စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Monday, May 19, 2014

ကန့်ဘလူမြို့နယ်တွင်မြေသိမ်းခံတောင်သူများနှင့်လွှတ်တော်အမတ်တွေ့ဆုံပွဲကျင်းပ



စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ကန့်ဘလူမြို့နယ် ၊ငှက်ပျောတိုင်းကျေးရွာ         တွင်  ငှက်ပျောတိုင်း၊ပေကြီး၊ ခအုံးတာ၊ထောက်ရှာအိုင်ကျေးရွာများရှိ မြေသိမ်းခံတောင်သူများနှင့်လွှတ်တော်အမတ်တွေ့ဆုံပွဲအခမ်းအနား ကို ၁၁.၅.၂၀၁၄ရက်နေ့တွင်
ကျင်းပခဲ့သည်။
          အခမ်းအနားကိုကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နှင့် ဇီးကုန်းရွာ LND အဖွဲ့ချုပ်မှ ဦးဝင်းအောင်၊ဦးဇာနည်အောင်၊ကိုခင်မောင်လေး၊ကိုသိန်းသန်းစိုး၊ကိုသန်းထိုက် တို့တက်ရောက်ခဲ့ကြသည်။
          ကန့်ဘလူမြို့နယ်၊ပေကြီး၊ငှက်ပျောတိုင်း၊ခအုံးတာ၊ထောက်ရှာအိုင်ကျေးရွာများတွင် ၁၉၈၅ခုနှစ်တွင် တစ်ကြိမ်၊၁၉၉၉ခုနှစ်တွင်တစ်ကြိမ် ရိုးသားစွာလုပ်ကိုင်စားသောက်နေသောတောင်သူလယ်သမား၏ယာမြေ ၁၈၀၀၀ ဧကကျော်စစ်တပ်မှ အတင်းအဓမ္မသိမ်းစည်းခြင်းခံခဲ့ရသည်။
          ထိုသိမ်းစည်းခံမြေများအား တောင်သူများပြန်ရရေး လွှတ်တော်သို့တင်ပြနိုင်ရန်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင်နှင့်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ရှေးဦးစွာ ဒေါက်တာမြင့်နိုင်မှမိတ်ဆက်စကား ပြောအပြီးတွင် ဒေသခံတောင်သူများက အချက်အလက်တိတိကျကျဖြင့် သိမ်းစည်းခံယာမြေများနှင့်ပတ်သက် သောခံစားချက်များကိုတင်ပြကြသည်။
          ထို့နောက်ဒေါက်တာမြင့်နိုင်မှ ယာမြေများအားလုံးပြန်ရအောင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှတစ်ဆင့် လွှတ်တော်သို့တင်ပြပေးမည်ဖြစ်ကြောင်းနှင့် တောာင်သူလယ်သမား ရေးရာထဲတွင်သူ့ဘ၀ကို မြိုပ်ပြီး မရ ရအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟာ တောင် သူလယ်သမား ၇၀ရာခိုင်နှုန်းရှိကြောင်း တောင်သူလယ်သမားတွေဘ၀ကို မြင့်တင်မပေးနိုင်ရင် တိုင်းပြည် တိုးတက်မည်မဟုတ်ကြောင်း ဒါကြောင့်မရ ရအောင်လုပ်ဆောင်ပေးမည်ဟုကတိပေးကြောင်း မလုပ်နိုင်တဲ့ အရာတစ်ခုကို ကတိမပေးကြောင်း ကတိပေးပြီးသားကိုတကယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။

                      ကန့်ဘလူ-မောင်နိုင်မိုး

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks