စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ

ရွှပေလွှာတွင် ကြော်ငြာများအခမဲ့ထည့်သွင်းနိုင်ပါသည် ဆက်သွယ်ရန် pitipaygi1@gmail.com

Saturday, June 21, 2014

လယ်ယာမြေပြဿနာများ ပြေလည်အောင်ဖြေရှင်းပေးနိုင် ခြင်းမရှိသေး


 Sat, Jun 21st, 2014

လယ်ယာမြေပြဿနာများ ပြေလည်အောင်ဖြေရှင်းပေးနိုင် ခြင်းမရှိသေးသး


20140511_091131 copy 20140511_103009 copy 20140505_220207 copy 20140505_220447 copy
ရန်ကုန် ၊ ဇွန် ၂၁ ။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အတွင်းရှိ ငှက်ပျောတိုင်၊ပေကြီးနှင့် ထောက်ရှာအိုင် ကျေးရွာ များမှ
လယ်မြေဧက ၁၃၀၀၀ ခန့်ကို ၁၉၉၉ခုနှစ်တွင် မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်မှ ကြံစိုက်ပျိုးရန် သိမ်းယူခဲ့ကြောင်း သိရှိရသည်။
လယ်မြေများကို သိမ်းယူပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဟန် မှ ရွာသားများနှင့်တွေ့ဆုံရာတွင် ကျေနပ်မှုမရှိလျှင်

ပြောဆိုတင်ပြနိုင်ကြောင်းပြေကြားခဲ့ပြီး ပြောဆိုဆွေးနွေးသူ များဖြစ်သော ဦးရွှေလှ၊ ဦးခွေးဆောင်၊ ဦးဆန်းဦး၊ ဦးစိုးဝင်း၊
ဦးကျော်ဝင်းနှင့် ဦးမြဝင်းတို့ကို ဖမ်းဆီးထောင်ချခဲ့ကြောင်း သိရသည်။
ယခုအစိုးရလက်ထက်တွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီ ၂၈ ရက်တွင် လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရန် ဆောလျင်စွာ ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော်
သို့အကြောင်းကြားစာပေးပို့ထားကြောင်း သိရှိရသည်။
လယ်ယာမြေများသိမ်းယူပြီးနောက် ကြံစိုက်ပျိုးရန်အတွက် တောင်သူများအား တစ်ဧက ကြံနှစ်တန်နှုံး သီးစားခပေးဆောင်ရန်
ပြန်လည်လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။လယ်ယာမြေများ မူလပိုင်ရှင်ထံသို့ ၂၀၁၄ခုနှစ်တွင်
ပြန်လည်ပေးဆောင်ရန် မြန်မာစီးပွားရေးဦးပိုင်လီမီတက် မှ ဗိုလ်မှူး မျိုးမြင့်ဦးက ပြောကြားခဲ့သော်လည်း ငှားရမ်းလုပ်ကိုင်နေသူများမှ
မူလပိုင်ရှင်များထံသို့ ပြန်လည်အပ်နှံခြင်း မရှိသေးကြောင်း သိရသည်။
“ဦးပိုင်က ကြံစိုက်စီမံကိန်းအတွက် သိမ်းယူတယ်။သူတို့တွေစိုက်တော့ ဖြစ်ထွန်းမရှိလို့တောင်သူတွေကို တစ်ဧက ကြံ၂တန်၊ပဲစိုက်ရင်
၂တင်း ပေးရမယ်ဆိုပြီး အငှားချပါတယ်။အဲ့လိုအငှားချတော့လည်းသူတို့နဲ့ နီးစပ်သူတွေကို သာငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။
အခုလယ်ယာမြေတွေကို မူလပိုင်ရှင်တွေကို ပြန်ပေးရမယ်လို့ ဗိုလ်မှူးမျိုးမြင့်ဦးက ပြောခဲ့ပေမယ့် မြေငှားတွေက ပြန်မပေးတော့
ပြဿနာတွေဖြစ်နေပါတယ်။ တစ်ဦးတစ်ယောက်မှလာရောက် ဖြေရှင်းပေးခြင်း မရှိပါဘူး” ဟုဒေသခံတစ်ဦးဖြစ်သူ ကိုနိုင်မိုးမှ
ပြောသည်။
လယ်မြေဧက ၁၃၀၀၀သိမ်းယူထားပြီး မူလလယ်ပိုင်ရှင်များ ထံသို့ ၁၅၄၂ ဧက သာပြန်လည်ရရှိသေးပြီး ကျန်လယ်ယာမြေများကို
သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့တင်ပြထားသော်လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
ချမ်းမင်းဟန်

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks