စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Sunday, June 15, 2014

မထသ



မထသ

အသက်ရဲ့သုံးဖို့တစ်ဖို့အပိုင်းအခြားကို
ယာဉ်စီးဖို့ပေးထားတယ်။
ကားပေါ်မှာငချဉ်သိပ်
လမ်းပေါ်မှာငပိသိပ်
မသိစိတ်ကမေတ္တာပို့မိ
မီးနီပြတိုင်း နာရီဝက်ကြာတတ်တာ
အကြီးမားဆုံးဘ၀အချိန် နစ်နာမှု
အဆိုပြုပြောချင်တာက
ကားတွင်းငရဲခန်းမှာ
ဆားငံရည်တွေယိုစီးကျတဲ့
အပူအအေးတိုက်ကွက်။

နားရေးကြော်ငြာပါတဲ့
အော်လီဂျင်နယ်အဲယား
တွဲထားလက်
တစ်ဖက်ကခပ်
တဖတ်ဖတ်ဘေးလူထိ
နဂါးအကြည့်နဲ့ခြိမ်းခြောက်
အရူးမီးဝိုင်းသလို
ထဘီမနိုင် အိင်္ကျီမနိုင်။

အပြစ်မဆိုလိုဘူး
ငါတို့ရဲ့အတိတ်ဝဋ်ကြွေး
မပဋာအမှုရေးပါ။

သို့သော်.....
ပြုသူအသစ် ဖြစ်သူအဟောင်း
ကောင်းကောင်းကြီးသိလိမ့်မယ်။
ပီတိ(ပေကြီး )
၁၂.၆.၂၀၁၄

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks