အတု အစစ်
ညီမလေးရေ…
ဒီနေ့ဆရာနေ၀င်းမြင့်ရဲ့စာပေဟောပြောပွဲ ခွေတစ်ခွေနားထောင်ဖြစ်တယ်။
ကိုနားထောင်တဲ့အထဲကပုံ ပြင်လေးတစ်ပုဒ်ကိုညီမလေးကိုသိစေချင်လို့ ပြောပြပေးမယ်နော်။ပုံပြင်ဆိုပေမယ့်
ဆရာနေ၀င်းမြင့်ရဲ့ကိုယ် တွေ့လေးဆိုရင်ပိုမှန်လိမ့်မယ်။
တစ်ရက်မိုးတွေသဲသဲမဲမဲရွာတော့ အိမ်ပေါ်ပြတင်းပေါက်ကနေအပြင်ကိုဆရာနေ၀င်းမြင့်ကြည့်နေတဲ့အ
ခါ
အထုတ်လေးတစ်ထုတ်နဲ့အဖိုးအိုကြီးတစ်ယောက်အိမ်အောက်နားမှာမိုးဝင်ခိုနေတာ တွေ့ရသတဲ့။
ဒါနဲ့ဆရာ ကအိမ်ပေါ်တက်ပြီးမိုးခိုဖို့အတန်တန်ပြောတော့ အဖိုးကြီးအိမ်ပေါ်တက်လာခဲ့တယ်။
အတိုချုပ်ပြောရရင် ညီမ လေးရယ်..အဖိုးကြီးနွမ်းနွမ်းနယ်နယ် ဆင်းရဲသူတစ်ယောက်ပါ။သူ့အထုတ်ထဲမှာစက္ကူနဲ့လုပ်ထားတဲ့
ရောင်စုံ ဖား ရုပ်လှလှလေးတွေပါတယ်။ သူကအဲအရုပ်လေးတွေကိုလိုက်ရောင်းရင်းမိုးရွာလို့မိုးခိုတာပေါ့။ဆရာက
အဖိုးရဲ့အ ကြောင်းတွေကိုမေးရင်း သနားလာတာနဲ့ အဖိုးမှာပါလာတဲ့ ဖားရုပ်မှန်သမျှဝယ်ယူထားလိုက်သတဲ့
မိုးတိတ်တော့ အဖိုးကြီးပျော်ရွှင်စွာပြန်သွားတယ်။
အဖိုးပြန်သွားတော့ ဆရာနေ၀င်းမြင့်ရဲ့အမေက
သားဘာမြင်လိုက်သလဲလို့မေးသတဲ့ ။ `ဘာမှမမြင်ပါ ဘူးအမေ အမေကဘာကိုမြင်လိုက်လို့လဲ´´ဆိုတော့`အစောကအဖိုးကြီးဆီက
သားဝယ်လိုက်တာ ဖားရုပ်လေး တွေမဟုတ်လား၊ ရောင်စုံစက္ကူလေးတွေနဲ့လုပ်ထားတာရှုချင်သဖွယ်ပါပဲ၊
တကယ်တော့ဖားဆိုတာ မိုးရွာလေ သ ဘောကျလေဖြစ်တဲ့ရေပျော်သတ္တ၀ါပဲမဟုတ်လား၊ ခုအဖိုးကြီးရောင်းတာဖားလေးတွေဖြစ်ပေမယ့်
ရေစိုမှာ ကြောက်လို့မိုးခိုရတယ်၊ရေကိုကြောက်တယ်၊ အဲဒါဖားအတုမို့ရေကြောက်တာပေါ့၊ အစစ်က
ရေမကြောက်ဘူး လောကမှာအတု အစစ်ရဲ့ကွာဟချက်ကို အမေမြင်လိုက်ရတယ်´လို့ပြောသတဲ့ ညီမလေး။
မှတ်သားဖို့ကောင်းလိုက်တာ၊ ကိုတို့လောကထဲမှာသူတော်ယောင်ဆောင်ထားတဲ့
မသူတော်တွေသိပ် များတယ်။ အခါးကိုသကာဖုံးထားတဲ့ လူတွေသိပ်ပေါတယ်ညီမလေး။ ဖားရုပ်အတုလေးတွေကို
ရောင်စုံပုံစံ အ မျိုးမျိုး ကလေးတွေလိုချင်အောင်
စွဲုဆောင်ထားပေမယ့် တကယ်တမ်းအစစ်လောက်အရည်အသွေး မရှိကြဘူး။
ဒီကနေ့ခေတ်မှာ ဟန်သာရှိ အဆန်မရှိတဲ့ လူတန်းတွေအတော်များသားလားညီမလေး၊
အချို့လူတွေ ပညာမတတ်ပေမယ့် တတ်သယောင် စီးပွားမရှိပေမယ့် ရှိသယောင် ယောင်ယောင် ယောင်ယောင်နဲ့
လူတွေကို လှည့်စားကြတယ်။ တကယ်အရေးပေါ်လာရင် ဘာကိုမှဖြေရှင်းမပေးနိုင်ကြဘူး။
အချို့ကပြောကောင်းတော့ စကားအရာ ပျားသကာနှယ်ချိုယောင်ပြ
ညာတတ်ကြတယ်။ ဒါကိုကလေး အသိ ကလေးညာဏ်လောက်ရှိသူတွေက ယုံကြည်ကြပြီး ဒုနဲ့ဒေးညာခံရ စော်ကားခံကြရတယ်။
ဒီတော့ညီမ လေး ကလေးအသိညာဏ် ကလေးအတွေး ကလေးအဆင့်တန်းကို လွတ်အောင်ကျော်ဖြတ်ပါ။ ဒါမှအညာမခံရ
မှာ။
လွတ်အောင်ကျော်ဖြတ်တယ်ဆိုတာ ကိုယ်ကိုယ်၌က
အတုယောင်မဖြစ်ဖို့တော့အရေးကြီးတယ်။ အရာ ရာစစ်စစ်မှန်မှန်နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားရလိမ့်မယ်။
ဒါမှဘေးရန်အန္တရာယ် ကိုကာကွယ်နိုင်မှာ။
စာမေးပွဲဖြေတဲ့အခါ ခိုးဖြေလို့အောင်ရင် အတုဘွဲ့ကိုရလိမ့်မယ်။
တကယ်ကျက်မှတ်လို့ အောင်မှရတဲ့ ဘွဲ့က အစစ်ဖြစ်လိမ့်မယ်။ အတုဆိုတာအများနောက်ကနေရတတ်တယ်။
ဘာလို့လဲသိလား ကိုယ့်ကိုယ်ကိုမယုံ ကြည့်လို့ မလုံ့မလဲဖြစ်တတ်လို့ပဲ။
ရောင်းတဲ့ဝယ်တဲ့နေရာမှာလည်း အတုအယောင်လုပ်ပြီး
ရောင်းဝယ်ခြင်းမလုပ်ပါနဲ့၊ အပေါ်ယံပြုံးခြင်း ထက်နှလုံးသားက လှိုက်လှိုက်လှဲလှဲဖြစ်အောင်လုပ်ပါ။
ဝတ်ကောင်းစားလှ တွေဝတ်ပြ ချယ်သနေခြင်းထက် တ ကယ်အိပ်ထဲမှာ ဖောင်းနေအောင်ကြိုးစားပါ။
တကယ့်မိုးရွာပြီဆိုမှ မိုးခိုရတဲ့ စက္ကူဖားရုပ်လေးတွေလို မဖြစ်ပါစေ နဲ့။
``အတုအယောင်ဆိုတာ အခုမှောင်နေတုန်းပဲကောင်းလိမ့်မယ်´´
ဆိုတဲ့ဒဿနလေး ကိုရေးထားဖူး တယ်။ ဟုတ်တယ်ညီမလေး ဘယ်အရာမဆို အစစ်မဟုတ်ဘဲ ဟန်ဆောင်ပန်ဆောင်လုပ်နေတာဟာ
အသိညာဏ်နဲသူ ပြောဆိုခွင့်မရသူတွေအပေါ်မှာလုပ်ချင်တိုင်းလုပ် ဂုတ်သွေးစုပ် လူ့အညွှန့်ခူးစားလို့
ရကောင်း ရပေမယ့် ပွင့်လင်းမြင်သာမှုရှိလာပြီဆိုတဲ့ တစ်နေ့ရောက်ရင် အတုယောင်တွေအဖတ်ဆည်မရအောင်
ဒုက္ခ ရောက်တော့တာပဲ။
ညီမလေးရေ…
သူခိုးဆိုတာ ညအခါမှာပဲ ခိုးတာများတယ်မဟုတ်လား၊
ဘာလို့လဲသိလား အမှောင်ကြိုက်လို့လေ၊ လပြည့်ကျော်လကွယ်ညတွေဆို သူတို့အတွက်အကောင်းဆုံးပေါ့၊
သူတို့ရဲ့ခိုးခြင်းကိစ္စကိုညအခါမှာပဲ ပြီးအောင် လုပ်တတ်ကြတယ်။ လင်းလာရင် မြင်သာမှုရှိမယ်
မြင်ရင်သူတို့နာမယ်လေ။
ခိုးလို့ရတဲ့ပစ္စည်းတွေကို သုံးတဲ့အခါမှာလည်း
ပေါ်ပေါ်တင်တင်မသုံးရဲကြဘူး။ ဖုံးကွယ်ဖုံးကွယ်နဲ့ တစ်စ တစ်စ ထုတ် မလုံ့မလဲကျီးကန်းမျက်လုံးလိုကြည့်ပြီး
သုံးရတယ်မဟုတ်လား။ အဲဒါ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို ကိုယ်တိုင်ပိတ်ပင်လိုက်ကြတာပဲလေ။
ကိုယ်ပိုင်အစစ်မဟုတ်တဲ့ အတုဖြစ်နေလို့ပေါ့။
ဥပမာတစ်ခုအနေနဲ့ ညီမလေးဟာ ရထားတဲ့ခရီးသွားမယ်
ဆိုပါတော့၊ ခရီးသွားရင်မှတ်ပုံတင်ပြပြီး လက်မှတ်ဖြတ်ရမယ်။ ကိုယ့်မှတ်ပုံတင် ပျောက်နေလို့ သူများမှတ်ပုံတင်
ငှားပြီးသွားဖြတ်ရရင် ရင်တထိတ် ထိတ် အသည်းတဖိုဖိုဖြစ်ရတယ်မဟုတ်လား။
ရမှရပါ့မလားသိများသွားရင် အတုဆိုပြီးမယုံသင်္ကာနဲပ ဖမ်းလေ မလားပေါ့။. လက်မှတ်ရခဲ့တယ်ထားဦး
ရထားစီးတဲ့အခါ လက်မှတ်စစ်တွဲစောင့်လာတိုင်း ကြောက်လန့်နေပြီး ဟို ယောင်ယောင်ဒီယောင်ယောင်
လုပ်နေရတယ်မလား။
အဲဒါ အစစ်မဟုတ်ဘဲ အတုနဲ့မို့ပေါ့ အစစ်ဆိုရင်
ဘာကိုမှကြောက်နေမှမဟုတ်ဘူး၊ လုံလုံခြုံခြုံနဲ့စိတ် သောကငြိမ်းချမ်းစွာ သွားရတာပေါ့။
ဒါကြောင့် ကို့ညီမလေး အတုထက် အစစ်ဖြစ်အောင်လုပ်ပါ၊ အပြင်ဟန် ထက်အတါင်းသဏ္ဍာန်ကောင်းအောင်လုပ်ပါ။
ခိုးယူတာထက် လုပ်ယူတာကို အားပေးပါ။ အမှောင်ထက် အလင်းကိုသာ ခိုလုံပါညီမလေး။ကိုယ်ကစစ်မှန်ရင်
ကိုယ့်လည်းစစ်မှန်တဲ့အရာတွေကအကျိုးပေးလိမ့်မယ်။
အမှောင်ကြိုက်ရင် အချောင်ရိုက်ခံရတတ်တယ်။
အတုကြိုက်ရင် အမှုမိုက်နဲ့တွေ့ရမယ်။
ကိုယ်တိုင်မသိပဲ ဟန်ဆောင်လုပ်ပြခြင်းသည်
ကိုယ့်အရှက်ကိုကိုယ်တိုင်လှန်ပြမိသကဲ့သို့
ကြီးစွာသိက္ခာကျလိမ့်မယ်။
ညီမလေးကို သိပ်ချစ်တဲ့
ကို…
ပီတိ(ပေကြီး)
No comments:
Post a Comment