စာပေချစ်သူများအဖွဲ့၏ပထမဆုံးခြေလှမ်း
အဖြစ်ထုတ်ဝေလိုက်သော ``အမေရေးတဲ့ပန်းချီကားများ´´ မိဘ မေတ္တာဖွဲ့ကဗျာစာအုပ်လေးကို ၁၃၇၅
ခုနှစ်ပြာသိုလပြည့်အမေနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေလိုက်ပါပြီ။ လူသားတိုင်းတွင်အမေရှိကြသည်။ အမေကမွေးသောကြောင့်
ကျွန်ုပ်တို့အားလုံးလူသားတစ်ဦးအဖြစ် ရှင်သန် ကြီးထွားလာကြရခြင်းဖြစ်ပါသည်။ မွေးပြီးသောကလေးငယ်အား
ဘ၀ပေးအခြေနေအမျိုးမျိုးကြောင့် လမ်းဘေး ပစ်ထားခဲ့သောအမေမျိုးပင်ဖြစ်ပါစေ။ ကိုးလလွယ်
ဆယ်လဖွားအခြေရောက်ဖို့ ၀မ်းဗိုက်မှာခက်ခက်ခဲခဲပင်ပန်း ကြီးစွာလွယ်၍ရင်သွေးငယ်အား စောင့်ရှောက်ခဲ့ခြင်းတစ်ခုဖြစ်ပင်
အမေ၏ကျေးဇူးတရားက ဂုဏ်တုမနိုင်အောင် ဖြစ်ခဲ့ရသည်။
` အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့နေထိုင်ရာ
၃၁ ဘုံအလုံးစုံတွင် လူ့ပြည်လောကလူ့ဘ၀လောက် ကောင်းမြတ်သောဘုံဟူ၍မရှိသောကြောင့်ပင် အထက်နတ်ပြည်ခြောက်ထပ်
ဗြဟ္မာဘုံနှစ်ဆယ် တို့သည် အ ပျော်အားကြီးသောကြောင့်လည်းကောင်း ရပ်ပစ်ရှစ်ပါးတွင်ပါဝင်နေသောဘုံများရှိနေသောကြောင့်လည်းကောင်း
လူ့ဘုံလူ့ရွာကဲ့သို့ ရဟန်းပြုခွင့်မရှိခြင်း ။ရဟန်းသံဃာမရှိခြင်း များကြောင့် အမြတ်တရားနာကြားရမှုအားနည်းသောကြောင့်လည်းကောင်း
ကုသိုလ် ကောင်းမှုပြုခွင့် နည်းသောကြောင့် လူ့ဘုံလောက်မမွန်မြတ်ပေ။
အောက်အပါယ်လေးဘုံသည်ဒုက္ခများကြီးစွာခံစားနေရခြင်း
။ လူကဲ့သို့သောအသိဉာဏ်မရှိခြင်းကြောင့် ကုသိုကောင်းမှုပြုခွင့်နည်းခါ လူ့ဘုံလောက်မမွန်မြတ်ပေ။
လူ့ဘုံသည်ကောင်းဆိုးနှစ်တန် ရောပွန်းလျှက်ရှိရာ
လူသားများအနေဖြင့် အထက်သို့လားလိုသော် ကောင်းမှုလုပ် အောက်သို့သွားလိုသော် မကောင်းမှုလုပ်ခါ
အပျော်အပျက်၊ ပီတိ သောက ၊သုခ ဒုက္ခအားဖြင့် ကြိုက်ရာရွေးချယ် လမ်းနှစ်သွယ်သွားနိုင်သော
လမ်းစုံဖြစ်သောကြောင့်မွန်မြတ်လှပေသည်။ထို့ကြောင့်ပင် မြတ်ဗုဒ္ဓက ဒုလ္လဘတရားငါးပါးတွင်
လူ့ဘ၀ရရန်ခဲယဉ်းကြောင်းကိုထည့်ဟောထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်သွားလိုရာလမ်းကို ကြိုက်ရာရွေးချယ်ဖို့
လမ်းစုံဖြစ်သောလူ့ဘ၀သို့အရောက်ပို့ဆောင် ပေးခဲ့သောအမေ့ကျေးဇူးတရားကို အမေမရှိသူ အမေကပင်
သားသမီးကိုချောက်တွန်းခြင်း ကိုခံခဲ့ရသူများပင် ဆပ်ထိုက်လှပါတယ်။ ဒါကြောင့်အမေ့ကျေးဇူးကို
သိ ၊ပညာရှိလူလိမ္မာများဖြစ်ဖို့ရည်ရွယ်ပြီးထုတ်ဝေထားတဲ့ ကျွန်တော်များစာပေချစ်သူအဖွဲ့ရဲ့
ပထမဆုံးသောခြေလှမ်း အမေရေးတဲ့ပန်းချီကားများ မိဘမေတ္တာဖွဲ့ ကဗျာစု စာအုပ်လေးကိုမြည်းစမ်းကြည့်ကြပါစို့လား။
စာအုပ်များကို ၁၃၇၅ ခုနှစ်ပြာသိုလပြည့် မန္တလေးအမေနေ့အခန်းအနားတွင်
အထူးနှုန်းဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ပြီး။
တစ်နိုင်ငံလုံးဖြန့်ချိခြင်းအနေဖြင့် အထက်မြန်မာပြည်တွင်
-မန္တလေးရာပြည့်စာအုပ်တိုက် ၃၅လမ်း၊ ၇၂x၇၃လမ်းကြား၊မန္တလေး။ ဖုန်း-၀၂၇၇၄၂၄ နှင့်
အောက်မြန်မာပြည်
ရန်အောင်စာပေ
အမှတ်(Hံ) အထက(၁)ရန်ကင်းကျောင်းရှေ့ ၊ရန်ကုန်။ဖုန်း--၀၉၇၃၂၂၃၄၂၁ တို့မှဖြန့်ချိသွား
မှာဖြစ်ပါတယ်။
ဤစာအုပ်များမှရရှိသောငွေများအား လူသားအကျိုးပြုစာအုပ်များဆက်လက်ထုတ်ဝေခြင်းနှင့်
ပရဟိတ လုပ်ငန်းများလုပ်ဆောင်သွားခြင်း နှစ်မျိုးတည်းအတွက်သာ အသုံးချသွားမည်ဖြစ်ပါသည်။
စာပေချစ်သူများအဖွဲ့ကိုယ်သားပြု
စီစဉ်သူ -ပီတိ(ပေကြီး)
No comments:
Post a Comment