စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Monday, May 19, 2014

ဒေါက်တာမြင့်နိုင် ကန့်ဘလူမြို့နယ် မြေသိမ်းခံတောင်သူများနှင့်တွေ့ဆုံ


ဒေါက်တာမြင့်နိုင် ကန့်ဘလူမြို့နယ် မြေသိမ်းခံတောင်သူများနှင့်တွေ့ဆုံ

          နိုင်ငံတော်သမ္မတကြီးမှ မိုးသီးနှံအမှီစစ်တပ်မှသိမ်းယူထားသော တောင်သူလယ်သမားများ၏ လယ်ယာမြေများအား ပြန်လည်ပေးအပ်ရန်မြန်ဆန်စွာရှင်းလင်းပေးစေလိုကြောင်း စာအမှတ်၁၀၇(၁)/၈/ ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကသို့  ၂၈.၂.၂၀၁၄ ရက်နေ့က တင်ပြခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူမြို့နယ်၊ပေကြီး၊ငှက်ပျောတိုင်း၊ခအုံးတာ၊ထောက်ရှာအိုင်ကျေးရွာများတွင် ၁၉၈၅ခုနှင့်၁၉၉၉ခုနှစ် တို့ကစစ်တပ်မှ ကြံစိုက်ပျိုးရန်သိမ်းထားသော မြေဧကပေါင်း ၁၈၀၀၀ကျော် မှာပြန်မရသေးကြောင်းသိရသည်။
          ထို့ကြောင့် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမြင့်နိုင်မှ ၁၁.၅.၂၀၁၄ ရက်နေ့တွင် ဒေသခံတောင် သူများအားသွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။ လေးရွာတောင်သူလယ်သမားများက  လည်း မြေသိမ်းခံရ၍ အလုပ်လက်မဲ့ဖြစ်ရပုံ  ဆင်းရဲမွဲတေစွာဘ၀ကိုဖြတ်သန်းခဲ့ရပုံ အလုပ်ရှင်ဘ၀မှ လက်လုပ်လက်စားဘ၀သို့ရောက်ရပုံ အိမ်ထောင်စု ၃၅၀ကျော်ရှိသောရွာကြီးများ  တစ်စတစ်စပျက်စီးကား  အိမ်ခြေ ၁၅၀သာ ကျန်တော့အောင် စုတ်ယုတ်ခဲ့ပုံများကိုရင်ဖွင့်ခဲ့ကြကြောင်းသိရသည်။
          ထိုအထဲပေကြီးကျေးရွာမှ ဦးရွှေလှက ``ယာမြေတွေသိမ်းတုန်းက ကျွန်တော့်ကို  မကျေနပ်ဖူးပြောလို့ ချုပ်သုံးလချခံခဲ့ရတယ်။ယာမြေတွေသိမ်းလိုက်တော့ လုပ်စားစရာဘာမှမရှိတော့ဘူး ဒီတော့ ရွာနဲ့ ဟိုးအဝေးတောကြီးများကိုတက်ပြီး သစ်ပင်တွေခုတ်ထွင်လုပ်ကိုင်စားသောက်ခဲ့ရတယ်။ ကျွန်တော့်သားတွေ ကျောင်းထားဖို့ ငွေမတတ်နိုင်တော့ဘူး ဒါကြောင့်မို့ ကိုရင်ဝတ်ပြီး  မန္တလေးမြို့ သင်္ဂဇာတိုက်က မဟာအောင်မြေ ဘုန်းတော်ကြီးသင် ဘက ကျောင်းမှာကျောင်းထားခဲ့ရတယ်။ ကျောင်းပိတ်တော့ သားကိုရင်တွေ တောထဲကိုလိုက်လာကြတယ်။ ကျောင်းဖွင့်တော့မန္တလေးကိုပြန်သွားတယ်။ ဟိုရောက်တော့ဖျားကုန်တယ် တောကငှက်ဖျားပိုးပါသွားတယ်။ ဆေးရုံကြီးတက်ကုခဲ့ပေမယ့် ငှက်ဖျားပိုးက ဦးဏှောက်ထဲရောက်သွားလို့ အငယ်ဆုံးသားကိုရင်ပျံလွန်တော်မူခဲ့တယ်´´ဟုမျက်ရည်များဝဲကာသူ၏ခံစား ချက်များကိုပြောပြပေးခဲ့သည်။
          တောင်သူများ၏ခံစားချက်များနှင့်ဖြစ်ရပ်မှန်များကို လွှတ်တော်သို့အချိန်မှီတင်ပြပေးမည်ဖြစ်ကြောင်း တောင်သူများဘက်မှာ အမြဲမားမားမတ်မတ်ရပ်တည်နေမည်ဖြစ်ကြောင်း ဒေါက်တာမြင့်နိုင်မှကတိများပေးခဲ့ကြောင်းလည်းသိရသည်။
                                                                              မောင်ဆင်ခြင်(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks