စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Wednesday, April 16, 2014

ခွေးတစ်ကောင်ဟောင်နေသည်


လက်နဲ့ရေးတာခြေနဲ့ဖျက်တဲ့အကျင့်
မစားရအမဲသဲနဲ့ပက်တဲ့အမျိုး
ကမ္ဘာမှာ ငါသာလျှင်ဘုရင်ထင်ရော
မဆီမဆိုင်
မြင်သမျှကိုက်ချင်ကြ
ကိုယ့်ဘ၀ကိုယ့်အခြေ
ကိုယ်သေလျှင်သိလိမ့်မယ်


အိမ်ရှင်ကိုပြန်ဟောင်တဲ့ခွေး
ထမင်းကျွေးတဲ့လက်ရန်သူထင်
မာန်မူချင်နေတာသိပေမယ့်
ငါကလူ။

ရန်ကိုရန်ခြင်းမတုံ့နှင်းနှင့်
ဟောင်သည့်ခွေးမိုက် ထိုသူရိုက်က
ရိုက်သူလည်းခွေး ခွေးလည်းခွေးတဲ့
ဆရာတော့်စကား
နားထဲမှာစွဲထင်
ငါလူပီသအောင်နေရမည်။

ဤပို့သည် ကွန်ုပ်၏ကိုယ်ပိုင်စာမျက်နှာ
တွင်သာတင်ခြင်းဖြစ်သည် ပို့စ်အောက်တွင် မိမိ၏ခံစားချက်များကိုသာဦးတည်သောကွန်မန့်များမရေးစေလိုပါ ကိုယ်ပိုင်
စည်းကမ်းကိုနားလည်စေလိုပါသည်အားလုံးကိုချစ်ခင်လျှက်.
ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks