စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Friday, January 3, 2014

ခေတ်နောက်ပြန်၍ တိစ္ဆာန်ကမ္ဘာကိုဖန်တီးနေကြသူများ

ခေတ်နောက်ပြန်၍ တိစ္ဆာန်ကမ္ဘာကိုဖန်တီးနေကြသူများ

          ညီမလေးရေ..
တလောကဖုန်းပြောရင်းကမ္ဘာဦးက လူတွေအကြောင်းလေးပြောဖြစ်ခဲ့တာမှတ်မိသေးလား။မင်းကွန်းဆရာတော် ကြီးရဲ့ မဟာဗုဒ္ဓ၀င်နဲ့တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်အရှင်ဇနကာဘိဝံသရဲ့ သဂြိုလ်ဘာသာဋီ ကာကျမ်းကြီးများမှာ ကမ္ဘာဖြစ်ပုံပျက်ပုံတွေကို ဖတ်ခဲ့ဖူးတယ်။
          ခုညီမလေးကို ကမ္ဘာဖြစ်ပုံပျက်ပုံကို မပြောတော့ဘဲ ကမ္ဘာဦးကလူတွေနေထိုင်မှုကို အကျဉ်းချုပ်ပြောပြ မယ်။ ဘာလို့ဒီအကြောင်းကိုပြောပြရလဲဆိုရင်ယနေ့ခေတ် မုဒိန်းအမှုတွေများလာတဲ့အကြောင်းထဲကတစ်ခုအ ပါအ၀င်ဖြစ်တဲ့ မိန်းကလေးတွေအရမ်းတိုလွန်းတာတွေဝတ်လာကြတာ sxey ကျကျဝတ်စားသွားလာနေကြတာ တွေနဲ့ ဆက်နွှယ်မှုရှိမယ်ထင်လို့ပါ။

          ဗုဒ္ဓဘာသာအလိုအရ ကမ္ဘာဦးလူသားတွေဟာ ဥပပါတ်ပဋိသန္ဓေနဲ့လူဖြစ်လာကြပြီး မိန်းမဥပဓိရုပ် ယောကျာ်းဥပဓိရုပ်ရယ်လို့အင်္ဂါရုပ်မကွဲပြားဘူးလို့ဆိုတယ်။ သူတို့မှာကျင်ကြီး ကျင်ငယ်ပေါက်တွေမပါကြဘူး တဲ့။ ဒါဖြင့်သူတို့စားတဲ့အစားအစာတွေက အညစ်အကြေးတွေဘယ်ကထုတ်လဲမေးရင် သူတို့ဟာ နွယ်ချိုတို့ အလွန်အင်မတန်အရသာရှိတဲ့ မြေဆီလွှာတို့ကိုစားရသတဲ့ ပြီးတော့စားသမျှဟာခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မီတာမင်အဖြစ်ဖြည့်သွားပြီး အညစ်အကြေးမကျန်ဘူးတဲ့။နောက်တော့ တစ်ဖြည်းဖြည်းနွယ်ချိုတွေ မြေဆီလွှာ တွေ ကုန်ခန်းလာတဲ့အတွက် အလေ့ကျပေါက်လာတဲ့ သလေးစပါးတွေကိုစားကြရသတဲ့။ သလေးစပါးတွေဟာ ဘာမှလိုလေသေးမရှိအောင် အနံ့အရသာနဲ့ပြည့်စုံနေလို့ဘာဟင်းမှမပါဘဲစားကြသတဲ့။     
          အဲလိုသလေးစပါးတွေကိုစားသောက်ကြမှ ပါစက ၀မ်းမီးမနိုင် ကမ္မဇီဝ မမျှဖြစ်ပြီး အညစ်အကြေးတွေ ဖြစ်ကျန်ကုန်တယ်။နောက်ရှေးကုသိုလ်အကျိုးပေးအတိုင်း အချို့က မိန်းမအင်္ဂါရုပ် အချို့က ယောက်ျားအင်္ဂါရုပ် တွေပေါက်လာကြပြီး ကျင်ကြီးကျင်ငယ်တွေစွန့်ရသတဲ့။ ရှေးကမ္ဘာဦးလူတွေဆိုတော့ ကိုယ်တည်းလုံးကြီးတွေ နေကြတာဘာအ၀တ်အစားမှမ၀တ်ကြဘူး ၀တ်ရကောင်းမှန်းလည်းမသိကြဘူး။ သူတို့မှာအိမ်ရယ်ဘာရယ်လို့ လည်းမရှိကြဘူး ။ဒီလိုပဲသွားလာလှုပ်ရှားနေကြတယ်။အ၀တ်အစားအဖုံးအကွယ်မရှိတော့ ဖိုလ်နဲ့မ တွေ့ကြတဲ့ အခါတစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး ကာမရာဂစိတ်တွေထကြွသောင်းကြမ်းကုန်လို့ တစ်ယောက်နဲ့ တစ်ယောက်လွန်ကျူးကုန်တာပေါ့။
          ဒီနေရာမှာချန်ထားခဲ့လို့ရပေမယ့် ဗဟုသုတအဖြစ်တစ်ခုပြောပြချင်တယ်။အဲဒါကတော့ အလေ့ကျ ပေါက်တဲ့သလေးစပါးတွေခုဘာလို့အလေ့ကျမပေါက်တော့လဲ ဘာလို့လူတွေကိုယ်တိုင်လုပ်ကိုင်စားသောက် နေရတာလဲဆိုတာပြောပြချင်တာပါ။ခုလိုဖြစ်လာရခြင်းအကြောင်းရင်းက အဲလိုအလေ့ကျပေါက်ပေါက်လာတာ ကို လိုအပ်တဲ့အချိန်မှာ ရိတ်ပြီးချက်ပြုတ်စားနေအဆင်ပြေနေပါရဲ့နဲ့ အချို့လူတွေကနေ့တိုင်းသွားမရိတ်ချင် တာနဲ့  မနက်ဖန်အတွက် တစ်လစာအတွက် တစ်နှစ်စာအတွက်ရယ်လို့ ပိုမိုရိပ်ယူလာကြသတဲ့။ဒီလိုနဲ့လော ဘရမ္မက်တွေပိုပိုတက်တက်လာပြီး ဒါကငါ့အကွက် ဒါကသူ့အကွက်ဆိုပြီးစပါးခင်းတွေပါသိမ်းယူလာကြတဲ့အ တွက်အလေ့ကျမပေါက်တော့ဘဲ ကိုယ်တိုင်ထွန်ယက်စိုက်ပျိုးစားသောက်ရတော့တာပေါ့။
          အစောကစကားလေးပြန်ဆက်ရအောင် အဲလိုတစ်ယောက်ကိုတစ်ယောက်တပ်မက်ပြီးကာမရာဂတွေ တွေ့ကရာနေရာ ကျူးလွန်လာကြလို့ အ၀တ်အစားဝတ်အရှက်ကိုကာကွယ်ဖို့ အိမ်ရာများတည်ဆောက်ဖို့ကိစ္စ တွေပေါ်ပေါက်လာခဲ့ရတာ။ ကမ္ဘာဦးခေတ်ကြီးခုပြန်ရောက်လုနီးပါးဖြစ်နေပြီးညီမလေး။ဘာလို့လဲသိလားယနေ့ ခေတ်မိန်းကလေးတွေအရှက်မရှိ ရှက်ရကောင်းမှန်းတောင်မသိ အရှက်ကိုအလှထင် ထင်ပေါ်အောင်ဖော်ချွတ် ၀တ်စားပြသလာကြတဲ့အတွက်အဲဒါကိုကြည့်မြင်ရတဲ့ ပုရိသတို့မှာလည်း အာသာငန်းငန်းရမ္မသားရည်တွေကျ စိတ်မထိန်းနိုင်တော့ပဲ အဓမ္မမှုတွေကျူးလွန်လာလိုက်ကြတာ နားမချမ်းသာစရာပါလား။
          အဆိုးဆုံးကတော့ညီမလေးရေ နိုင်ငံရုပ်မြင်သံကြားတွေကလွှင့်တဲ့ဇာတ်လမ်းတွေကလည်းပြည်တွင်း ဖြစ်ကိုအားပေးပါလို့ သူတို့ပဲပြောနေကြပြီး ကိုရီးယားတွေတရုတ်တွေနဲ့အချိန်ကုန်အောင်ပြသနေကြတယ် ။ အဲမှာမိန်းကလေးအများစုက sxey အ၀တ်အစားပိုင်းနဲ့ အရက်သေစာသောက်စား ရည်းစားသုံးလေးယောက် ထား လင်ရှိမယားရှိရဲ့နဲ့ နောက်မီးလင်းဆိုတွေကိုအတုလိုက်လာကြလို့ အမှုမိုက်တွေဖြစ်လာဖို့အကြောင်းဖန် လာတာပေါ့။ နောက်မြန်မာအလှမယ်တွေ တောင်နိုင်ငံတကာနဲ့စံမှီအောင်လို့တဲ့ ဘစ်နဲ့ဗလာစီယာလောက်  သာဝတ်ပြီး ပြိုင်ပွဲလုပ်ပေး အဲဒါကိုတစ်နိုင်ငံလုံးကြည့်နိုင်တဲ့ရုပ်သံကလွှင့် ပြနေခဲ့ပြန်တော့ကိုတို့လို စာရေးသူ တွေကပဲ အမြင်ကျဉ်းနေတယ်လို့ဆိုရတော့မယ်ထင်တယ်။ဒါပေမယ့် မတူရင်တော့မတုရဘူးတဲ့။
          ညီမလေးရေ…ခွေးနွားတိရစ္ဆာန်တွေကိုသေချာကြည့်ပါ။ သူတို့မှာအ၀တ်အစားမရှိဘူး လူတွေလောက် အသိဉာဏ်မရှိကြဘူးလူကြားလည်းနားမလည် သူကြားလည်းနားမလည် ဂုဏ်ရှိသူ မရှိသူလည်းနားမလည် ဘယ်လိုလူလူ ဘယ်လိုတိစ္ဆာန် ဆန်သူတို့နားမှာရှိနေတာ မရှိနေတာဂရုမစိုက်ဘူး ကာမအမှုကိုပြုကျင့်ကြတယ် ။တွေ့ကရာနေရာဒေသမရွေးပါပဲလား။နောက် သူ့မိခင် သူ့သားသမီး သူ့ဆွေမျိုးရယ်လို့နားမလည်ဘူး ကာမ အမှုပြုကျင့်ကြတယ်။
          ကိုယ်တို့လူတွေလည်း ခုမိန်းကလေးတွေကခေတ်နောက်ပြန်ယောက်ျားလေးတွေက ခွေးနွားတိရစ္ဆာန် အကျင့်တွေကျင့်လာကြတယ်။ ပြီးတော့ ဒီ ၂၀၁၃ ခုနှစ်မှာတင် ကိုယ့်သမီးအရင်းကို အဓမ္မပြုကျင့်တဲ့အမှု သုံးမှု မှုခင်းသတင်းတွေမှာဖတ်လိုက်ရတယ်။ တကယ်ရင်လေးတုန်လှုပ်ချောက်ချားစရာကောင်းလှတယ်ညီမလေး။ ကိုယ်ကကျူး ကိုယ့်ဒူးကိုတောင်မယုံနဲ့ဆိုတဲ့စကားသိပ်မှန်တာပဲ။ တစ်အိမ်ထဲမှာနေတဲ့ မွေးဖခင်ကျေးဇူးရှင်ကို တောင် စိတ်မချစွာနေနေရရင် အစ်ကိုတွေ မောင်တွေတောင်စိတ်မချစွာနေနေရရင် တကယ်ကို တိစ္ဆာန်ကမ္ဘာ ကြီးဖြစ်နေပြီ တိရစ္ဆာန်လူတွေဖြစ်ကုန်ပြီညီမလေး။ အရိုင်းစိတ်တွေကိုပြုပြင်ကြဖို့ လိုလာပြီ။သတိထားပြီး နေထိုင်စားသောက်ပါညီမလေး။
          တကယ်တော့ ယနေ့ခေတ် မိန်းကလေးတွေ sxeyတွေဝတ်စားလာတာဟာ ခေတ်ကိုရင်ပေါင်တန်းပြီး ခေတ်နဲ့အညီလိုက်ရောညီထွေဝတ်စားနေကြတာမဟုတ်ဘူး။ ကမ္ဘာဦးခေတ်ကိုနောက်ကြောင်းပြန်ပြီး အမိုက် အမှောင်ကမ္ဘာကြီး ဖန်တီးနေကြတာ။သွေးချောင်းစီးမဲ့ကမ္ဘာကြီးကိုဖန်တီးနေကြတာ။ အ၀တ်အစား အနေအ ထိုင်ဆင်ခြင်မယ်ဆိုရင် ပုသတွေ ဘက်ကလည်း ခွေးတိရစ္ဆာန်လို အကျင့်မျိုးတွေကျင့်တာနည်းသွားလိမ့်မယ်။
`        ကိုယ်တို့နိုင်ငံမှာပြင်စရာတွေများသားလားညီမလေးရယ်။ အဓမ္မမှုတွေနည်းသွားအောင်ကတော့နံပါတ် တစ်အ၀တ်အစား နံပါတ်နှစ် အရက်သေစာသောက်စားခြင်းနဲ့ နံပါတ်သုံး အပြာညစ်ငြမ်းကားများလုံးဝရှင်း အောင်လုပ်ရလိမ့်မယ်။ဒါတွေများများပြုမူလေ အဓမ္မမှုတွေများလေဖြစ်နေဦးမှာ။ကိုယ့်ညီမလေးအပါအ၀င်မြန် မာမိန်းကလေးတိုင်း ဘ၀ကိုရိုက်ချိုး ခူးနပ်စားခံရတဲ့သူတွေမဖြစ်စေချင်ဘူး ၊ကိုယ်ပိုင်ဘ၀ကိုယ်ပိုင်အခွင့်အရေး ကိုလွတ်လပ်စွာ ရရှိပြီး တန်ဖိုးရှိတဲ့အမျိုးကောင်းသမီးရတနာလေးတွေဖြစ်စေချင်တယ်။
          ဒါကြောင့်မကောင်းတဲ့ စိတ်မနှစ်မြို့ဖွယ်ဖြစ်တဲ့အဓမ္မမှုတွေမကြားရ မတွေ့မမြင်ရအောင် ကိုယ့်ညီမ လေးလည်းတတ်နိုင်တဲ့ဘက်ကညီညီပြောပြပေးပါ။ သတိဝီရိယနဲ့သွားလာဖို့ အစားအသောက် အနေအထိုင် ဆင်ခြင်ဖို့ မူးရစ်ဆေးဝါး ဘီယာ အရက်သေစာ မမှီဝဲဖို့sxeyကျတဲ့ အ၀တ်အစားတွေမ၀တ်ဖို့ ညီမလေးကိုယ် တိုင်ဆင်ခြင်လိုက်နာသလို ညီမခင်တဲ့သူငယ်ချင်းတွေပြောပြပေးပြီးသူတို့ခင်တဲ့သူငယ်ချင်းတွေကိုလည်းပြန် လည်ပြောပြပေးခိုင်းပါ။
          ဒါဆိုအ၀တ်အစားကမြန်မာဆန်ဆန်ပင်နီအကျီင်္ချိပ်ထဘီပဲဝတ်လို့ပြောလိုတာမဟုတ်ဘူးနော်။sxey ကျတဲ့မတိုသင့်ပဲတို မဖော်သင့်ပဲဖော်ထားတဲ့အဖော် ချွတ်အ၀တ်အစားမျိုးတွေမ၀တ်နဲ့လို့ပြောတာ ဘောင် ဘီရှည်လိုလုံလုံခြုံခြုံမျိုးတွေကို မဆိုလိုဘူး။ဘောင်းဘီရှည်ဝတ်ရတာဟာ လွတ်လပ်တယ် အရေးအကြောင်းကြုံ ရင် ပြေးလွှားဖို့အပြင်အခြားလုံခြုံစိတ်ချရတာတွေလည်းရှိတယ်။ ဒါကြောင့်ဘောင်းဘီရှည်ကိုတော့ဝတ်ပါ။  အရမ်းပျော့တဲ့အသားမှာ ကြပ်နေအောင်ချုပ်ထားတဲ့အသားကပ်ဘောင်းဘီရှည်မျိုးတော့မ၀တ်သင့်ဘူး။ အိကျီ မှားလည်း ရင်ပေါ် ချက်ပေါ် လိုဟာမျိုးတွေမဟုတ်ရင် အခြားဝတ်လို့ရပါတယ်။
          ရှေးဇာတ်ကားတစ်ကားဖြစ်တဲ့ အရိုင်းစံပါယ်ဇာတ်ကားထဲမှာ မင်းသမီးကြီး ၀ါဝါ၀င်းရွှေ ပြောတဲ့စကား တစ်ခွန်းရှိတယ် ``ရိုးရိုးလေးဝတ်တဲ့သူဟာ ဘယ်တော့မှမရိုးတော့ဘူး ဆန်းဆန်းပြားပြားဝတ်တဲ့သူကကြ တော့ ရိုးသွားတာပဲ။ ရိုးရိုးနှင့်ယဉ်ယဉ် ၀တ်စား သော်လည်း အမျိုးသမီးတွေရဲ့အလှဟာအလှပေါ်အယဉ်ဆင့် မြင်ခွင့်ရှိ ပါတယ်။´´တဲ့။
          ဒီတစ်ခါညီမလေးကိုပြောပြတဲ့အကြောင်းကတော့ ဘ၀ကိုတန်ဖိုးထားတတ်ဖို့ အ၀တ်အစားအနေအ ထိုင် အစစ ဆင်ခြင် သတိဝီရိယထားပြီးခေတ်နောက်ပြန်သူမဖြစ်ဖို့ တိရစ္ဆာန်ကမ္ဘာကိုဖန်တီးနေကြတဲ့လူ့မိစ္ဆာ တွေရဲ့ဂယက်က ရှောင်နိုင်ဖို့ သတိပေးပြောပြခဲ့တာတွေပါ။ အတူရင် မတုရဘူးနော်ညီမ။ ကိုယ့်ညီမလေးဘ၀ မြင့်မားသူ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်ပါစေ။
မပြသင့်တာပြရင် မရသင့်တဲ့အဆိုးတွေရမယ်။
ညီမလေးကိုချစ်တဲ့
ကို….
ပီတိ(ပေကြီး)



No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks