စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Monday, May 19, 2014

ကန့်ဘလူမြို့နယ် မြေသိမ်းခံတောင်သူများ သီးစားနှင့်မူလပိုင်ရှင်အိမ်ကြက်ခြင်းအိုးမဲသုတ်အတိုက်ခံနေရ




စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ကန့်ဘလူမြို့နယ်၊ ပေကြီး၊ခအုံးတာ၊ငှက်ပျောတိုင်း ၊ထောက်ရှာအိုင်ကျေးရွာ များတွင် ၁၉၈၅ခုနှစ်တွင် ကြံစိုက်ပျိုးရေးတပ်ထူထောင်ရန်ဆိုပြီးတစ်ကြိမ် ၊၁၉၉၉ခုနှစ်တွင် ကန့်ဘလူအမှတ်(၁)သကြားစက်စီမံချက်အကြောင်းပြကာ မြန်မာ့စီးပွားရေး ကော်ရေးရှင်း MEC တထပ(၂)တပ်ရင်းမှ ဗိုလ်မှူးအေးချို၊ ဗိုလ်မှူးကြည်ဝင်းတို့ဦးစီးကာ မြေဧ
ကပေါင်း၁၃၀၀၀ကျော်တစ်ကြိမ်သိမ်းယူခြင်းခံခဲ့ရသောကြောင့်တောင်သူများ မြေမဲ့ယာမဲ့ အလုပ်ကိုင်မဲ့ဖြစ်ခဲ့ရသည်။ ရပ်ရွာအနီးလုပ်စားနေရသော မြေများအတင်းအဓမ္မသိမ်းဆည်းခံရခြင်းကြောင့် ရေကြည်ရာမြက်နုရာ ရှာကြံကြရင်း ကျေးရွာများပျက်လုမတတ်ဖြစ်ခဲ့ရသည်။
၂၀၀၁ ခုနှစ်တွင်ကန့်ဘလူအမှတ်(၁)သကြားစက်ကြီးဖွင့်လှစ်ခဲ့သည်။သိမ်းထားသောမြေများအား ကုမ္မဏီများပေးထားရာ ကုမ္မဏီများကအလုပ်မဖြစ်၍ပြန်ခေါက်သွားကြရာ ၈၂၈၊၉၂၉၊ ၉၃၀၊၀တရ၊၆၂၆၊၉၃၅၊အစရှိသော စစ်တပ်ရုံးများအခြေဆိုက်ကာ ကြံစိုက်ပျိုးခိုင်းခဲ့သည်။သို့သော်မအောင်မြင် အချို့မြေများ မည်သည့်သီးနှံမှစိုက်ပျိုးခြင်းမရှိ စီမံချက်များမအောင်မြင်လျှင် မြေများပြန်လည်ပေးရမည်ဟု ဥပဒေတွင်ရှိသော်လည်း ပြန်မပေးခဲ့ စစ်တပ်များကအလုပ်မဖြစ်သောအခါ တောင်သူများအား ၃၅ရာခိုင်းနှုန်းဖြင့်  ဖြင့်သီးစားလုပ်ခွင့်ပေးခဲ့သည်။ ကြံတစ်မျိုးတည်းသာစိုက်ခွင့်ပေးသည်။အချို့မြေတစ်ဧက ကြံနှစ်တန်၊ပဲစိမ်းငုံနှစ်တင်း စစ်တပ်သို့ပေးခဲ့ရသည်။
          ၂၀၀၈ခုနှစ်တွင် သကြားဈေးမကိုက်ဟုဆိုကာ သကြားစက်တွင်ဦးစီးလုပ်ကိုင်နေသော ဗိုလ်မှူးခင်မောင်လွင်၊ ဗိုလ်မှူးတေဇ၊ ဗိုလ်မှူးမျိုးမြင့်ဦးတို့မှ တောင်သူများစိုက်သော ကြံများ စက်ရုံအသွင်းမခံခဲ့။ ကိုယ်ပိုင်ကြံကြိတ်မည်ဆိုတော့လည်းခွင့်မပြုခဲ့သောကြောင့် လူငှား၍ကြံခင်းများ ခုတ်ထွင်မီးရှို့ပစ်ခဲ့ရသည်။ အငှားစရိတ်မှာ ကြံခင်းကျဉ်းလျှင် နွားတစ်ကောင်တန်ကြေးကုန်ကျပြီး ကြံခင်းကျယ်လျှင် နွားနှစ်ကောင်ရောင်း၍ရှင်းပေးခဲ့ရသောကြောင့် ``ကျဉ်းတစ်ကောင် ကျယ်တစ်ရှည်း´´စကားပုံတွင်ခဲ့ခါ တောင်သူများမိအေးနှစ်ခါနာခဲ့ရသည်။
          ၂၀၁၃ခုနှစ် ဦးသိန်းစိန်သမ္မတလက်ထက်တွင် မြေများ ပြန်လည်ပေးခဲ့ရာ  သိမ်းဆည်းခံ မြေဧက ၁၈၀၀၀ကျော်အနက်မှ ၁၅၂၄ ဧကသာပြန်ရခဲ့သည်။မည်သို့မျှ တောင်သူဘ၀မဖူလုံ  ကျန်သောဧကပေါင်း များစွာကို  စစ်တပ်နှင့်ပေါင်းမိသော တောင်သူများထံမှငွေကိုယူကာ အစုစားသီးစားအဖြစ် လုပ်စားခါပေးကြောင်းသိရသည်။ မူလပိုင်ရှင်များမှ ပြန်ပေးဖို့တောင်းသောအခါ စစ်တပ်မှပေးပြီးပြီဖြစ်ကြောင်း သီးစားများနှင့်သာရှင်းစေလိုကြောင်း မူလပိုင်ရှင်လက်ထဲသို့မအပ်ပဲ  သီးစားဆီမှငွေယူကာအိမ်ကျက်ခြင်းအိုးမဲ သုတ်တိုက်ခြင်းခံနေရသောကြောင့် မူလပိုင်ရှင်နှင့် သီးစားအမှုတွဲမောင်း ၅၃ မှုထိမြို့နယ်တရားရုံးမှာ မြေရှင်းနေရကြောင်း ပေကြီးကျေးရွာဒေသခံတောင်သူများပြောပြချက်အရသိရသည်။
                                                                                           ပီတိ(ပေကြီး)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks