စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Wednesday, February 26, 2014

ငါမုန်းတဲ့ငါ

ငါမုန်းတဲ့ငါ

တစ်ရက်တစ်ခါ
စာမရေးဖြစ်တဲ့ငါ့လက်တွေကိုမုန်းတယ်
ထိုင်းမှိုင်းပြီး အပျင်းရိနေမိတဲ့စိတ်တွေကိုမုန်းတယ်
လုပ်ချင်တာတွေများပြီ
မရေမရာမသေမချာနဲ့
ဘာမှမလုပ်ဖြစ်တဲ့ငါ့ဗီဇကိုမုန်းတယ်
လုပ်ချင်တာထက်လုပ်သင့်တာ
လုပ်သင့်တာထက်လုပ်နိုင်တာ
လုပ်နိုင်တာထက်လုပ်နေတာတွေက
အစီရင်မကျတဲ့ သတိတွေကိုမုန်းတယ်
လုပ်မယ်စိတ်ပြေးပေမယ့်
တုံ့နှေးနေတဲ့ငါ့ဝီရိယတွေကိုမုန်းတယ်
ဖြစ်ချင်တဲ့ဖြစ်စေတဲ့
ဒုတိယဘုရားဖြစ်တဲ့ငွေကို
သိုမှီးသိမ်းစည်းနိုင်အောင်
မဖာနိုင်တဲ့ ငါ့အိတ်ကပ်ကိုမုန်းတယ်
လိုတရမဖြစ်တဲ့ငါ
ရုပ်ရည်ကနောက်ကျ
ဗလက ခြူချာ
ဉာဏ်ပညာနဲခဲ့တဲ့
ငါ့အတိတ်ကံကို အထူးသဖြင့်ငါမုန်းတယ်
အတိတ်မကောင်းသရွေ့ငါခံမယ်
အနာဂတ်ကောင်းဖို့ငါလုပ်မယ်
ခိုင်မာတဲ့ခံယူချက်ကို
အကောင်ထည်မဖော်နိုင်သေးတာကို
ငါမုန်းတယ်...မုန်းတယ်...မုန်းတယ်...
ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks