စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Wednesday, April 16, 2014

နှစ်ဆန်းမေတ္တာ ပို့သစာ (၈ လုံးဖွဲ့ကဗျာများ)




နှစ်ဟောင်းကုန်နွမ်း နှစ်ဆန်းရောက်လာ
တို့သူငါများ ပို့ငြားမေတ္တာ
ဘေးဘယာကင်းကြ စမ်းမြပမာ
အေးစေကြောင်း ဆုတောင်းအခါခါ။


ပိတောက်နံ့သင်း
ထိန်ဝင်းငုဝါ
ကံ့ကော်ပွင့်ခင်း ပန်းမင်းပမာ
သူငါလှပ ရွှန်းမြဒီပါ
လွန်သန့်ရှင်း ကြည်လင်းရွှင်မျက်နှာ။

နှစ်ဟောင်းညစ်ကြေး ကင်းဝေးစေရာ
ရေစင်ပက်ဖျန်း တင့်ဆန်းအတာ
မကောင်းမှုပျက် ကောင်းမှုဆက်ရာ
ဓမ္မစမ်း ပျက်ဖျန်းအခါခါ။
နိုင်ငံလူမျိုး စီးပွားတိုးရန်
ပညာဆန်းသစ် လမ်းသစ်တက်ရန်
ဘာသာတရား လေးစားစေရန်
သူမြတ်ကျင့် ပွားဆင့်မသွေမှန်။

လွတ်လပ်မျှတ ၀မ်းဝကြရန်
အဂတိကင်းထ လျောက်ကြလမ်းမှန်
ခေါင်းဆောင်နာယက ဂုဏ်ဝညီရန်
ရှေ့ဆောင်များ တရားကျင့်လို့ရံ။

လူချင်းနတ်ချင်း အညှင်းကင်းရန်
ဆင်းရဲလိုကြ အတ္တရှောင်ပြန်
အများကောင်းကျိုး ပွားတိုးကျင့်ကြံ
ရွှေဘုံနန်း စံမြန်းပြည်ဓိဌာန်။

(၁၆.၄.၂၀၁၄ ည ၁၀း၀၀နာရီနှစ်သစ်ကိုကြိုဆိုသောအားဖြင့်ရေးဖွဲ့ပါသည်
နှစ်ဆန်းတစ်ရက်နေ့ဥပုသ်စောင့်တည်မည်ဖြစ်ပါ၍ကဗျာ ကြိုတင်ထားခြင်းဖြစ်ပါသည် တစ်ရက်နေ့အင်တာနက်လုံးဝသုံးဖြစ်မည်မဟုတ်ကြောင်းအစီရင်ခံအပ်ပါသည်။)
ချစ်ခင်လေးစားတန်ဖိုးထားလျှက်
ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks