ရွာ တော့မည့်ဟန်ပြနေသော်လည်း
ဖက်စွပ်မိုးမျှသာ
။ဒီမိုးလောက်ဖြင့်တော့ရွှေဝါစပါးပင်တွေခေါင်းမထောင်နိုင် လောက်
သို့ပေငြား ပဲပင်လေးများအတွက်တော့အားဖြစ်လေမှာပဲဟု
မျှော်လင့်မိသည်။ သည်လိုအရေးဝယ် မိ ဘတို့ ဘယ်လောက်ထိချွေတာစွာ
သားသမီးတွေကိုမြေထောင်မြှောက်ပေးရမည်ဆိုတာ ။ညှိုးနွမ်းနေသော စပါး
ပင်လေးများတော့သိမည်ထင်ပါသည်။
အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက် …..
ပီတိ(ပေကြီး)
19.11.2012
………………………………………………………………………………………………………………….
ကန့်ဘလူဆိုတော့ ပိတောက်ပင်ကို သိလားဗျ.။ စာလေး ဖတ်သွားတယ်ဗျို့။
ReplyDeleteThis comment has been removed by the author.
ReplyDeleteဟုတ် ပိတောက်ပင်ကို သိပါတယ်။
ReplyDeleteအုတ်ခင်း ချပ်ကြီး ဘက်ကပိတောက်ပင်လား
ကျွန်တော်က ကန့်ဘလူနယ်သားပါ။
အင်း ဥပမာ ဥပမေးယျလေးတွေနဲ့ ပညာသားပါပါ ဆုံးမချက်လေး တလေးတစားအားပေးခဲ့ပါ၏။
ReplyDelete