စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊
ပဇီကြီးကျေးရွာအားဖြတ်၍လွန်ခဲ့သော (၅)နှစ်ခန့်က ဖောက်လုပ်ထား ပြီးဖြစ်သည့် မန္တလေး-မြစ်ကြီးနားအမှတ်(၃)လမ်းမကြီးကို ယခင်က ပဇီကြီးကျေးရွာ၊
ရွာလယ်မှဖြတ်လျှက်လမ်းဧရိယာသတ်မှတ်ထားပြီးဖြစ်သော်လည်း ယခုအခါ ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးကျော်ခင်၊ရပ်ရွာလူကြီး ဦးသန်းထွန်း၊ဦးတင်ဆောင်တို့က
ဦးစဉ်းစားမျှော်မြင်မှုကင်းမဲ့စွာ
ရှေးဟောင်း ဘုရား ကုန်းမြေနှင့် ယာခင်း၊အိမ်ခြံများစွာတို့မျက်ဆီး ဆုံးရှုံး နစ်နာစေမှုအား
မတွေးဘဲ ရပ်ရွာ လူထု၏ သဘော တူညီမှုတစ်စုံတရာမရှိပါဘဲလျှက် မိမိတို့၏သဘောဆန္ဒအတိုင်း လမ်းသစ်ပြုလုပ်ရန်စီစဉ်နေသောကြောင့်
လမ်းပန်းဆက်သွယ်ရေး အထက်အရာရှိများအနေဖြင့် ရပ်ရွာလူထုတောင်သူများ၏ စီးပွားရေးအခြေနေအား
ငဲ့ညာသောအနေအားဖြင့် ယခင်သတ်မှတ်ထားသော ရွာလယ်လမ်းအတိုင်းသာ ပြန်လည်သတ်မှတ်စဉ်းစား
ပေးစေလိုကြောင်း မေတ္တာရပ်ခံပန်းကြားအပ်ပါသည်။
ဦးဝိသုဒ္ဓ၊ရန်ကင်းမေဒီနီနှင့်
ပဇီကြီးကျေးရွာ၊ ရွာသူရွာသားများ
No comments:
Post a Comment